MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။
*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*
"MTS Online Radio"
မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။
မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။
Video Downloader Software
Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<
Saturday, May 19, 2012
ရည်မှန်းချက် မြင့်မြင့်ထားပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်မှ ထိပ်ဆုံးရောက်မှာလို့ဆိုသူ
 ရေကြောင်းတက္ကသိုလ် ကျောင်းပြီးထားသူအသက် ၂၀ ဝန်းကျင် သဘောင်္သားလောင်း လူငယ်တစ်ဦးသည် ရေကြောင်း လုပ်သက် တစ်နှစ်ခွဲရှိမှ ဘွဲ့ရရှိမည် ဖြစ်သဖြင့် မကြာမီ သဘောင်္ တက်နိုင်ရန် စောင့်ဆိုင်း နေသည်။ သူသည် သဘောင်္တက်ပြီး ရေကြောင်း သိပ္ပံတက္ကသိုလ် ကျောင်းအရာရှိ စာမေးပွဲဖြေဆိုကာ အငယ်ဆုံး သင်္ဘောအရာရှိ ဖြစ်ချင်သူ လည်းဖြစ်သည်။ သူ့ပုံစံမှာ သွက်လက်သည်၊ ဖျတ်လတ်သည်။သူ့နာမည်မှာ ကိုခန့်ဇော်ဝင်းထွန်း ဖြစ်ပြီး ရေကြောင်း ပညာသိပ္ပွံ (Nautical Science) ဘာသာရပ်ဖြင့် ကျောင်းပြီး ထားသူလည်း ဖြစ်သည်။ သူသည် သူ့ကဲ့သို့ ရေကြောင်း တက္ကသိုလ်ဆင်း ကျောင်းသားများကို အလုပ်ရစေချင်ပြီး တက္ကသိုလ်တွင်လည်း အခြားနိုင်ငံရှိ ရေကြောင်း
တက္ကသိုလ်များ ကဲ့သို့ပင် နည်းပညာ အစုံအလင်၊ ကိရိယာ တန်ဆာပလာများ၊စက်ပစ္စည်းများ ကိုလည်း ဖွံ့ဖြိုး စေချင်သည်။ သူ့ဆန္ဒ၊ သူ့ဝါသနာနှင့် အလုပ်ရရှိမှု နည်းနေသေးသော ရေကြောင်း သိပ္ပံ တက္ကသိုလ်ဆင်း ကျောင်းသားများ၏ အားနည်းချက်၊ အားသာချက်များကို သူက ယခုကဲ့သို့ ပြောပြသည်။
၈ တန်းကတည်းက ရေကြောင်းသိပ္ပံတက်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာ
ကျွန်တော် ရှစ်တန်း ကတည်းက ရေကြောင်းသိပ္ပံတက်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာ။ ရှစ်တန်းတုန်းက အတွေးက ရေကြောင်းမှာက ပိုက်ဆံများများ ရှာနိုင်တယ်။ နိုင်ငံခြားတွေလည်း သွားချင်ခဲ့တယ်။အဲဒီလိုစိတ်မျိုး ဖြစ်ခဲ့တယ်။ ၁၀ တန်းကတည်းကလည်း အရင် ရည်မှန်းချက် ရှိပြီးသားဆိုတော့ အမှတ်မီအောင် ကြိုးစားခဲ့တယ်။ အမှတ် ၅၀၀ ရမှ ကြိုက်တဲ့လိုင်း ရွေးလို့ရမှာဆိုတော့ ၅၀၀ ကျော်အောင် ကြိုးစားပြီး ဖြေခဲ့တယ်။ ၁၀ တန်းဖြေပြီး အမှတ်ထွက် လာတော့လည်း ရေကြောင်းသိပ္ပံကို ဦးစားပေးပြီး လျှောက်ခဲ့တယ်။ ရေကြောင်း လျှောက်ပြီးမှ အောက်မှာ ဆေးတက္ကသိုလ် လျှောက်ခဲ့တာ။ ကျောင်းစတက်တုန်းကတော့ ကိုယ့်အတွက် အသစ်၊ အထူးအဆန်းတွေပဲ။ ရေကြောင်း အခေါ်အဝေါ်က အစ၊ ကျောင်းမှာတုန်းကတော့ မသင်လာခဲ့ရဘူး။ အမှတ်နဲ့ခွဲတော့ ဒီဘာသာရပ်ကို လျှောက်ဖြစ်တာ။ ဒီလိုင်းမှာက ကပ္ပတိန် ဖြစ်တယ်ဆိုတော့၊ အမှတ်လည်း မီတော့ ဒီဘာသာကို ရွေးချယ် ဖြစ်တာ။ကျောင်းမှာကတော့ စာတွေ့ပဲ။ အပြင်ကနေပြီး ရေကြောင်းစာအုပ်တွေ လေ့လာရတယ်။ ကိုယ့်ဘာသာကိုယ် စာအုပ်တွေ ရှာဖတ် ရတာလည်း ရှိတယ်။အဖေကလည်း ပြောပြပေးတယ်။ ဂျာနယ်တွေထဲက ရေကြောင်းနဲ့ ပတ်သက်တဲ့ ဝေါဟာရ တွေကိုလည်း လေ့လာဖြစ်တယ်။ သူငယ်ချင်းတွေဆီ ကလည်း ဆွေးနွေးရင်းနဲ့ သိတာလည်းရှိတယ်။
သင်္ဘောတက်ဖို့ စောင့်နေတယ်
ကျောင်းက ဒီဇင်ဘာမှာ ပြီးတာ။ သင်္ဘောလိုက်ဖို့ ကုမ္မဏီနဲ့ ချိတ်ထားတယ်။ ကျောင်းမှာတုန်းက ကျောင်းက ပညာသင်ဆု ပေးပြီး ကုမ္မဏီက လာခေါ်တာလည်း ရှိတယ်။ ကျောင်းသားတိုင်းကိုလည်း မခေါ်ဘူး။ နှစ်ခုလောက် လျှောက်ခဲ့ဖူးတယ်၊ မရခဲ့ဘူး။ ရခဲ့တာကလည်း မကြိုက်လို့ ပယ်ခဲ့တယ်။ပညာသင်ဆုပေးလို့ ကုမဏီမှာ ဝင်လုပ်ရင် သူတို့လူ ဖြစ်သွားပြီ။ သူတို့တင်ပေးတဲ့ အချိန်မှရမှာ။ တခြားကုမ္မဏီလည်း လျှောက်လို့ မရဘူး။ လျော်ကြေးက ၁၀ ဆ ၁၅ ဆ လောက် ပေးရမှာ။ ရရင်လည်း စဉ်းစားရတယ်။ ကျွန်တော်လည်း မယူရဲဘူး။
ကုမ္မဏီတွက ရေကြောင်းတက္ကသိုလ်က ဆိုရင်တောင် အလေးမထားဘူး
ကုမ0x081ပဏီတွေကလည်း ရေကြောင်း တက္ကသိုလ်နဲ့ ရေကြောင်း ကောလိပ် ကွာတာကို မသိဘူး၊ အလေးလည်း မထားဘူး။ တက္ကသိုလ်ဆိုတာ ကောလိပ်ထက် ပိုသာတယ်လို့ သိထားပေမယ့် ဒီမှာ မရှိဘူး။ကျောင်းမှာက စာတွေ့ များတယ်။ တချို့  ကုမ္မဏီဆို ကျောင်းဆင်းဆိုရင် မခန့်ချင်ဘူး။ စာတွေ့ပဲ သိတယ်ဆိုပြီး။ သဘောကျတဲ့ ကုမ္မဏီလည်း ရှိပါတယ်။အပြင်မှာ BEST ဖြေပြီးတဲ့ လူတွေလည်း ရှိတော့ သူတို့နဲ့ တစ်တန်းတည်း ထားတယ်၊ နှိမ်တာလည်း ရှိတယ်။ အခုဟာက သင်္ဘောကုမ္မဏီကို ကိုယ့်ဘာသာကိုယ် ရှာရတယ်။သင်္ဘောတက်ရင်လည်း ကျောင်းနဲ့ စာချုပ် ချုပ်ထားတဲ့ ကုမ္မဏီဆိုရင် တစ်နှစ်ပဲ လိုက်ရပြီး ဘွဲ့ပေးတယ်။ ကျောင်းနဲ့  စာချုပ် မချုပ်တဲ့ ကုမ္မဏီဆိုရင် တစ်နှစ်ခွဲ လိုက်ရပြီးမှ ဘွဲ့ပေးတယ်။
တစ်နှစ်ကို ကျောင်းမှာက ၄၅၀ လောက် မွေးထုတ်နိုင်တယ်။ ကျွန်တော်တို့ မေဂျာမှာက အယောက်တစ်ရာ လောက်ရှိတယ်။ အလုပ်ရနိုင်တဲ့ မေဂျာနှစ်ခုပဲ ရှိတယ်။ Marine Engineering(ME) နဲ့ Nautical Science(NS) ဒီနှစ်ခုပဲ အလုပ်ရကြတယ်။ ကျန်တဲ့ဟာက ဆိပ်ကမ်း သင်္ဘော ဆောက်တာပဲ ရှိမယ်။ကျောင်းမှာ တချို့ မေဂျာတွေကနေ(ME)ကို ဒေါက်ခြောက်လ ဆင်းပြီး ပြောင်းကြတယ်။ အကုန် သင်္ဘော လိုက်ကြတာ များတယ်။ ၆၀ မှာ နှစ်ယောက်လောက်ပဲ သဘောင်္နဲ့ ဆိပ်ကမ်းဆောက်တဲ့ အလုပ်လုပ် ကြတယ်။
