MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က
 ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းကို တွေ့ရစဉ်


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် စိန်ပန်းလမ်းနှင့် မနော်ဟယ်ရီလမ်းကြား အကွက် (C-1)တွင်နံနက် ၉ နာရီ ၃၀မိနစ်က စတင်လောင်ကျွမ်းခဲ့ကြောင်း၊ ၁၅ ပေ၊ ပေ ၂၀
သွပ်မိုးထရံကာ မြေစိုက်တစ်ထပ် အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ လောင်ကျွမ်းခဲ့ပြီး ၉နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

''မီးလောင်နေတဲ့အချိန်က လေအရမ်းတိုက်နေတယ်။ လောင်အားလည်း တော်တော်လေးကောင်းတယ်။ အချိန်မီ ငြိမ်းသတ်နိုင်လိုက်လို့ တော်သေးတယ်။ မဟုတ်ရင်တော့ လေတိုက်နေတဲ့အချိန်နဲ့ လောင်အားကောင်းပုံနဲ့ ဆိုရင် အများကြီး လောင်သွားနိုင်တယ်''ဟု မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောကြားပါသည်။

အဆိုပါ မီးလောင်မှုကြောင့် နံကပ်တိုက် ၁လုံး၊ သွပ်မိုးထရံကာ နှစ်ထပ်အိမ် ၂လုံးနှင့် သွပ်မိုးထရံကာ မြေစိုက်အိမ် ၂လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၃၇ စီး၊ အကူယာဉ်တစ်စီးနှင့် သန္ဓေအင်းအား ၄၅ ဦး အပါအ၀င်အရန်အင်အား ၁၅၀ ဦးတို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စုငါးစုနှင့် လူဦးရေ ၃၀ မီးဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး (C)ရပ်ကွက်ရှိ ဓမ္မရိ က္ခီတဓမ္မာရုံတွင် ယာယီစခန်းဖွင့်လှစ်ကာ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်းမှ (ပ) အမှတ် ၁၇၆/၂၀၁၂၊ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။