MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

ပြင်ဦးလွင်တွင် ၀တ်ပြုဆုတောင်း လယ်သမားများ သော့ပိတ်တားဆီးခြင်းခံရ

ယနေ့ နံနက် (၁၀)နာရီက ပြင်ဦးလွင် မြို့အ၀င် ကျောက်တော်ဘုရား၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယင်းလယ်မြေပိုင်ရှင်များက ဆုတောင်းဝတ်ပြုခဲ့ကြရာတွင် ဘုရားဂေါပကအဖွဲ့၏ သော့ပိတ်ခြင်း ခံခဲ့ရသည် ဟု သိရသည်။
“ပိတ်မိနေတာ နာရီဝက်လောက်ကြာတော့ နည်းနည်းတော့စိုးရိမ်သွားတယ်။ ဒါပေမဲ့ တောင်သူတွေအားလုံးက ဖြစ်လာတဲ့ပြသနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ကြတယ်”ဟု
ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သော တောင်သူတစ်ဦးကပြောသည်။

အဆိုပါ လယ်သိမ်းခံ လယ်သမားများသည် “သိမ်းဆည်းမြေယာပြန်ပေးပါ”ဟူသော ခေါင်းစဉ်ပါဝင်သည့် တီရှပ် အကျိင်္ဖြူများ ၀တ်ဆင်၍ ဘုရားရင်ပြင်အား တပတ်ပတ်ကာ မိနစ်(၂၀)ခန့်ကြာ ၀တ်ပြုဆုတောင်းမှု ပြုလုပ် အပြီး လူစုခွဲကာ ပြန်အဆင်းတွင် ဘုရားဝင်း၏ တခုတည်းသော သံတံခါးကို ဂေါပက အဖွဲ့မှ ပိတ်ခတ် ခံရခြင်း ဖြစ်သည်။

“လယ်သိမ်းခံရတဲ့ တောင်သူလယ်သမားတွေ ပူးပေါင်းပြီးဆောင်ရွက်တာပါ။ နိုင်ငံရေး အရောင်းအသွေးပါတဲ့ ဦးဆောင်အဖွဲ့မရှိပါဘူး” ဟု တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသည့် ဦးအောင်ကျော်ဆန်းက ပြောသည်။

အဆိုပါပိတ်မိနေသောတောင်သူများသည် ယူဆောင်လာသည့် ဖုန်းဖြင့် ပြင်ဦးလွင်မြို့ထဲရှိ အာဏာပိုင်များနှင့် အခွင့်အရေးလှုပ်ရှားသူများအား ဆက်သွယ် အကြောင်းကြားခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နယ် အထူးသတင်းရဲတပ်ဖွဲ့မှ အရာရှိအချို့နှင့် အာဏာပိုင်များမှ ရောက်ရှိလာကာ သော့ဖွင့်ပေးခဲ့ပြီး ပါဝင်သူ (၄) ဦးကို မေးမြန်းရန်အတွက် ဘုရားဂေါပကရုံးသို့ ခေါ်ဆောင်ခဲ့ကြောင်း ခေါ်ဆောင်သွားခြင်း ခံရသူတဦးဖြစ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ယက်မှ ဦးအောင်ကျော်ဆန်းက ပြောသည်။

“ဘယ်အဖွဲ့ကဦးစီးပြီးလုပ်တာလဲ၊ ဘယ်သူတွေပါသေးလဲ၊ နိုင်ငံရေးပါတီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကော ပါသေးလာဆိုပြီး အထူးသတင်း ရဲတပ်ဖွဲ့က မေးမြန်းခဲ့တော့ တောင်သူတွေက မိမိဆန္ဒနဲ့ဆောင်ရွက်တာပါလို့ ပြန်ဖြေခဲ့ကြတယ်”ဟု ၎င်းက YPI သို့ ပြောသည်။

အဆိုပါဘုရားရင်ပြင်တံခါးအား မည်သည့်အကြောင်းကြောင့် သော့ပိတ်ခဲ့ရသည်ကို တောင်သူလယ်သမား များနှင့် ပြင်ဦးလွင်မြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဘုရားဂေါပကအား သွားရောက်မေးမြန်းရာ တာဝန်ရှိသူများ မရှိသဖြင့် အကြောင်းပြန်နိုင်ခြင်း မရှိဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။





မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်- ကျော်သူရမျိုး (YPI )

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။