MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

မကွေးတိုင်း မြိုင်မြို့နယ် ကျေးရွာများ ရေရှားပါး ပြတ်လပ်နေ

2012-05-18
မကွေးတိုင်း၊ မြိုင်မြို့ အရှေ့ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ကျောက်ဖူးရွာမှာ သောက်သုံးရေရှားပါး ပြတ်လပ်နေကြတယ်လို့ သတင်းရရှိပါတယ်။
"စည်ပင်ရေတွင်းကလည်း ပျက်နေတာ ၁၀ လလောက်ရှိပြီ။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က သွားပြောတဲ့အခါမှာ ၂ ပတ်လောက် ရှိရင် လာပြင်ပါမယ် ဆိုတာလည်း မပြင်ဖြစ်သေးဘူး။ စည်ပင်ရေတွင်းကလည်း အဲ့တော့ မရဘူး။ သုံးနေကျ တစ်မိုင်လောက် ဝေးတဲ့ ကန်ကလည်း သွားခပ်နေရာမှာ အခုကျမိုးက မရွာတော့ ရေက ခပ်လို့မရတော့ဘူး။ ရွှံ့တွေချည်းပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဘယ်ကမှ ခပ်လို့မရတော့၊ ကျွန်တော်တို့က နောက်နေ့မှာ အဲလို သွားလှူဒါန်းရတာပေါ့။ ကျွန်တော်တို့ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်လှူပြီးပြီ။  နှစ်ရက်လှူပြီးရင် နောက် ