MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ပင်လယ်ကူး​သ​င်္ဘောသား​များ​အသင်း​ အလုပ်သမား​အဖွဲ့ အဖြစ် ရပ်တည်မည်


 

မြန်မာသ​ဘောင်္သား​တွေအတွက် အလုပ်သမား​ရပိုင်ခွင့်​နဲ့​ အခွင့်​အ​ရေး​တွေ ပိုမိုရရှိ ​အောင်ရည်ရွယ်ပြီး​ မြန်မာသ​င်္ဘောသား​အသင်း​ အဖွဲ့​တွေက​နေ အလုပ်သမား​ အဖွဲ့​အစည်းအဖြစ်​ပြောင်း​လဲရပ်တည်​တော့​မယ်လို့​ အဖွဲ့​တာဝန်ရှိသူ​တွေက ​ပြောပါတယ်။
လွန်ခဲ့​တဲ့​ ၁၀ နှစ်​လောက်ကတည်း​က မြန်မာပင်လယ်ကူး​ သ​င်္ဘောသား​တွေရဲ့​ အ​ရေး​ကူညီ ​ဆောင်ရွက်​ပေး​ဖို့​ ဖွဲ့​စည်း​ထား​တဲ့​ မြန်မာနိုင်ငံပင်လယ်ကူး​ သ​င်္ဘောသား​များ​အသင်း​ Myanmar Overseas Seafarers Association (MOSA)ကို ဖျက်သိမ်း​ပြီး​ အလုပ်သမား​အဖွဲ့​အစည်း​တခုရဲ့​ လက်
အောက်မှာ ​ပြောင်း​လဲ ရပ်တည်​တော့​မယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေပြဌာန်း​လိုက်ပြီဖြစ်ပြီး​ ပင်လယ်ကူး​ သ​င်္ဘောသား​တွေလည်း​ အလုပ်သမား​တွေဖြစ်တဲ့​အတွက် မိုဆာ အသင်း​ဝင်​တွေအ​နေနဲ့​ မြန်မာနိုင်ငံ ပင်လယ်ကူး​သ​င်္ဘောသား​များ​ အလုပ်သမား​အဖွဲ့​ချုပ်အောက်ကို ​ပြောင်း​လဲဖို့​စီစဉ်​နေတာလို့​ မိုဆာအုပ်ချုပ်​ရေး​မှူး​ ဦး​ကိုကိုနိုင်က ​ပြောပါတယ်။

“နှစ်ဖက်စလုံး​ကလည်း​ တရား​ဝင်​ပြောထား​တယ်။ ဘာလို့​လဲဆို​တော့​ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေအရ သ​င်္ဘောသား​တွေဟာ ​ရေလုပ်သား​တွေဖြစ်တဲ့​အတွက် အလုပ်သမား​အဖွဲ့​အောက်ကို ​ပြောင်း​လဲဖွဲ့​စည်း​တာ ဖြစ်ပါတယ်။”

မြန်မာအစိုး​ရက အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေသစ်ထုတ်ပြန်ပြီး​နောက် မြန်မာပြည်တွင်း​မှာ အလုပ်သမား​အဖွဲ့​အစည်း​တွေ အသီး​သီး​ထူ​ထောင်​နေကြရာမှာ မြန်မာနိုင်ငံ ပင်လယ်ကူး​သ​င်္ဘောသားအလုပ်သမား​အဖွဲ့​ချုပ်ကိုလည်း​ ပြီး​ခဲ့​တဲ့​ ဧပြီ ၂၅ ရက်​နေ့​ကတည်း​က ဖွဲ့​စည်း​ထား​ပြီး​ဖြစ်ပါတယ်။

အခုလို မိုဆာအသင်း​အ​နေနဲ့​ ပင်လယ်ကူး​သ​င်္ဘောသား​ အလုပ်သမား​ အဖွဲ့​ချုပ်ဝင်အဖြစ်​ပြောင်း​လဲရပ်တည်လိုက်ခြင်း​အား​ဖြင့်​ ကမ္ဘာ့ ​အလုပ်သမား​အဖွဲ့​ချုပ်(အိုင်အယ်လ်အို)နဲ့​ ပူး​ပေါင်း​ပြီး​ မြန်မာသ​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​တွေ ပိုမိုရ​အောင် ​ဆောင်ရွက်နိုင်လိမ့်​မယ်လို့​ ဦး​ကိုကိုနိုင်က ​ပြောပါတယ်။

