MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

၅၄ နှစ်မြောက်ရှမ်းတပ်မတော်နေ့အခမ်းအနားကျင်းပ


အခမ်းအနားကျင်းပနေစဉ်(photo-SSA/RCSS)
ဒီ​နေ့​ ကျ​ရောက်တဲ့​ ၅၄ နှစ်​မြောက် ရှမ်း​ပြည် တပ်မ​တော်​နေ့​ အခမ်း​အနား​ကို ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ ထိန်း​ချုပ် နယ်​မြေ​တွေမှာ ကျင်း​ပခဲ့​ပါတယ်။
ရှမ်း​ပြည်တပ်မ​တော် ဗဟိုဌာနချူပ် လွိုင်တိုင်း​လျဲန်း​မှာ ဒီ​နေ့​မနက် ကျင်း​ပသွား​ခဲ့​တဲ့​ ၅၄ နှစ်​မြောက် အခမ်း​အနား​မှာ အစိုး​ရနဲ့​ သ​ဘောတူလက်မှတ် ​ရေး​ထိုး​တဲ့​အတိုင်း​ ဆက်လက်​ဆောင်ရွက်သွား​မယ်လို့​ ဒု-ဦး​စီး​ချုပ်
ဗိုလ်မှူး​ကြီး​ ​ခေး​ငင်း​က အဖွင့်​အမှာစကား​ ​ပြောကြား​ခဲ့​တယ်။ဒီအမှာစကား​မှာ ထည့်​သွင်း​ပြောဆိုခဲ့​တာကို ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ခုလို ပြန်​ပြောပြပါတယ်။

“ကျ​နော်တို့​ သ​ဘောတူညီချက်အတိုင်း​ပဲ လိုက်နာ​ဆောင်ရွက်သွား​ဖို့​ ကျ​နော်တို့​ စစ်ဦး​စီး​ချုပ်၊​ ဒုဥက္ကဌ​တွေက မှာကြား​ထား​ပါတယ်။ အစိုး​ရနဲ့​အတူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ​ဆွေး​နွေး​ပွဲက​နေ ရရှိလာတဲ့​ သ​ဘောတူညီချက်​တွေကို အခမ်း​အနား​မှာ ချပြရှင်း​လင်း​ခြင်း​ ဖြစ်ပါတယ်။ စစ်​ရေး​ပြလည်း​ရှိတယ်။ ၅၄ နှစ်အတွင်း​မှာ ကျဆုံး​သွား​တဲ့​ တပ်မှူး​၊​ တပ်သား​နဲ့​ အာဇာနည် သူရဲ​ကောင်း​များ​ကို အ​လေး​ပြု ကြပါတယ်။ ”

အစိုး​ရနဲ့​ ဒီလ ၁၉ ရက်​နေ့​က ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ – ရှမ်း​ပြည်တပ်မ​တော် (​တောင်ပိုင်း​)နဲ့​ အစိုး​ရပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ ကျိုင်း​တုံ​ဆွေး​နွေး​ပွဲမှာ အပစ်အခတ်ရပ်​ရေး​၊​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​ရေး​၊​ တပ်​နေရာချထား​ရေး​အပါအဝင် ၁၂ ချက်ကို သ​ဘောတူညီခဲ့​တဲ့​အ​ပေါ် ရည်ညွှန်း​ပြောဆိုတာ ဖြစ်ပါတယ်။

အဲဒီ​ဆွေး​နွေး​ပွဲမှာ အစိုး​ရဘက်က ဒုတိယကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​စိုး​ဝင်း​ ဦး​ဆောင်ပြီး​ ရှမ်း​ပြည်တပ်မ​တော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး​ရွက်ဆစ် ဦး​ဆောင် လက်မှတ်ထိုး​ခဲ့​တာပါ။ နှစ်ဖက် ကိုယ်စား​လှယ်​တွေက မူး​ယစ်​ဆေး​ဝါး​တိုက်ဖျက်​ရေး​ကို ပူး​တွဲလုပ်​ဆောင်ဖို့​ အချက်ကိုလည်း​ သ​ဘောတူခဲ့​ကြတာပါ။

ရှမ်း​ပြည်တပ်မ​တော်​နေ့​အခမ်း​အနား​ကို ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေ၊​ ၀ အမျိုး​သား​အဖွဲ့​ချုပ်၊​ ပအိုဝ်း​အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​၊​ ကရင်နီအမျိုး​သား​ တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေပါ တက်​ရောက်ခဲ့​ပြီး​ စစ်သည်နဲ့​ ပြည်သူအပါအဝင် လူ​ပေါင်း​ ၂ ​ထောင် နီး​ပါး​ တက်​ရောက်ခဲ့​တယ်လို့​ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အလား​တူ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ ကျိုင်း​တုံစစ်​ဒေသ လွိုင်​ကော်ဝမ်း​မှာပြုလုပ်တဲ့​ အခမ်း​အနား​မှာလည်း​ လူ​ပေါင်း​၂​ထောင်​လောက် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

၁၉၅၈ ခုနှစ် ​မေလ ၂၁ ရက်​နေ့​မှာ ​မောပြည်​ထောင် အဆက်အနွယ် တဦး​ဖြစ်သူ စဝ်နွဲ့​ခေါ် စဝ်​ဆောယန္တက မျိုး​ချစ် ရှမ်း​လူငယ် ၃၁ ဦး​ နဲ့​ မိုင်း​ပန်မြို့ နယ် သံလွင်မြစ် တဘက်ကမ်း​ ​တောတွင်း​တ​နေရာမှာ ရှမ်း​လူငယ်တပ်မ​တော် အဖွဲ့ ကို စတင်တည်​ထောင်ခဲ့​တယ်။ အဲဒီ​နောက်ပိုင်း​ ရှမ်း​ပြည်တပ်မ​တော်ဟာ အင်အား​ကြီး​ လက်နက်ကိုင်တပ်ဖွဲ တခုဖြစ်လာပါတယ်။



ီDVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။