MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

သာသနာဖျက် မိ စ္ဆာကောင်တွေကိုဘယ်လိုနှိပ်ကွပ်မလဲ?

မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့်
ဓမ္မ၀ိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်း
သင့်ရောက်လေ့ရှိသော အပြစ်များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့်
ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင်
သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရသည်။
အကြီးမားဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်းကောင်း၊
လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။
ဤကား ၀ိနည်းဥပဒေကို ချိုးဖောက်လာပါက နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။
ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲ
အပြေးသွား၍ ဆုံးမရသည်။
ဆုံးမမရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင်
ခေါင်းမထောင်နိုင်အောင် ၀ိုင်းဝန်းနှိမ်နှင်းရသည်။
နောင်အခါ ဤကဲ့သို့ အဓမ္မ၀ါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်းလက်ငင်း
ဦးချိုးနှိပ်ကွပ်ရသည်။

မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကို
ချိုးဖောက်သူကို တွေ့ရှိလာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများ
ကိုလည်း နှိပ်ကွပ်စေခဲ့သည်။ ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာ
ကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင်အောင် ပြဿနာများ
မေး၍ နှိပ်ကွပ်သည်ကိုပင် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။

မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်၍ လိမ်ညာစားနေသည့် လူလိမ် လူညာများ
မယုံကြည်နိုင်လောက်အောင် ပေါများလှသည်ကို တွေ့ရှိရပေသည်။
ထိုပုဂ္ဂိုလ်များကို နှိမ်နှင်းရာ၌ ဘုရားရှင်ကဲ့သို့ နာမည်တပ်၍ ပြောင်ပြောင်တင်းတင်း
နှိပ်ကွပ်မှသာလျှင် အဓမ္မ၀ါဒီတို့ ခေါင်းမထောင်နိုင်မည်ဖြစ်သည်။
အဓမ္မ၀ါဒီ ခေါင်းဆောင်ကြီးကို ဦးကျိုးအောင် ဦးချိုးနိုင်ပါက အဓမ္မ၀ါဒီတို့
ဗိုလ်ကျလွမ်းမိုးနိုင်တော့မည် မဟုတ်ချေ။
အဓမ္မ၀ါဒီတို့ အလိုလို ငုတ်လျှိုးသွားမည်သာ ဖြစ်ချေ၏။

ဂျပန်နိုင်ငံ၌ မိမိကိုယ်ကို လုပ်ကြံသေသည့် မသာများ မကြာခဏပေါ်ပေါက်ခဲ့ရာ ထိုမသာကို
အမိမွေးသည့် အတိုင်း အ၀တ်မပါ ဗလာကိုယ်တည်း မြို့ထဲလှည့်ပတ်စေပြီးမှ သဂြို င်္လ်ရမည်ဟု
အမိန့်ထုတ်မှသာ ထိုမသာမျိုးနည်းပါသွားးသည်ဟု ကြားသိရပေသည်။
မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်နေသည့် ဆူနာမီဆရာတော် ဥိးဥတ္တမသာရ၊
ဓမ္မစေတီ ဦးကောသလ္လ၊ ဦးအေးမောင်၊ ဦးအောင်သင်း၊ ချစ်ငယ်(ဒဿန) ဦးကျော်ဟိန်း
အစရှိသော အဓမ္မ၀ါဒီ လူလိမ်လူညာများ အမြဲတန်းနေရာ ရလျက်ရှိရာ ထိုသူတို့ကို
အထောက်ထားခိုင်လုံစွာဖြင့် ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်မှသာ (၀ါ) ဂျပန်နည်းဖြင့်
သဂြို င်္လ်မှသာလျှင် လူလိမ်လူညာများ ခေါင်းပါးသည်ထက် ခေါင်းပါးသွားနိုင်ပေသည်။
ယခင်က ဓာတ်ပုံများ ထည့်သွင်းဖော်ပြလေ့မရှိသော မှု့ခင်းသတင်းများသည်ပင်
ယခု ဓာတ်ပုံများဖြင့် ဝေဆာလျက်ရှိနေသည်ကို တွေ့ရပေသည်။ ထိုသို့ ဓာတ်ပုံထည့်၍
ဖော်ပြရခြင်း၏ အဓိကရည်ရွက်ချက်မှာ နောက်လူတွေ သတိသံဝေဂရပြီး ဒုစရိုက်လုပ်ငန်း
များကို ရှက်ကြောက်စေလို၊ ရှောင်ကြဉ်စေလိုသည့်အပြင် ဒုစရိုက်သမားများ ပပျောက်စေလို
သောကြောင့် ဖြစ်ပေသည်။

ထိုနည်းတူစွာပင် လူလိမ်လူညာများ ပပျောက်အောင်၊ သာသနာသန့်ရှင်းတည်တန့်အောင်
လုပ်ဆောင်ရာ၌ ၄င်းတို့ကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်းသည်သာလျှင် အကောင်းဆုံး
သောနည်းလမ်းတရပ်ဖြစ်ပါ၏။
ထို့ကြောင့် ဓမ္မဥပဒေကို ချိုးဖောက်သည့် ဒုစရိုက်သမားများကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်းက
အထိရောက်ဆုံး နည်းလမ်းဖြစ်၏ ဟု ဆိုရခြင်းဖြစ်ပါ၏။

ဤသည်ကို လူငယ်တို့သတိရှိစေချင်ပါသည်။ အနာဂတ်သာသနာသည် လူငယ်တို့အပေါ်၌
မလွဲမသွေကျရောက်တော့မည်ဖြစ်၏။ ထိုအခါ ထိရောက်အောင်မြင်သော နည်းစနစ်ကို
ကျင့်သုံးတတ်ပါမှ အနာဂတ်သာသနာသည် တိမ်ကင်းစင်သည့် လမင်းပမာ သန့်ရှင်း
ဝင်းပနေမည် ဖြစ်ပေသည်။

တခုသတိထားရမည်မှာ.....
ဣဿာ၊ မစ္ဆရိယကင်းရမည်၊ အဂတိတရား ကင်းရမည်။
အညိုးအတေးကင်းရမည်၊ အထောက်ထားခိုင်လုံရမည်။
သုတေသနပြု လေ့လာရမည်။ သတ္တိရှိရမည်။
အန္တရာယ်ကို ကြိုတင်တွက်ဆထားရမည်။
ကြောက်တတ်သည့်စိတ်ကို အပြီးအတိုင် သဂြို င်္လ်ထားရမည်။
အထူးသဖြင့် လူယဉ်ကျေးများ၏ ပိတ်ပင်တားဆီးမှု့ကို တွန်လှန်ရဲရမည်
- ဆိုသည်ကို
လူငယ်တို့ သိထားရပေမည်။

ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)


ဆရာ၏ ဆုံးမအပ်သောသြ၀ါဒကို အစဉ်အမြဲနာယူမှတ်သားလျက် သာသနာ၌ပေါ်ပေါက်လာသော
သာသနာဖျက် မိစ္ဆာကောင်များကို မတုန်မလှူပ်၊ မကြောက်မရွံ့သောစိတ်ဖြင့်
မုန်းမှာကိုမကြောက် အတ္တကိုစတေးကာ
အသက်ရှင်နေသ၍ ဆက်လက် သုဓ်သင်နေမည်။
ဆရာတော် ၀ီရသူ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်..........

Image Hosting by imagefra.mehttp://www.sbay-student.org/

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။