“ဒီအသင်း​ကို​ရော အသင်း​မှာပါတဲ့​အဖွဲ့​ဝင်​တွေကို​ရော ပိုပြီး​ ကာကွယ် ​စောင့်​ရှောက်မှု ​ပေး​နိုင်မယ် ထင်ပါတယ်။ အိုင်အယ်လ်အိုက သတ်မှတ် ထုတ်ပြန်ထား​တဲ့​ အချက်​တွေနဲ့​အညီ ကာကွယ်​စောင့်​ရှောက်​ပေး​နိုင်လိမ့်​မယ်လို့​ ထင်ပါတယ်။”

မြန်မာသ​င်္ဘောသား​တဦး​က လက်ရှိမြန်မာပင်လယ်ကူး​ သ​င်္ဘောသား​တွေဟာတခြားနိုင်ငံက သသ​င်္ဘောသားတွေထက် လုပ်ခလစာ တန်း​တူမရဘဲ အနှိမ်ခံရတဲ့​ကိစ္စကို မြန်မာသ​င်္ဘောသား အလုပ်သမား​အဖွဲ့​အစည်း​တွေအ​နေနဲ့​ ကူညီ​ဆောင်ရွက်​ပေး​ဖို့​ လိုလား​တယ်လို့​ ​ပြောပါတယ်။

“သွား​လုပ်တဲ့​ ကုမ္မဏီ​တွေ​ပေါ်မူတည်တယ်။ တချို့ ကုမ္မဏီ​တွေမှာ​တော့​ သူတို့​လူမျိုးဆိုရင် လစာပို​ပေး​တယ်။ မြန်မာ​တွေဆိုရင် လစာ​လျှော့​တယ်။ အဲ့​လိုမျိုးတွေ ညီတူညီမျှဖြစ်​အောင် လုပ်သင့်​တယ်​ပေါ့​ဗျာ။ ဥ​ရောပဆိုလည်း​ ဥ​ရောပ၊​ အ​နောက်နိုင်ငံ​တွေက သ​င်္ဘောသားတွေနဲ့​လည်း​ တန်း​တူမျိုး။ လစာမျိုး ဖြစ်သင့်​တယ်။ တရုတ်နဲ့​ဆိုလည်း​ တရုတ်နဲ့​ တန်း​တူ​ပေါ့​။ အခုက မြန်မာ​တွေဆို လစာနည်း​တယ်။ ​လျှော့​ပေး​တယ်။ မြန်မာ​တွေက ​ပေါတယ်ဆိုပြီး​ မြန်မာ​တွေကို ​ခေါ်တယ်။ လစာ​လျော့​ရတဲ့​ ကုမ0x081ပဏီ​တွေလည်း​ အများ​ကြီး​ရှိတယ်။ သ​င်္ဘောသားတစီး​ အတူတူချင်း​၊​ ရာထူး​တူရင်​တောင်မှ မြန်မာဆို​လျှော့​ပေး​တာမျိုးရှိတယ်။”

မိုဆာအသင်း​ကို ၂၀၀၂ ခုနှစ်ကတည်း​က ယခင်က ပြည်ထဲ​ရေး​ဝန်ကြီး​ဌာန လက်​အောက်မှာရှိတဲ့​ အဖွဲ့​အစည်း​များ​ စည်း​မျဉ်း​ဥပ​ဒေအရ ဖွဲ့​စည်း​ထား​တာဖြစ်ပြီး​ အဖွဲ့​ဝင် ၃ ​သောင်း​ကျော်​လောက် ရှိ​နေတာပါ။

ဒီအသင်း​အ​နေနဲ့​ သ​င်္ဘောသား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်ဖို့​၊​ သာ​ရေး​နာ​ရေး​၊​ လူမှုဖူလုံ​ရေး​နဲ့​ သ​င်္ဘောသားတွေအတွက် ပညာ​ပေး​လုပ်ငန်း​တွေ လုပ်ကိုင်ဖို့​ရည်ရွယ်ဖွဲ့​စည်း​ခဲ့​တာပါ။



DVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။