MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 29, 2012

မြောင်မြို့နယ် ကုန်းတွင်းပိုင်းဒေသများတွင် သောက်ရေရှားပါးမှုနှင်ရင်ဆိုင်နေရ

မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းကျရောက်သည့်ဒေသများတွင် မိုးခေါင်၍ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေနေရကြောင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်က နယ်မြေခံ ဦးဝင်းနိုင်က ပြောသည်။
မြောင်မြို့နယ်၏ ကုန်းတွင်းပိုင်းဒေသများ  သောက်သုံးရေပြတ်လပ်မှုအတွက်   မြောင်မြို့နယ် လူမှုရေး အသင်းအဖွဲ့များ     နှင့် အစိုးရအဖွဲ့များပူးပေါင်း၍ ရေပေးဝေရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။
'ရွာမှာသောက်ရေလုံးလုံးကို ပြတ်သွားတယ် အရင်နှစ်က ရွာအနောက်ဖက်သောက်ရေကန်ထဲမှာရေမရှိ
 ပေမယ့် လက်ယက်တွင်းတွေကနေယူလို့ရသေးတယ်၊ဒီနှစ်တော့မိုးကလည်းခေါင်တော့လက်ယက်တွင်း 
 တွေကလည်း ရေမထွက်တော့ဘူး။ရွာကလူတွေအကုန် သောက်ရေကို နှစ်မိုင်လောက်ဝေးတဲ့ ဖွားစောရွာ သွားခပ်ရတယ်။ရေစည်လှည်းရှိတဲသူတွေက ရေစည်လှည်းနဲ့ မရှိတဲ့သူတွေကတော့ စက်ဘီးတွေ မှာ      ရေပုံးချိတ်ပြီးသွားခပ်ရတယ်။ ကျုပ်တို့ရွာမှာတော့    ရေခပ်ရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပြီ' ဟုလက်ယက်မကျေးရွာ က ဒေါ်လှဝင်းဋ္ဌေးကပြောသည်။
 
မြောင်မြို့နယ်အတွင်းမှ ကျေးရွာတွေဖြစ်သည့် လက်ယက်မ၊ကြာပင်လှ၊ဇရပ်ကုန်း စသည့် ကုန်းတွင်းပိုင်း ကျေးရွာတွေမှာ   သောက်သုံးရေ အဓိကပြတ်လပ်နေကြောင်း သိရသည်။
 
'ကြည်းတောတွေအကုန်လုံး လိုလို သောက်ရေရှားကြတယ်။ဒီနှစ်မိုးခေါင်တော့ပိုဆိုးတာပေါ့ သူတိုခမျာသုံးရေတောင်အနိုင်နိုင်။   အရင်တစ်ခါအခုလို သောက်ရေတွေရှားတုန်းက မြောင်ကလူမှုရေးအသင်းတွေ အစိုးရအဖွဲ့ တွေနဲ့   ပေါင်းပြီးသောက်ရေ သွားသွားလှူရတယ်။ ဒီနှစ်တော့သောက်ရေ အဓိကအခက်ခဲဖြစ်နေတဲ့ ကျေးရွာတွေကို အရင်ဆုံးသွားလှူဖို့အစီစဉ်ရှိတယ်' ဟု မြောင်မြို့နယ်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှုးဦးအောင်ပွကြီးကပြောပါသည်။ 








မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။