အလုပ်အကိုင်ရှာဖွေပေးသင့်တယ်။ Facility တွေလိုတယ်
ကျောင်းနဲ့ပတ်သက်ပြီး ကျောင်းကနေ တိုက်ရိုက် အလုပ်အကိုင် ရှာဖွေ ပေးစေချင်တယ်။ ကုမ္မဏီတွေက ကျောင်းသားတွေကို အထင်ကြီးလာအောင် ကျောင်းမှာက Facility တွေလိုတယ်။ အနီးစပ်ဆုံး တရုတ်နဲ့ယှဉ်ရင် အများကြီး ကွာတယ်။ ကိုရီးယား၊ ဂျပန်ဆိုရင် အများကြီး ကွာသွားပြီ။ ကျောင်းသားတွေက ဆေးကျောင်း မီရဲ့သားနဲ့ ရေကြောင်းကို တက်ခဲ့တယ်။ ဒီကျောင်းတက်ပြီး ဘာမှ အလုပ်အကိုင်မရှိ ဖြစ်မှာစိုးတယ်။ ကျောင်းတက်ရင် ပညာသင်ဆုကိုလည်း စဉ်းစားပြီး ယူစေချင်တယ်။ တချို့ ကုမ္မဏီတွေက ပညာသင်ဆု ပေးပြီးမှ ဒေဝါလီ ခံသွားတာလည်းရှိတယ်။ ဒါမျိုးဆိုလျှင် ဒီကုမ္မဏီမှာ ပညာသင်ဆု ရထားတဲ့ ကျောင်းသားက ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ဘူး။ ဘယ်သွားလို့ သွားရမှန်းလည်း မသိတော့ဘူး။ ကျောင်းကလည်း ဒီလို ပြဿနာမျိုးကိုလည်း မျက်ခြည်မပြတ်ဖို့ လိုတယ်။ကျောင်းသားအတွက် အဖြေရှာ ပေးသင့်တယ်။
ကျောင်းမှာက တော်တဲ့သူတွေ ပိုပြီးထွန်းပေါက်တယ်။ တခြားသူတွေက တခြားလိုင်းပြောင်းပြီး ရရာအလုပ်လုပ်တယ်။ အမှတ်ကောင်းနဲ့တက်လာပြီးမှ နှမြောစရာကောင်းတယ်။ တစ်နှစ်ခွဲကရိုးရိုးလိုင်းလိုက်ရတာ၊ ရိုးရိုးလစာပဲရတယ်။ တစ်နှစ်ခွဲပြီးမှ အရာရှိစာမေးပွဲဖြေလို့ရမှာ။ ဒါမှ ဒီလိုင်းမှာပြန်ဝင်ရင် အရာရှိလစာရမှာ။ လစာလည်းမတူဘူး၊သင်္ဘောနဲ့ ကုမ္မဏီကြီးရင် လစာများတယ်။ အလုပ်လည်းများတယ်၊ ဂျူတီချိန်လည်းများတယ်။ တက္ကသိုလ်မှာက စာတော်ပြီး စိတ်ဓာတ်ပျော့တဲ့သူများတယ်။တချို့ ဆိုရင် အလုပ်မလုပ်နိုင်လို့ ပြန်လာတာရှိတယ်။ တစ်နှစ်ခွဲ Service ကို သုံးခါခွဲပြီးလိုက်ရတဲ့သူလည်းရှိတယ်။
ရေကြောင်းကို ရောက်လာတဲ့သူတွေက ဉာဏ်ကောင်းတဲ့သူတွေများတယ်။ အရည်အချင်းရှိတဲ့သူတွေပဲ။ ဒါပေမဲ့ တခိျု့ကပျင်းကြတယ်။ ကျောင်းမှာ တခိျု့ကျောင်းသားက Supply အားကိုးကြတယ်။ တကယ့်လုပ်ငန်းခွင်ဝင်မယ်ဆိုရင် ဉာဏ်ကောင်းတယ်။ ကုမ္မဏီတွေက မသိကြလို့ပါ။ သင်ယူနိုင်စွမ်းလည်း မြင့်တယ်။ ကျွန်တော်တို့က မညံ့ပါဘူး။ ကျောင်းဝင်ခွင့်အမှတ်က ယောကျာ်းလေးဆရာဝန်ခေါ်တဲ့ အမှတ်ထက်မြင့်တယ်။
သဘောင်္သားဖြစ်ချင်ရင် စိတ်ဓါတ်ခိုင်မာဖို့လိုတယ်
