MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

ထားဝယ်စီးပွားရေးဇုန်ကြောင့် နစ်နာမှူတွေအတွက်တင်ပြ

ထားဝယ်ရေနက် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်နေတဲ့ နဘုလယ် ဒေသမှာ စီမံကိန်း အတွက် မြေယာလျော်ကြေး ပေးနေမှုတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့ ဒေသခံ ရွာသူ ရွာသားတွေက တောင်းဆိုမှု တခု ပြုလုပ်ခဲ့ပါတယ်။
ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် လှည့်လည်ဟောပြောဖို့ ထားဝယ်ခရိုင်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကနေ တဆင့် သမ္မတ ဦးသိန်းစိန်ထံ ဒေသခံ နှစ်ရာကျော်က အခုလို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။
စက်မှုဇုန်တည်ဆောက်မယ့် နယ်မြေထဲမှာ ရှိနေတဲ့ ရွာ ၁၉ ရွာက ခြံသမား လယ်သမားတွေ ပိုင်တဲ့ အပင်တွေအတွက် ပြီးစလွယ် သဘောမျိုး လျော်ကြေးငွေ အနည်းအကျဉ်းသာ ပေးတဲ့ အတွက် ဒေသခံ လယ်သမားတွေက မကျေမနပ်ဖြစ်နေကြတာ ဖြစ်တယ်လို့ ဒီကိစ္စ ဦးဆောင်လှုပ်ရှား တောင်းဆိုနေတဲ့
ဦးကိုလေးလွင်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အသေအချာ ရေတွက်ပြီး ထိုက်ထိုက်တန်တန် လျော်ကြေးပေးဖို့ကို လိုလားနေကြတာ ဖြစ်ပါတယ်။

နောက်ပြီး လယ်သမားတွေဟာ အာဏာပိုင်တွေ လျော်ကြေးပေးတဲ့ အတိုင်း ကြောက်ကြောက် နဲ့ လက်ခံခဲ့ရတာတွေ အများအပြား ရှိခဲ့တယ်လို့လည်း ဦးကိုလေးလွင်က ကပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံထိုင်း ဖွံ့ ဖြိုးရေး ကုမ္မဏီနဲ့ မက်စ်မြန်မာ ကုမ္မဏီတို့ ပူပေါင်းပြီး အကောင် အထည်ဖေါ် ဆောင်ရွက်နေကြတာ ဖြစ်ပါ တယ်။





BBC

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။