MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ရန်ကုန်မြို့တွင်း တန်ပိုတင်ဆောင်နေသော ယာဉ်များကို မူလလမ်းပျက်စီးမှု လျော်ကြေးအပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေရိုက်ကာ အရေးယူမှုစတင်

594
ကုန်တင်ထားသော ယာဉ်တစ်စီးကို ဘုရင့်နောင်လမ်းဆုံ၌ တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ကုန်တင်ထားသည့် ယာဉ်များ၏ တန်ပိုတင်ဆောင်မှုအား ကန့်သတ်ထားပြီး သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတင်ဆောင်ပါ က မူလလမ်းပျက်စီးမှုလျော်ကြေး အပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေတပ်ရိုက်ကာ အရေးယူမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ် တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ထားသည့် ယာဉ်များအားလုံး ၀င်ရိုးအလိုက်သာ ကုန်တင်ရသည့် အာဆီယံ စံနှုန်းအတိုင်းသာ ကုန်တင်ဆောင် ရသည့်စနစ်ကို၂၀၁၂ခုနှစ် မတ်လ အတွင်းက စတင်အကောင်အထည်

 ဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။“မေလ၂၅ရက်နေ့က ကျွန်တော့်ကားကို တန်ပိုရှိမရှိ မိုဘိုင်းကတ္တားနဲ့
 အင်းစိန်ရွာမကွေ့နားက ဂျပန်လမ်း မှာ စစ်ဆေးခြင်းခံရပါတယ်။ ကျွန်တော့် ကားက ယာဉ်၊ကုန်အလေးချိန် ၅တန်ခွဲပဲရှိရမှာကို ၇တန်ခွဲရှိလို့ ဆိုပြီး လမ်းပျက်စီးမှုလျော်ကြေး ဆိုပြီး တစ်တန်ကိုကျပ် ၅၀၀၀နဲ့ နှစ်တန်အတွက် ကျပ် ၁၀၀၀၀ တပ်ရိုက်ပါတယ်။ ဒါ့အပြင် စည်ပင်ဥပဒေ ပုဒ်မ-၂၈အရ ဆိုပြီး တရားရုံးမှာ ဒဏ်ငွေကျပ်ငါးသောင်း ထပ်မံပေးဆောင် ခဲ့ရပါတယ်”ဟု ဘုရင့်နောင်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဝန်ပိုတင်ဆောင်ပါက သတ်မှတ်တန်အထက် တစ်တန်မှငါးတန်အထိ တစ်တန်လျှင်ကျပ် ၅၀၀၀ နှုန်း၊ ခြောက်တန်နှင့်အထက် တစ်တန်လျှင်ကျပ် ၁၀၀၀၀နှုန်း တန်ပိုကြေး ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။