MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ပေးပါ (ပေးစာ)

သို့/
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း
ကျွန်တော်တို့ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ့အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အားပိတ်ဆို့ပြီး ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါ သည်။ ကျွန်တော်တို.သည် ၎င်းလေးမြို့မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိ သည်တို့ကိုပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ

 လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်းတွင်စက်ကြီးများဖြင့်တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ် ညမ်းခြင်း၊ သုံးစွဲမရခြင်း၊ မြစ်ထဲမှာရှိတဲ့ငါးများ မြစ်ရေညစ်ညမ်းမှုဖြင့် အလိုအလျောက်သေခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလည်း ၎င်းလေးမြို့မြစ်ရကိုသုံးစွဲမိကြသဖြင့် ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။ ၎င်းအပြင် ထိုလေးမြို့မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လည်း ၎င်းလေးမြို့မြစ်ကရေကို အမှီသဟဲပြု၍ လယ်မြေ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုးစားသောက်၍ရရှိမည့်နည်းလမ်းများလည်း အလွန်နည်းနေလျှက်ရှိနေပါတယ်။ ၎င်းမြစ်ရေကို အမှီပြု၍ လုပ်ကိုင်စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။
အကယ်၍ ဒီလေးမြို့မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ့လျှင်လည်း ကျွန်တော်တို့ရခိုင်ပြည်ရှိ လေးမြို့မြစ်ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စား သောက်လျှက်ရှိကြသော ပြည်သူများမှာလည်း အလုပ်လက်မဲ့ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ့ရင်ဆိုင်ရမည့်အရေးနဲ့ကြုံကြိုက်နေရပါသောကြောင့် သနားညှာတာထောက်ထားစွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန့်ပေးပါရန် ရိုသေလေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန်အား မေတ္တာရပ်ခံတောင်းဆိုသမှုပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါ တယ်။





မိုးမခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။