MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

၂ဝ၁၂ အတွင်း မိုးဟေကို၊ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ဇာတ်ကားအများကြီး ရိုက်ကူးနေရကြောင်း နေတိုးပြော

Share
နေတိုးကတော့ ‘ဖောရှော’ဆိုတဲ့ဗီဒီယိုကားကို ဝတ်မှုံရွှေရည်နဲ့အတူ ပြင်ဦးလွင်မှာ ရိုက်ကူးနေပါတယ်။ အဲဒီကားမှာလည်း အဆုံးသတ်မှာ မင်းသားနဲ့မင်းသမီး ညားတဲ့ ဇာတ်ရုပ်လို့ ပြောတဲ့ နေတိုးကို ကိုယ်တိုင်ပရိသတ်အနေနဲ့ဆိုရင် ဇာတ်သိမ်းမှာ ပေါင်းတာကြိုက်လား၊ မပေါင်းတာ ကြိုက်လားမေးတော့..”ကျွန်တော်ကြိုက်တာကတော့ ဇာတ်သိမ်းမှာ အပျော်နဲ့သိမ်းတာ သိပ်မကြိုက်ဘူး။ ကြည့်ပြီးရင်ထဲမှာ နက်နက်နဲနဲစွန့်လွှတ်လိုက်ရတဲ့ ဇာတ်ဝင်ခန်းမျိုး၊ အလွမ်းသီချင်းနဲ့ သိမ်း တာမျိုးတွေ ကြိုက်ခဲ့တယ်” လို့ ပြောပါတယ်။ နေတိုးက ဟိုးအရင်မင်းသားတွေ အောင်မြင်ခဲ့တဲ့ ဇာတ်တွေကို ပြန်လည် ရိုက်ကူးခဲ့တာရှိပြီး အခုအခါမှာလည်း ရိုက်ချင်ပေမယ့် မရိုက်ဖြစ်သေးတဲ့ မိုးတစ္ဆေဆိုတဲ့ ဇာတ်ကို ပြန်ရိုက်ချင်တယ်လို့ပြောပြီး အဲဒီကားကတော့ ကျော်ဟိန်း၊ ကျော်ရဲအောင်နဲ့နန္ဒာလှိုင်တို့ သရုပ်ဆောင်ခဲ့တဲ့ကားပါ။ အဲဒီကားကိုတော့
လူမင်းနဲ့ တွဲပြီး ပြန်ရိုက်ချင်တယ်လို့ ပြောပါတယ်။ ၂ဝ၁၂အတွင်းမှာတော့ မိုးဟေကို၊သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်တို့နဲ့ အများဆုံးတွဲရိုက်ဖြစ်ပြီး အိန္ဒြာကျော်ဇင်နဲ့တော့ ၃၊၄ ကားလောက် ရိုက်ဖြစ်တယ်လို့ပြောပါတယ်။ ၂ဝ၁၂ထဲမှာတော့ ရိုက်ရက်ပြည့်သွားပြီဖြစ်ပြီး သူရက်ပေးထားပေမယ့် ၂ဝ၁၃ထဲမှာလည်း ယူထားတဲ့သူတွေ ရှိတယ် လို့ နေတိုးက  ပြောပါတယ်။ ရရှိတဲ့ အောင်မြင်မှုကို ရေရှည်တည်တံ့ဖို့ အောင်မြင်မှုရဖို့ ဘယ်လိုလုပ်ရမယ်လို့ ပြောချင်လဲမေးတော့…”အဓိကကတော့ ကြိုးစားအားထုတ် မှုနဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်တယ်။ ဒီအလုပ် ကိုလုပ်ခဲ့စဉ်က ငါဒီ အလုပ်ကို မလုပ်ရရင် မနေနိုင်ဘူးဆိုမှ လုပ်တာ ကောင်းပါတယ်။ မင်းသားတစ် ယောက်ရဲ့ အခွင့် အရေး၊ နေထိုင်မှုပုံစံ၊လုပ်ပိုင်ခွင့်တွေကို အားကျပြီးလုပ်မယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူး။ အောင်မြင်မှုကို အထောက်အပံ့ပြုမှာပဲဆိုတဲ့ ငွေကြေးနဲ့ တိုက်ရိုက်ပြီး တစ်ကား မဟုတ်တစ်ကားတော့ ငြိမှာပဲဆိုတာကလည်း ရေရှည်မှာ အောင်မြင်မှုထိန်းသိမ်းဖို့ မလွယ်ဘူး။ ဒါပေမဲ့ တကယ်တမ်းမှာ ပြီးပြည့်စုံတဲ့ အောင်မြင်တဲ့ ကိုယ့်ပုံရိပ် ကို ထိန်းသိမ်းနိုင်ဖို့ ကိုယ့်ကိုတကယ့် အနုပညာသမား တစ်ယောက်အဖြစ် အသိအမှတ် ပြုဖို့ဆိုတာ ကိုယ့်ရဲ့အောင်မြင်မှုတစ်ခု ကိုထိန်းသိမ်းနိုင်တဲ့ကိုယ်ကျင့်တရား နဲ့ပတ်သက်နေတယ်လို့ ထင်တယ်။ နယ်ပယ်စုံမှာ အောင်မြင်အောင်ဘယ်လို ထိန်းလဲမေးကြည့်တော့ ကိုယ်ကျင့်တရား နဲ့ထိန်းတာတွေ့ရလို့၊ အောင်မြင်မှု ရေရှည် တည်တံ့ဖို့ဆိုရင် ကိုယ်ကျင့် တရားနဲ့ပဲ ထိန်းပါတယ်”လို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်



No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။