MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

၂၀၁၅ ကို ​အေး​အေး​ချမ်း​ချမ်း​ ​ရောက်နိုင်ပါ့​မလား

လက်ရှိ မြန်မာ့​နိုင်ငံ​ရေး​မှာ သမ0x081မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​အများ​စု ပြန်လွှတ်​ပေး​တာ၊​ ​ရွေး​ကောက်ပွဲဥပ​ဒေ နည်း​ဥပ​ဒေ​တွေကို ပြင်​ပေး​တဲ့​အတွက် အန်အယ်လ်ဒီပါတီက ပြန်မှတ်ပုံတင် ​ရွေး​ကောက်ပွဲဝင်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမတ် အ​တော်များ​များ​ လွှတ်​တော်ထဲ​ရောက်သွား​တာ၊​ သမ္မတ ဦး​သိန်း​စိန် အစိုး​ရအဖွဲ့​ရဲ့​ ဒုတိယလှိုင်း​ ပြုပြင်​ပြောင်း​လဲမှု ​ကြေညာတာ စတဲ့​အပြုသ​ဘော​ဆောင် ​ကောင်း​မွန်တိုး​တက်တဲ့​ အ​ခြေအ​နေ​တွေ ဖြစ်ထွန်း​လာ​နေတဲ့​အတွက် နိုင်ငံတကာက နိုင်ငံ​ရေး​ အကဲခတ်​တွေနဲ့​ ပြည်တွင်း​နိုင်ငံ​ရေး​သမား​ တချို့ ​ဟာ ​နောက်တကြိမ် ​ရွေး
ကောက်ပွဲလုပ်မယ့်​ ၂၀၁၅ ခုနှစ်ကို ​မျှော်ကြည့်​လာကြပါတယ်။


၂၀၁၅ ခုနှစ် ​ရွေး​ကောက်ပွဲဟာ ဘယ်ပုံစံ ဖြစ်မလဲ၊​ ဒီနှစ် ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာလိုပဲ ​ဒေါ်​အောင်ဆန်း​စုကြည်ဦး​စီး​တဲ့​ အန်အယ်လ်ဒီက အနိုင်ရပြီး​ အစိုး​ရဖွဲ့​နိုင်မလား​၊​ ဒီအခါ စစ်တပ်က ဘယ်လိုသ​ဘောထား​မလဲ စသဖြင့်​ ​မေး​ခွန်း​မေး​သူ​တွေ အ​တော်များ​များ​ ​ပေါ်လာပါတယ်။
ဒါ​ပေမယ့်​ တကယ့်​တကယ် ​မေး​ခွန်း​က​တော့​ လက်ရှိ နိုင်ငံ​ရေး​ အခင်း​အကျင်း​က​နေ ၂၀၁၅ ခုနှစ်ကို ​အေး​အေး​ညင်ညင်သာသာ သွား​ဖို့​ ဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့​ ​မေး​ခွန်း​ပဲ ဖြစ်ပါတယ်။ အခု ရက်ပိုင်း​မှာကိုပဲ ဒီလို အခက်အခဲ​တွေ တစတစ ​တွေ့ လာ​နေရပါတယ်။ ဒါ​တွေက ဘာ​တွေလဲ၊​ ဘယ်လို အကျိုး​ဆက်​တွေ ဖြစ်လာနိုင်သလဲ ဆိုတာ ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။

ဒါ​တွေနဲ့​ ပတ်သက်လို့​ အထင်ရှား​ဆုံး​ မြင်သာတဲ့​အချက်က​တော့​ ဒီရက်ပိုင်း​အတွင်း​ ဖြစ်​ပေါ်​နေတဲ့​ လျှပ်စစ်မီး​ရရှိ​ရေး​ ပြည်သူ့​ဆန္ဒ ထုတ်​ဖော်ပွဲ​တွေ ဖြစ်ပါတယ်။ ​နောက်တခုက​တော့​ အဆက်မပြတ် ဖြစ်​ပေါ်လာ​နေတဲ့​ စက်ရုံ အလုပ်သမား​တွေရဲ့​ လုပ်ခလစာ တိုး​တက်ရရှိ​ရေး​ ဆန္ဒပြ သပိတ်​မှောက်တိုက်ပွဲ​တွေ ဖြစ်ပါတယ်။ ​နောက်ထပ် ​နေရာအနှံ့​မှာ ​ပေါ်​ပေါက်​နေတာက​တော့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေရဲ့​ သူတို့​လယ်ယာ​မြေ ပြန်ရဖို့​ နည်း​အမျိုးမျိုးဆန္ဒ ထုတ်​ဖော်မှု​တွေ ဖြစ်ပါတယ်။ ထင်ရှား​တဲ့​ သာဓက တခုက​တော့​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ ​ရွှေနံ့​သာ​ကျေး​ရွာမှာ ဖြစ်ခဲ့​တဲ့​ ​ဇေကမ္ဘာကုမ္မဏီက မတရား​သိမ်း​ထား​တဲ့​ ​မြေကွက်​တွေ​ပေါ်မှာ လယ်သမား​တွေရဲ့​ အတင်း​ဝင်​ရောက် ထွန်ယက်ဖို့​ ကြိုး​စား​မှု​တွေပဲ ဖြစ်ပါတယ်။ ဒါတင်မက စက်မှုဇုန်၊​ အထူး​စီး​ပွား​ရေး​ဇုန်လုပ်ဖို့​ အိမ်ရာနဲ့​ ဥယျာဉ်ခြံ​မြေ​တွေ သိမ်း​ဆည်း​နေတဲ့​အတွက် အသိမ်း​ခံရသူ​တွေရဲ့​ အ​ရေး​ဆိုဆန္ဒပြမှု​တွေ၊​ ကျူး​ကျော် အိမ်ရာက​နေ ဖယ်ရှား​ပေး​ဖို့​ နှင်ထုတ်ခံ​နေရသူ​တွေ၊​ ​ဈေး​တွေ ပြန်​ဆောက်လို့​ နဂိုရပိုင်ခွင့်​ ဆုံး​ရှုံး​ရမှု​တွေကလည်း​ ​နေရာအ​တော်များ​များ​မှာ ဖြစ်​ပေါ်​နေပါ​သေး​ တယ်။ ဒါတင်မကအခြား​ ပြဿနာ​တွေလည်း​ အ​မြောက်အမြား​ ရှိ​နေပါတယ်။ ဒီပြဿနာ​တွေကို လက်ရှိ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ အဆင်​ပြေ​ပြေ ​ကောင်း​ကောင်း​မွန်မွန် ကိုင်တွယ်နိုင်မလား​။ ဒါမှမဟုတ် ဒီ အဆင်မ​ပြေမှု​တွေဟာ ဘယ်​လောက်အထိ ကြီး​မား​ကျယ်ပြန့်​သွား​နိုင်သလဲ၊​ ဘယ်လို ​ဖြေရှင်းကြမလဲ ဆိုတာ ထည့်​တွက်ထား​ဖို့​ လိုအပ်ပါတယ်။

လတ်တ​လော ဖြစ်​နေတဲ့​ လျှပ်စစ်မီး​ ပြဿနာကိုပဲကြည့်​ပါ။ ​ကေအိုင်​အေ တပ်ဖွဲ့  တွေက မိုင်း​ခွဲဖြို့ ဖျက်ခဲ့​တယ်လို့​ အစိုး​ရက စွပ်စွဲထား​တဲ့​ ​ရွှေလီ-မန်စံ ဓာတ်အား​လိုင်း​ တာဝါတိုင် ကိစ္စဟာ ​မေ ၁၉ ရက်​နေ့​ကမှ ဖြစ်ပါတယ်။ မန္တ​လေး​၊​ စစ်ကိုင်း​၊​ မုံရွာနဲ့​ ​မော်လမြိုင်လိုမြို့ ကြီး​တွေမှာ မီး​မမှန်တာ၊​ မီး​လာတဲ့​အချိန် မီး​အား​ အပြည့်​အဝမရတာ လနဲ့​ချီကြာမြင့်​ခဲ့​ပြီ ဖြစ်ပါတယ်။

ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားများ

အလား​တူအခြား​ မြို့ ​နယ်နဲ့​ ​ကျေး​ရွာ​တွေမှာ​တော့​ ဒီထက် အ​ခြေအ​နေ အများ​ကြီး​ ဆိုး​ပါတယ်။နေပြည်​တော်နဲ့​ နီး​တဲ့​ ​ကျေး​ရွာ​တွေမှာ၊​ ရန်ကုန်နဲ့​ တဖက်ကမ်း​ ​ကျေး​ရွာ​တွေမှာ လျှပ်စစ်မီး​ မ​ရောက်တဲ့​ ​နေရာ​တွေကလည်း​ အများ​ကြီး​ပါ။ အရင်က ဒီကိစ္စ​တွေကို ဘယ်လိုမှ ထုတ်​ဖော်​ပြောဆိုခွင့်​ မရှိခဲ့​လို့​ မ​ပြောခဲ့​ကြ​ပေမယ့်​ အခု နည်း​နည်း​လေး​ ပွင့်​လင်း​လာတဲ့​အခါ ပြည်သူ​တွေ ​ပြောလာဆိုလာ၊​ ဆန္ဒ ထုတ်​ဖော်လာကြပါပြီ။ လက်ရှိ အစိုး​ရအ​နေနဲ့​ကလည်း​ အရင် စစ်အစိုး​ရရဲ့​ ဆိုး​မွေကို လက်ခံရယူခဲ့​ရတဲ့​နည်း​တူ ဒီပြဿနာကို လတ်တ​လော ​ရေတို ​ဖြေရှင်း​နိုင်မယ့်​ နည်း​လမ်း​ မရှိ​သေး​ပါဘူး​။ ​ရေအား​လျှပ်စစ်က မလုံ​လောက်၊​ ဂက်စ်​တွေကိုလည်း​ နိုင်ငံခြား​ ​ရောင်း​စား​ထား​ပြီး​ ပြည်တွင်း​က ဂက်စ်တာဘိုင်​တွေ အတွက်ကို​တော့​ ဂက်စ်က မ​ပေး​နိုင်နဲ့​ မရှူနိုင်မကယ်နိုင် ဖြစ်​နေတဲ့​ အ​နေအထား​ပါ။အခြား​တဖက်မှာလည်း​ လျှပ်စစ်ဝန်ကြီး​ဌာန ဝန်ထမ်း​တွေ အဂတိ လိုက်စား​တာ​တွေ၊​ စီမံခန့်​ခွဲမှု ညံ့​ဖျင်း​တာ​တွေ၊​ မီတာခ တိုး​မြှင့်​ကောက်ခံလိုက်တာ​တွေကလည်း​ မီး​လောင်ရာ​လေပင့်​ ဖြစ်​စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ​တွေရဲ့​ ဒီလို ဆန္ဒထုတ်​ဖော်ပွဲ​တွေ အြခား​မြို့ ရွာ​တွေဆီ ကူး​စက်သွား​ဖို့​ ရှိ​နေပါတယ်။

အလုပ်သမား​တွေရဲ့​ လုပ်ခလစာ တိုး​မြှင့်​ရေး​ ​တောင်း​ဆို ဆန္ဒပြပွဲ​တွေကလည်း​ အလား​တူပါပဲ။ အရင် စစ်အစိုး​ရလက်ထက်က လာဘ်ယူမှု​တွေ လုပ်ပြီး​ သူ​ဌေး​တွေကို စက်ရုံ​ထောင်ခွင့်​ပေး​၊​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​တွေကို နည်း​နည်း​လေး​မှ ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်ကြီးအမြတ်ထုတ် ​သွေး​စုပ်ခွင့်​ပေး​ထား​တဲ့​ ပြဿနာ​တွေဟာ ခုချိန်မှာ တခုပြီး​ တခု ​ပေါ်​ပေါက်လာတာ ဖြစ်ပါတယ်။ တ​နေ့​ အလုပ်ချိန် ၈ နာရီ၊​ တပတ် ၅ ရက်အတွက် အ​ခြေခံကြမ်း​ခင်း​လစာကို ကျပ် ၁ ​သောင်း​တောင် မ​ပေး​ဘဲ၊​ ဖြတ်ချင်ဖြတ်၊​ ​ပေး​ချင်​ပေး​ လုပ်လို့​ရတဲ့​ ရက်မှန်​ကြေး​၊​ အချိန်ပို​ကြေး​၊​ ဆု​ကြေး​ စတာ​တွေ နည်း​နည်း​ပါး​ပါး​ပေး​ပြီး​ လိုက်နာရခက်ခဲတဲ့​ စည်း​ကမ်း​တွေထုတ်၊​ စည်း​ကမ်​ဖောက်တယ် ဆိုပြီး​ လစာ​ငွေကဖြတ်စေတဲ့​ နည်း​ပေါင်း​စုံနဲ့​ အလုပ်သမား​တွေကို ဖိနှိပ်​ခေါင်း​ပုံဖြတ်​နေတာ ကြာလှပြီဖြစ်ပါတယ်။ ဒီအတွက် လုပ်ခ တိုး​မြှင့်​ပေး​ရေး​၊​ လုပ်ငန်း​ခွင် အ​ခြေအ​နေ တိုး​တက်​ရေး​ စတာ​တွေ ​တောင်း​ဆိုဆန္ဒပြပွဲ​တွေ ဆက်တိုက်ဖြစ်​ပေါ်လာ​နေပြီး​ ​နောက်ထပ် ဆက်ဖြစ်လာဖို့​ အလား​အလာ ရှိ​နေပါ​သေး​တယ်။

လယ်ယာ​မြေအသိမ်း​ခံရတဲ့​ လယ်သမား​တွေအ​ရေး​ကလည်း​ ထို့​နည်း​လည်း​ကောင်း​ပါပဲ။ ဟို​နေရာ ဒီ​နေရာမှာ တန်း​စီ ဆန္ဒပြပွဲ​တွေ၊​ သတင်း​စာရှင်း​လင်း​ပွဲ​တွေ၊​ လယ်ထဲ အတင်း​ဝင်တာ​တွေ စသြဖင့်​ ခပ်စိပ်စိပ်​လေး​ ဖြစ်​ပေါ်​နေပါတယ်။ ​လော​လောဆယ် အချိန်အထိ ဒီလို ပုံစံအမျိုး​မျိုး​ရှိတဲ့​ လူထု မ​ကျေနပ်ချက် ထုတ်​ဖော်ဆန0x081ဒပွဲ​တွေဟာ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ဖြစ်​ပေါ်​နေသလို အစိုး​ရအဖွဲ့​ကလည်း​ အြကမ်း​ဖက် နှိမ်နင်း​တာမျိုး တား​ဆီး​တာမျိုးတွေ​တော့​ မ​တွေ့​ကြရ​သေး​ပါဘူး​။ ဒါ​ပေမယ့်​ ဘယ်လိုပဲဖြစ်ဖြစ် ဆင်း​ရဲတွင်း​ နက်သထက်နက်၊​ စား​ဝတ်​နေ​ရေး​ ကျပ်တည်း​သထက် ကျပ်တည်း​လာတဲ့​ ပြည်သူ​တွေအ​နေနဲ့​ ​နောက်ထပ် ဆန္ဒပြပွဲ​တွေ ဆက်လုပ်လာနိုင်သလို အာဏာပိုင်​တွေဘက်က အြကမ်း​ဖက်နှိမ်နင်း​လာရင် လူထုအုံကြွမှူ အဆင့်​မျိုး​အထိလည်း​ ​ရောက်​ကောင်း​ ​ရောက်သွား​နိုင်ပါတယ်။

ဒါ​တောင် ဒီလူထု ဆန္ဒပြပွဲ အ​သေး​လေး​တွေဟာ လူ​တွေ ကိုယ့်​နစ်နာချက်​ကြောင့်​ ကိုယ့်​ဘာသာကိုယ် ​ဖော်ထုတ်​နေတဲ့​ အဆင့်​ပဲ ရှိပါ​သေး​တယ်။ ဒါ​တွေကို အစိုး​ရအဖွဲ့​က မ​ဖြေရှင်း​ပေး​နိုင်ရင်၊​ လွှတ်​တော်ထဲမှာလည်း​ အ​ဖြေမရှာနိုင်ရင် ၈၈ မျိုးဆက်​ကျောင်း​သား​တွေနဲ့​ အန်အယ်လ်ဒီလို အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေရဲ့​ ​ခေါင်း​ဆောင်​ပေး​မှု​တွေကိုလည်း​ ကြုံ ရနိုင်ပါတယ်။

အခြား​တဖက်ကြည့်​ပြန်ရင်လည်း​ အစိုး​ရအဖွဲ့​မှာ ဒီလို လူထု ဆန္ဒပြပွဲ​တွေကို ဥပ​ဒေနဲ့​ စည်း​ကမ်း​ နည်း​လမ်း​တကျ ​ဖြေရှင်း​ပေး​နိုင်မယ့်​ စနစ်တကျ ​လေ့​ကျင့်​ထား​တဲ့​ အဓိကရုဏ်း​နှိမ်နင်း​ရေး​ ရဲတပ်ဖွဲ့​ ဆိုတာမျိုး​တွေလည်း​ ပြင်ဆင်မထား​တဲ့​ အချက်ဖြစ်ပါတယ်။ တစုံတခု ဖြစ်လာရင် အရင်တုန်း​ကလိုပဲ စစ်တပ်က ​သေနတ်နဲ့​ ဝင်​ဖြေရှင်း​ပေး​ဦး​မလား​ ဆိုတဲ့​ စိုး​ရိမ်ရမှာ​တွေလည်း​ ရှိ​နေပါတယ်။ ဒီအတွက် ၂၀၁၅ မ​ရောက်ခင် လာမယ့်​ ၂၀၁၂ အကုန်၊​ ၂၀၁၃၊​ ၂၀၁၄ ဆိုတာ​တွေဟာလည်း​ ခက်ခက်ခဲခဲ ဖြတ်​ကျော်ရမယ့်​ နှစ်​တွေ ဖြစ်လာနိုင်ပါတယ်။

ဒီအတွက် ပြည်ပ အကဲခတ်​တွေ စိတ်ဝင်တစား​ ​စောင့်ကြည့်ရမှာက ၂၀၁၅ ​ရွေး​ကောက်ပွဲ မဟုတ်ဘဲ ဒီနှစ်ကုန်ပိုင်း​က​နေ ၂၀၁၅ မ​ရောက်ခင် ဘာ​တွေ ဖြစ်လာနိုင်သလဲ ဆိုတဲ့​ ​မေး​ခွန်း​တွေသာ ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။


DVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။