MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 29, 2012

ကျောက်ဝိုင်း ဆန္ဓထုတ်ဖော်မှုကြောင့် လူဝင်ခွင့်အား ယာယီရပ်ဆိုင်း၍ ပြန်လည်သုံးသပ်နေ

 လူဝင်ခွင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိသောကြောင့် မန်းကျောက်မျက်ဈေးဝင်းအတွင်းတွင် ယနေ့နံနက်က လူဦးရေ တစ်ရာ့ငါးဆယ်နီးပါးပါဝင်သော ဆန္ဒထုတ်ဖေါ်မှုတစ်ရ ပ်ဖြစ်ပွားခဲ့သည်။
‘’သဘောမတူဘူးဆိုတဲ့သူက လူနည်းစုပါ ၊ ကျနော်တို့ကလဲ သဘောထား ကောက်ခံပြီးမှ ဒီကိစ္စကို လုပ်တာပါ ၊ ပြီးတော့လဲပြီးသွားမှာပါပဲ ဘာမှမဖြစ်ပါဘူး ၊ သူတို့ဖက်ကလဲ သူတို့သဘောထားထုတ်ပြတာပဲလေ’’ဟု မန္တလေး ကျောက်မျက်ဈေးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက  ပြန်လည်ဖြေကြားသည်။ဆန္ဒထုတ်ဖေါ်မှုများဖြစ်ပေါ်လာသည့်အတွက် ၀င်ခွင့်ကဒ်ပြုလုပ်ရေးလုပ်ငန်းများအား  သက်ဆိုင်ရာလူကြီးများမှ ယာယီရပ်ဆိုင်း
ခိုင်းထားပြီး ပြန်လည်စဉ်းစားသုံးသပ်နေကြာင်း ဈေးအုပ်ချုပ်ရေးမှုးမှ ဆက်လက် ပြောဆိုသည်။
 
အဆိုပါဆန္ဒထုတ်ဖေါ်မှုမှာ ဒုတိယနေ့မြောက်ဖြစ်ပြီး ဈေးစည်ပင်အဖွဲ့မှ လူတစ်ဦး ကျပ်(၅၀၀၀)သတ်မှတ်ရာမှ စတင်ခဲ့သောပြသနာဖြစ်သည်။
 
‘’လူတစ်ဦးကို တစ်နှစ်စာဝင်ခွင့် ငါးထောင်ပဲတောင်းတောင်း ၊ တစ်ထောင်ပဲ တောင်းတောင်း ၊ တစ်ရာပဲ တောင်းတောင် ဒါဟာ အဓ္ပိပါယ်မရှိတဲ့ဟာပဲ ၊ မြန်မာတစ်ပြည်လုံး ဘယ်ဈေးမှ မတောင်းဘူး ၊ ဒီဈေးတစ်ဈေးပဲ တောင်းတာ’’ ဟု အဆိုပါ ဆန္ဒထုတ်ဖေါ် မှုတွင်ပါဝင်သော ဈေးသားတစ်ဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ပြော သည်။
 
ယခုကဲ့သို့ဆန္ဒထုတ်ဖေါ်မှုကို နောက်ရက်များတွင်လည်း ဆက်လက်လုပ်ကိုင်ဦးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ယခုကဲ့သို့ မတရားဝင် ခွင့်ကောက်ခံမှုကို သက်ဆိုင်ရာလူကြီးများက အမြန်ဆုံးရုတ်သိမ်းပေးရန်သာဆန္ဒရှိပြီး ဆူပူမှုများ ဖြစ်ပေါ်လာရန် မလို လားကြောင်းကို လည်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။



မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။