MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

ခြိမ်းခြောက်ခံရခြင်းများကြောင့်မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါးသွားပြီဟု မူဆယ်ဒေသခံများပြောကြား

ကေအိုင်အေဟုဆိုကာ ကားဂိတ်များအား ခြိမ်းခြောက်ပြောဆိုထားမှုကြောင့် မူဆယ်-လားရှိုးလမ်းမကြီးတွင် အဝေးပြေးကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ သွားလာမှု မရှိသလောက်နည်းပါးနေပြီဖြစ်ကြောင်း မူဆယ်အခြေစိုက် အဝေးပြေးကားလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ ယနေ့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

“မေ ၂၁နဲ့ ၂၂လောက်မှာ မူဆယ်မှာရှိတဲ့ဂိတ်တွေအားလုံးကို ဖုန်းတွေဝင်လာပါတယ်။ဖုန်းဆက်သူက သူတို့ကိုယ်သူတို့ ကေအိုင်အေတပ်မဟာ ၄ က လို့ပြောပါတယ်။ ခင်ဗျားတို့ကားတွေလမ်းပေါ်ကိုမထွက်ပါနဲ့။ ထွက်တာနဲ့ပစ်ခတ် ရပါလိမ့် မယ်ဆိုပြီး  ခြိမ်းခြောက်ပါတယ်။    အဲသလိုပြောပြီးရက်မကြာခင်မှာပဲ မူဆယ်-လားရှိုး လမ်းပေါ်မှာ လောရီနှစ်စီးအပစ်ခံရတယ်။ရှစ်ဘီးကားကြီးတစ်စီး မီးရှို့ ဖျက်ဆီးခံရပါတယ်`“ ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။“အခုလဲ သတင်းတွေပံျ့လွင့်နေပါတယ်။ မေ ၂၈ရက်ကစပြီး လမ်းပေါ်မှာကားတွေမမြင်ချင်ဘူး။ကား လမ်းပိတ်ပစ်မယ်စသဖြင့်ကြားနေရပါတယ်။အဲဒါကြောင့်
ကျွန်တော်တို့ကားတွေအားလုံး မနေ့ညကပဲ ရန်ကုန် ကိုအကုန် ပြန် လွှတ်ထားလိုက်ရပါတယ်။  အားလုံးစိုးရိမ်နေကြတယ်။လုပ်ငန်းကိုင်ငန်းတွေပျက်ရတာပေါ့ဗျာ“  ကေအိုင်အေတပ်မဟာ ၄သည် ယခင်ကတည်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တစ်ဝိုက် အခြေ စိုက်ကြောင်း သိရှိရ သည်။

အဆိုပါသတင်းစကားများကြောင့် အဝေးပြေးလမ်းမကြီးပေါ် ကားအသွားအလာအလွန်နည်းသွားပြီး မန္တလေးမှ တက်လာမည့်ကားများလည်း ရှိတော့မည်မထင်ကြောင်း မူဆယ်ဒေသခံတစ်ဦးက ဆက်လက်ပြော ဆိုသည်။ မကြာသေးသောရက်ပိုင်း အတွင်းက လျှပ်စစ်တာဝါတိုင်များနှင့် မီးတိုင်များဖေါက်ခွဲဖျက်ဆီးခံရမှုတွင် ကေအိုင်အေလက်ချက်ဖြစ်ကြောင်း အစိုးရသတင်းစာများကရေးသားဖော်ပြခဲ့ကြသည်။ကေအိုင်အေကလည်း သူတို့မဟုတ်ကြောင်း ငြင်းဆို ထား သည်။




ရန်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။