MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုအား ဆိုင်းငံ့သည့်အပေါ် အမြင်များ


ဒေါက်တာနေဇင်လတ်( နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး)

အမေရိကန်က ဦးဆောင်နိုင်ငံဖြစ်နေတော့ အခုလို ဖွင့်ပေးလိုက်တဲ့အခါ အခြားနိုင်ငံတွေကိုလည်း အားပေးရာရောက်ပါတယ်။ သူတို့ဆီက စီးပွားရေး လုပ်ငန်းရှင်တွေလည်း ၀င်လာကြမယ်။ နောက်တစ်ခုရှိတာက အမေရိကန် ကုမ္ပဏီတွေဝင်လာရင် ဒီကုမ္ပဏီတွေက corporate social responsibility ရှိတဲ့ ကုမ္ပဏီတွေဖြစ်ကြတော့ အခြားနိုင်ငံတွေထက် သူတို့က ဒီအပိုင်းမှာ စံချိန်မြင့်နေတော့ မြန်မာနိုင်ငံအတွက် ပိုပြီး အကျိုးရှိပါ တယ်။ ဒီနေရာမှာ တစ်ချိန်က Crony  စာရင်းထဲမှာပါတဲ့ သူတွေကော အကျိုးရှိနိုင်သလားဆိုတဲ့ အမြင်နဲ့ ပတ်သက်ရင်တော့ ဘယ်လောကမှာဖြစ်ဖြစ် အပြောင်းအလဲတွေတော့ ရှိတတ်ပါတယ်။ အမြဲတမ်း တည်မြဲနေ တာတော့ မဟုတ်ပါဘူး။ တချို့သေးတဲ့
ကုမ္ပဏီတွေက ကြီးထွားလာတာမျိုးရှိသလို ကုမ္ပဏီကြီးတွေက ပြန်ကျုံ့သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကျန်တာကတော့ လုပ်ငန်းအမျိုးအစား ကြိုးစားမှုနဲ့ ပညာရပ် ပိုင်းဆိုင်ရာတွေနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့တော့ ထုတ်လုပ်မှုပိုင်းမှာ ၀င်လာနိုင်သလို အထည်ချုပ်လုပ်ငန်းတွေလည်း ၀င်လာနိုင်ပါတယ်။ ဒီလိုပဲ စွမ်းအင်ကဏ္ဍတွေမှာလည်း ၀င်လာနိုင်ပါတယ်။