ရေကြောင်းပညာ လေ့လာချင်ရင် အမှတ်ကောင်းရမယ်။ ဒါမှ ဝင်ခွင့်ရမယ်။ သင်္ဘောသား ဖြစ်ချင်ရင် စိတ်ဓာတ် ခိုင်မာဖို့ လိုမယ်။ အရင်က ဖြစ်ချင်တဲ့ ဆန္ဒရှိပေမယ့် တကယ် သင်္ဘောလိုက်မယ် ဆိုရင် ခံစားချက် မတူတော့ဘူး။ အမှတ်များလို့သာ ရေကြောင်းတက္ပသိုလ် တက်ခဲ့တယ်။ သဘောင်္တစ်လလောက်လိုက်ပြီး ပြန်လာတဲ့ သူတွေလည်းရှိတယ်။ ကျောင်းစတက်တုန်းက ဆရာက ပြောဖူးတယ်။ အမှတ်မြင့်တိုင်း၊ သူများကို ကြွားချင်တိုင်း မလျှောက်နဲ့လို့ ပြောဖူးတယ်။ တခိျု့ကလည်း ယူနီဖောင်းလှလို့ အားကျပြီး တက်ချင်တာလည်း ရှိတယ်။ တကယ်မှာက သူများနဲ့ မတူဘူး၊ နိုင်ငံရပ်ခြား ပင်လယ်ပြင်မှာ ထွက်ရတာဆိုတော့ သေချာ စိတ်ခိုင်မှ ဖြစ်မှာ။ ဒါကြောင့် ကိုယ့်စိတ်ကို ခိုင်မာဖို့ လိုတယ်။
လူတော်တွေရှိရဲ့သားနဲ့ အသုံးချရမယ့်နေရာ မရှိတာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တဖြည်းဖြည်းတိုးတက်လာမှာဆိုတော့ ဧရာဝတီမြစ်ကြောင်းကစလို့ တိုးတက်လာနိုင်တယ်ထင်တယ်။ ဆိပ်ကမ်းတွေလည်း တိုးချဲ့လာနိုင်တယ်၊ သင်္ဘောတွေလည်းပိုကောင်းလာမယ်၊ ရေကြောင်းက ကျောင်းသားတွေလည်း ပိုပြီးအလုပ်အကိုင်ရလာနိုင်တယ်။ လူတော်တွေ အများကြီးရှိပါတယ်။ လူတော်တွေရှိရဲ့သားနဲ့အသုံးချရမယ့်နေရာမရှိတာ။ လူတိုင်းကလည်းကိုယ့်နိုင်ငံမှာ အသုံးချချင်ကြပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင်တော့ ကောင်းတာပေါ့။ အနာဂတ်မှာ တိုးတက်လာနိုင်ပါတယ်။
အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ရမယ်
အငယ်ဆုံး သဘောင်္အရာရှိဖြစ်ချင်တယ်
အခု လောလောဆယ်တော့ သင်္ဘောလိုက်မယ်၊ အဓိကက စားဝတ်နေရေး ပြေလည်ဖို့နဲ့ သဘေင်0x081ာ အမြန်တက်ရင် အရာရှိ မြန်မြန်ဖြစ်မယ်၊ စာမေးပွဲကို အောင်အောင်ဖြေမယ်။ ဒါမှအရာရှိ မြန်မြန်ဖြစ်မှာ။သင်္ဘောတက်ပြီး အရာရှိ စာမေးပွဲ ဝင်ဖြေမယ်။Master စာမေးပွဲ အောင်အောင်ဖြေမယ်။ အရင်က၃၅ နှစ်မှ Master ပေးတာ။ အငယ်ဆုံး သင်္ဘောအရာရှိဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထားတယ်။နောက်ပိုင်းလူတွေက ငယ်ငယ်နဲ့ သင်္ဘောလိုက်ကြတာ။ အရင်ကအသက်ကြီးမှ သင်္ဘောလိုက်ကြတာ၊အခုငယ်ငယ်ရွယ်ရွယ်နဲ့ အရာရှိလည်း ဖြစ်နိုင်တယ်။ဒါကြောင့် ကျွန်တော်လည်း အငယ်ဆုံး သင်္ဘောအရာရှိ ဖြစ်ချင်တယ်။
Written by ကြည်ကြည်လွင် Saturday, 19 May 2012 14:59
The Voice Weekly
No comments:
Post a Comment
တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။