MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

၈၈ ခုနှစ်ဝန်းကျင် တက္ကသိုလ်နောက်ခံ ဇာတ်ကား ‘လွမ်းစိမ့်’ ကို ပြင်ဆင်ချက် ၂၅ ချက် ပြန်လည် ပြင်ဆင်စေပြီးနောက် ဆင်ဆာအဖွဲ့မှ ပြသခွင့်ပြု

e584
၈၈ ခုနှစ်ဝန်းကျင် တက္ကသိုလ် နောက်ခံဇာတ်ကား ‘လွမ်းစိမ့်’ ကို ပြသဖြန့်ချိရန်အတွက် ပြင်ဆင်ချက် ၂၅ ချက်ကို ပြန်လည်ပြင်ဆင်စေပြီးနောက် ဆင်ဆာအဖွဲ့မှ ပြသခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဇာတ်ကားအား ယခင်က ဆင်ဆာ ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ ပြန်လည်စိစစ်ကြည့်ရှုပြီးနောက် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် အချက် ၂၅ချက်အား
ထုတ်ပြန်ပေးခဲ့ကာ ယင်းအချက်များပြင်ဆင်ပြီး နောက် ဖြန့်ချိပြသရန် ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။
‘‘ဒီဇာတ်ကားကို ရိုက်ကူးထားတာ တော်တော်ကြာပါပြီ။ ဆင်ဆာအဖွဲ့က ပြသခွင့်မပြုခဲ့တာကြောင့် ဒီအတိုင်းပဲ ထားခဲ့ရတာပေါ့လေ။ အခုဆင်ဆာပိတ်ပင်ထားတဲ့ ဇာတ်ကားတွေကို ပြန်လည်စိစစ်မယ်ဆိုတဲ့ အတွက် ပြန်လည်တင်ပြတဲ့အခါမှာ ပထမတစ်ခါ ဆင်ဆာအဖွဲ့က ထောက်ချက် ၁၈ ချက် ရှိတယ်ဆိုပြီး ထွက်လာပါတယ်။ အဲဒီအချက်တွေ ကို ပြင်ဆင်ပါဆိုတဲ့အတွက် ဖြတ်ခိုင်းတဲ့ အခန်းတချို့ကိုလည်း ဖြတ်တောက်ခဲ့ရပါတယ်။ နောက်တစ်ခါ ထပ်မံစိစစ်ရာမှာတော့ ထောက်ချက် ၇ ချက်ထပ်ထွက်လာပါတယ်။ အဲဒီ အချက် ၂၅ ချက်ကိုပြင်ဆင်ပြီးပြီ ဆိုမှ ပြသခွင့်ပြုခဲ့တာပါ။ ဒီအတွက်ဇာတ်ကို ဘာထိခိုက်သလဲမေးရင် တော့ ဇာတ်ရဲ့လေးနက်မှုကို အများကြီး ထိခိုက်ပါတယ်။ ဒီကားလေးက တက္ကသိုလ် ကျောင်းသားတွေရဲ့life ကို ရိုက်ကူး တင်ပြထားတာပါ။ ဒါကြောင့် ဒီ life နဲ့ အတူပူးတွဲတင်ပြရမယ့် တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို ဖြတ်တောက်စေခဲ့တာဆိုတော့ ဇာတ်ရဲ့ လေးနက်မှုကိုတော့ အများကြီး ထိခိုက်သွားတယ်လို့ ဆိုရမှာပါ’’ ဟု အဆိုပါဇာတ်ကားအား ထုတ်လုပ်သည့် ဆာတိုရီဗီဒီယို ထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ရှင်းပြခဲ့သည်။
ထို့ပြင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် သရုပ်ဆောင် ပြေဇင်ကလည်း ‘‘ကျွန်တော်တို့ ဒီဇာတ်ကား ရိုက်ကူးစဉ်တုန်း က တော်တော်လေးကို အပင်ပန်းခံ ရိုက်ကူးခဲ့တာပါ။ ရိုက်ကူးရတဲ့နေရာက အစ တကယ့် တက္ကသိုလ်ကျောင်း နောက်ခံပုံစံနဲ့တူအောင် ဖန်တီးရိုက်ကူးခဲ့ကြရပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ ရိုက်ကူးခွင့် ဆိုတာမျိုးလည်း မရှိသေးဘူးလေ။ အားလုံးကြိုးစား လုပ်ခဲ့တဲ့အရာတစ်ခု ကို အခုလိုပရိသတ်ရှေ့မှာ ပြန်လည် ပြသခွင့်ရမှာဖြစ်တဲ့အတွက် ၀မ်းသာ ပေမယ့် အများကြီးဖြတ်တောက် လိုက်ရတယ် ဆိုတာကြောင့်တော့ စိတ်မကောင်းပါဘူး’’ဟု ပြောပြခဲ့သည်။
‘လွမ်းစိမ့်’ ဗီဒီယိုဇာတ်ကားသည် ၈၈ ခုနှစ်ဝန်းကျင်ကာလက တက္ကသိုလ်နောက်ခံ ဇာတ်ကား တစ်ကားဖြစ်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ချိုတူးဇော်က ရိုက်ကူးဖန်တီးထားကာ ရဲတိုက်၊ ပြေဇင်၊ အေးမြတ်သူ၊ နိုဗယ်ကျော်ကျော်နှင့် လူငယ်သရုပ်ဆောင် များစွာ ပါဝင်သည်ဟု သိရသည်။





News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။