MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 19, 2012

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ပြောကြား၊ အများပြည်သူများကိုလည်း အလှည့်က မီးပေးစနစ်ဖြင့်သာ ပေးမည်ဟုဆို


elec
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူများကို မေလ ၁၉ ရက်နေ့ မီဒီယာတွေဆုံပွဲတွင် တွေ့ရစဉ်
ရွှေလီ-မန်စံဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ရက်နေ့မှစတင်ကာ အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ၁၉ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။
ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂နာရီ ၄၇မိနစ်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများရပ်ဆိုင်းသွားခဲ့ ကြောင်း၊ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ၀ပ်ခန့်ကို ရရှိတော့မည်မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အားဖြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ရက်နေ့မှစတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျင် ၆နာရီအလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး
ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က“မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင်လဲသွားတယ်။ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေအမြန်ဆုံးပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေးကန့်သတ်ချက်ရှိတဲ့အတွက် လိုအပ်တာထက်ပိုကြာနိုင်ပါတယ်။ဘယ်လောက်ကြာနိုင်တယ်ဆိုတာတော့ အတိအကျခန့်မှန်းလို့မရသေးပါဘူး။ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေးအဖွဲ့အစည်းပါ။လျှပ်စစ်ဓာတ်အားရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလခပေးနိုင်မှာပါ။စောနိုင်သမျှစောအောင်မီးပြန်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာပါ”ဟုပြောကြားခဲ့သည်။





News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။