ဦးတင်မောင်သန်း (အကြီးတန်းသုတေသီ၊ CESD) သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်း)
ယေဘုယျအားဖြင့်တော့ ရင်းနှီးမြုပ်နှံလို့ရအောင် အခုလို Sanction ကို ဖွင့်ပေးလိုက်တာလို့ မြင်ပါတယ်။ လာကြမလားဆိုတော့ သဘာဝအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီးတော့ ၀င်လာကြမယ့် အနေအထားမျိုး တွေ့ရတယ်။ အခြားကုမ္ပဏီအနေနဲ့တော့ လက်ရှိမြန်မာနိုင်ငံမှာ ရှိနေတဲ့ ရင်းနှီးမြုပ်နှံနိုင်တဲ့ ပတ်ဝန်းကျင်က သိပ်တော့ အားမကောင်းသေးပါဘူး။ ဒါပေမယ့် များသောအားဖြင့် ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေဆိုတာက တိုင်းပြည်တစ်ပြည်မှာ လာပြီး ရင်းနှီးမြုပ်နှံဖို့ဆိုရင် အကဲဖြတ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြုပ်နှံတဲ့သူတိုင်းက စွန့်စားရတဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခုက နိုင်ငံရေးပိုင်းမှာ မပြီးပြတ်သေးတာတွေ ရှိတယ်။ စီးပွားရေးပိုင်းမှာလည်း မြေယာဈေး မြင့်တာမျိုး၊ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မြင့်တက်တာမျိုး၊ ထုတ်လုပ်မှုစရိတ် မြင့်တက်တာမျိုး၊ ဖုန်းကအစ လျှပ်စစ်မီးကိစ္စအဆုံး ကုန်ကျစရိတ်တွေ မြင့်မားနေတာ မျိုးတွေ ရှိတယ်။ ဒီတော့ တကယ်တမ်းမျှော်လင့်သလို ဖြစ်လာပါ့မလားဆိုတာ တွေးစရာတွေ ဖြစ်နေတယ်။ အစိုးရပိုင်းကလည်း လုပ်တော့ လုပ်နေတယ်။ ဒါပေမယ့် အချိန်နည်းနည်းလိုဦးမယ်လို့ မြင်ပါတယ်။
ဦးမြင့်ဇော် (တွဲဖက်အထွေထွေအတွင်းရေးမှူး ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)
စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်တဲ့အပိုင်းမှာ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရှိလာနိုင်သလဲဆိုတော့ တစ်ခုက Capacity နဲ့ Readiness အပိုင်းက တစ်ပိုင်း၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းမယ်ပဲပြောပြော၊ ဆိုင်းငံ့ လိုက်တယ်ပဲပြောပြော၊ ကျွန်တော်တို့သိထားရမှာက ပြည်တွင်းမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နည်းပညာ၊ စက်မှုလက်မှုဖွံ့ဖြိုးမှု၊ အဲဒီအင်အားတွေက ဘယ်လောက်အထိ အရံအသင့် ဖြစ်နေပြီလဲဆိုတာပဲ။ တော်တော်များများ က အသင့် မဖြစ်ကြသေးဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ညှိနှိုင်းဆွေးနွေးမှုအပိုင်းရော တစ် ယောက်နဲ့တစ်ယောက် ရိုးရိုးသားသား ပေါင်းစပ်မှုအပိုင်းတွေမှာလည်း တော်တော်လေး လိုနေတာတွေ့ရ တယ်။ ဒုတိယပိုင်းကတော့ ကျွန်တော်တို့မပါဘဲ သူတို့ဘာသာသူတို့ ကိုယ်ပိုင်အစီအစဉ်နဲ့ ၀င်လာတာမျိုးတွေပါ။ ကျွန်တော့် အထင်သေချာပေါက်ကတော့ ထိရောက်မှုရှိမှာ အမှန်ပါပဲ။ ဥပမာ ပြည်ပခရီးသွားတွေ ၀င်လာမယ်။ လူမှုရေးအရ စာနာမှု အထောက်အကူတွေပါ ရလာမယ်။  ကျွန်တော်တို့ အမြဲတမ်းပြောနေလေ့ရှိတဲ့ ကျွမ်းကျင်မှု သင်တန်းလိုဟာမျိုးတွေက အောက်ခြေပိုင်းကအစ အပေါ်ပိုင်းအထိ ရလာနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု မှာတော့ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်းတွေကို အများကြီးကို စိတ်ဝင်စားကြမှာပါ။ နောက်တစ်ခုက လျှပ်စစ်ကဏ္ဍတွေမှာ ခိုင်ခိုင်မာမာနဲ့ နည်းပညာ ပြည့်ပြည့်စုံစုံနဲ့ လုပ်နိုင်ဖို့က လိုသေးတယ်။ သူတို့ဝင်လာလိမ့်မယ်လို့ မျှော်မှန်းတယ်။ ပြီးတော့ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၀င်လာမှာပါ။ သေချာတာတစ်ခုကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာပြီဆိုတာနဲ့ ဘဏ်လုပ်ငန်းတွေက တွဲပါလာမှာပါ။ ကုမ္ပဏီတွေက ငွေချေးယူတဲ့ အဖွဲ့အစည်းဖြစ်နေတဲ့အတွက် ဘဏ်တွေရှိမှ ဖြစ်လာမှာပါ။ တခြားအသေးစားနဲ့ အလတ်စားတွေ ပြည်သူတွေ အလုပ်ရဖို့ဆိုတဲ့ ကိစ္စတွေကတော့ လတ်တလောမှာ သိပ်မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်။
ဦးရွှေသိန်း(Care International) 
အခုလို အပြောင်းအလဲကာလမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ပိတ်ဆို့ အရေးယူမှုကို ဖွင့်ပေးလိုက်တာဟာ နိုင်ငံအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ရော ကောင်းသွားပါတယ်။ အခုဆိုရင် EU နိုင်ငံတွေက မြန်မာနိုင်ငံကို အလှူငွေတွေ အများကြီး ၀င်လာတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့က အမေရိကန်ဒေါ်လာနဲ့ အလွှဲအပြောင်းလုပ်လို့ မရဘူးဖြစ်နေတယ်။ အခုလိုဖွင့်ပေးလိုက်တော့ ဒီပြဿနာတွေ မရှိတော့ဘူး။ နောက်တစ်ခုက အခြားအကူအညီ အထောက်အပံ့တွေလည်း အများကြီးရနိုင်တယ်။ အနုပညာကအစ စွမ်းဆောင်ရည်မြင့်မားအောင် လုပ်တဲ့ကိစ္စရပ်တွေကအစ ပံ့ပိုးကူညီမှုတွေအဆုံး ရနိုင်ပါတယ်။ တစ်ခုရှိတာက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာနဲ့အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေက ခိုင်မာဖို့နဲ့ စနစ်တကျ ရေးဆွဲနိုင်ဖို့နဲ့ အားကောင်းဖို့ လိုအပ်ပါတယ်။





News -Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။