MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

မြစ်ကြီးနားမြို့တွင် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ခရန်ခူးဒေသမှ စစ်ပြေးဒုက္ခသည်များမှာ အဝေးဆုံးနှင့် နောက်ဆုံးရောက်လာသော ဒုက္ခသည်များဖြစ်ပြီး အကူအညီများစွာ လိုအပ်နေ

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ခရစ်တော်၏အသင်းတော်မှ ဒုက္ခသည်စခန်းတစ်ခု
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ခရန်ခူးဒေသ နော်ရာယန်ရွာ၊ ခရန်ထီဒမ်းရွာ၊ နိန်ဒမ်ကောင်ရွာ၊ သုံးရွာမှာ နယ်မြေဒေသ မအေးချမ်းမှုကြောင့် ကျေးရွာများ မီးရှို့ခံရကာ မြစ်ကြီးနားမြို့သို့ ပူတာအိုမှတစ်ဆင့် ခြေလျင်လမ်း၊ ကားလမ်းကြောင်းဖြင့် လည်းကောင်း၊ အင်ထန်းတွမ်-မလိ ယန်မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ခြေလျင်လမ်း မေခလမ်းကြောင်းမှ တစ်ဆင့်ရေကြောင်းဖြင့်လည်းကောင်း ရောက်ရှိလာကြကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ သုံးရွာတွင် ရ၀မ်လူ မျိုးများသာရှိပြီး အိမ်ထောင်စု ၂၁ စုရှိကာ လူဦးရေ ၉၀ ကျော်ရှိကြောင်း သိရသည်။ ၎င်းဒုက္ခသည်များကို ဧပြီလကုန်ပိုင်းတွင် စတင်၍ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ထွက်ဆန်နယ်မြေရှိ ခရစ်တော်၏ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် လက်ခံစောင့် ရှောက်ထားရကြောင်း စုံစမ်းသိရှိရသည်။ ''ကျွန်တော်တို့က ဘယ်သူရဲ့ အကူအညီမှ မှန်မှန်မရဘူး။ ရှိတဲ့ အကူအညီနှင့် ခရစ်တော်မိသားစု အလှူလေးတွေ ပေါင်းပြီး ကျွေးမွေး စောင့်ရှောက်ထားတာ။ လုံခြုံမှု၊ စားနပ်ရိက္ခာ၊ နေစရာအဆောက်အအုံ၊ ကျန်းမာရေးအတွက် ဘာတစ်ခုမှ ပြည့်ပြည့်စုံစုံ မရှိဘူး။ ဒီအထဲရောက်လာတဲ့ လူတွေကလည်း မြန်မာစကား ပြောတတ်တဲ့လူ နည်းတယ်။ အဲဒီဒေသကလူတွေ နောက်ဆုံးရောက်လာတာကတော့ (၁၃.၅.၂၀၁၂) က နောက်ဆုံးပဲ''ဟု စောင့်ရှောက်ရေး တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်။

''ကျွန်တော်တို့မိသားစုက နိန်ဒမ်ကောင်ရွာမှ လဂွန်းတောင်-မရှော့ေ၀၀မ်-အင်ထမ်းတွန်-မလိယန်ကို ခြေလျင်ခရီး သုံးရက်လောက်လာပြီး မလိယန်ကနေ မြစ်ကြီးနားကို စက်လှေနဲ့ စုန်လာခဲ့တာ စားစရာကလွဲပြီး ဘာမှ မသယ်နိုင်ဘူး။ အကုန်လုံး ရွာမှာထားခဲ့ပြီး လာခဲ့ရတာ။ မြစ်ကြီးနားရောက်ဖို့ ဘယ်လမ်းကလာလာ အနည်းဆုံး တစ်ပတ်ကျော် ကြာတယ်'' ဟု နိန်ဒမ်ရွာ တရားဟောဆရာတော်က ပြောကြားခဲ့သည်။ ၎င်းဒုက္ခသည်များ သည် မြစ်ကြီးနားမြို့သို့ နောက်ဆုံးရောက်လာသော ဒုက္ခသည်များဖြစ်ပြီး အကူအညီများစွာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။