MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 8, 2012

တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် အား တာဝန်ရှိသူများမှ တာဝန်ယူပေးစေလို

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၄) ရက် )
တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် အားတာဝန်ရှိသူများမှ တာဝန်ယူပေးစေလို
မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၃)အရှေ့ဘက် ပေ (၁၅၀၀)ကျော်ခန့်အကွာ ကျောက်ပန်းတောင်း မိတ္ထီလာလမ်း၏ မြောက်ဘက် နေရာတွင် ဖွင့်လှစ်ထားသော ဦးမင်းသူပိုင်ဆိုင်သည့် ဆုံပွိုင့် ထမင်းဆိုင်အား လမ်းဖွင့်လှစ်ရန် ဟုအကြောင်းပြကာ တပ်မတော် ၉၆၇ GE တပ်မှဗိုလ်မှူး အောင်နိုင်ဝင်း၏ အမိန့်ဖြင့်လက်အောက်မှ တပ်မတော်သား များက (၂၈.၁၂.၂၀၁၀) ရက်နေ့ည (၁၁) နာရီ (၁၅) မိနစ်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။ မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးဖြင့် ဖျက်ဆီးခဲ့သည်။ ဆိုင်အတွင်း၌ အလုပ်သမားနှစ်ဦး အိပ်နေသည်ကို သိသိနှင့် တပ်မတော်သားများမှ မီးရှို့ဖျက်ဆီးခဲ့သည်။
အလုပ်သမားနှစ်ဦးသည် အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းကန်ထွက်ပြေးခဲ့ရသည်။ မီးရှို့နေစဉ်တွင်
တပ်မတော်သားများနှင့်အတူ မယက-ရရက အဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ မီးလောင်ဖျက်ဆီးနေမှူ့ မြင်ကွင်းကို တပ်မတော်အရာရှိများနှင့် မယက-ရရက များက ၀မ်းသာရယ်မောစွာ ကြည့်ရှု့ နေကြသည်။ ဗိုလ်မှူးအောင်နိုင်ဝင်း (လမ်းပိုင်းတာဝန်ခံ) ၊ ဒုအရာခံဗိုလ် ဆန်းဝင်း ၊ တပ်ကြပ် စိုးဝင်းဌေး တို့ကို ဆိုင်ရှင်မှ အသနားခံစာတင်ချိန်တွင် တပ်ကြပ်စိုးဝင်းဌေးအား ဆိုင်ဖျက်ဆီး မီးရှို့သူအားမေးသော် တပ်ကြပ်စိုးဝင်းဌေးမှ ဗိုလ်မှူးအောင်နိုင်ဝင်း ၏ ကားကိုလက်ညှိုးထိုးပြ ခဲ့ပါသည်။ အသနားခံစာ ကိုလည်း တပ်ကြပ်စိုးဝင်းဌေးထံသို့ တစ်ဆင့်တင်ခဲ့ရသည်။ သင်္ကြန်ပြီးချိန်တွင် တပ်ကြပ်စိုးဝင်းဌေးမှ ငါ့ကိုကြောက်ရဲ့လားဟု မေးမြန်းခဲ့ပါသည်။ ဆိုင်ဖျက်ဆီးခံရပြီး နောက်ပိုင်း ဆိုင်တွင်းပစ္စည်းများ တစ်ခုမှပြန်လည်မရရှိခဲ့ပါ ဆုံးရှုံးပျက်စီးခဲ့ပါသည်။ ၎င်းဆိုင်ကို ဖျက်ဆီးမီးရှို့ခြင်း မခံရမီ လေးလအကြာမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။မီးလောင်တိုက် အသွင်းခံရ သည့်မြေကို တပ်မတော်သားများမှ ကျွန်းပင်များစိုက်ခဲ့ပျိုးပြီး မြေနေရာကို သိမ်းဆည်းထားခဲ့သည်။ယခုထိုမြေကွက်မှ ကျွန်းပင်များရှင်သန်ကြီးထွား မှုကိုမတွေ့ရပေ။၎င်းအဖြစ်အပျက်မှာ မိတ္ထီလာမြို့တွင် သတင်း ကြီးခဲ့သော်လည်း မီးရှို့ ဖျက်ဆီးသူများကို အရေး ယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဆုံးရှုံးနစ်နာမှု့ကြေးကိုလည်း ဆိုင်ရှင်များမှ မရရှိခဲ့ပါ။ ဆိုင်ရှင်မှ ၎င်းတို့နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများမှ နစ်နာဆုံးရှုံးမှုတန်းဖိုးအား ပြန်လည်ရရှိရန် အထူးမျှော်လင့်နေပါသည်။ မင်းမဲ့စရိုက်ဆန်စွာ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ကာ အာဏာအားကိုးဖြင့် ဗိုလ်ကျနေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်ကို ပြည်သူလူထုကြီးနှင့် နိုင်ငံတကာမှ သိရှိရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၄.၅.၂၀၁၂)
ဖျက်ဆီးခြင်းမခံရမီက တွေ့မြင်ရသော ဆုံပွိုင့် စားသောက်ဆိုင်
ဖျက်ဆီးခြင်းခံရပြီးနောက် ပြာပုံဖြစ်သွားသော ဆုံပွိုင့်
ဖျက်ဆီးခြင်းခံရပြီးနောက် ပြာပုံဖြစ်သွားသော ဆုံပွိုင့်
ဆိုင်ကိုလာရောက်ဖျက်ဆီးသွားသော ဘူဒိုဇာ ကားကြီး၏ ချိန်းသွားခြေရာများ
ဆိုင်ရှင်မှ အသနားခံတင်စာမူရင်း




Burma VJ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။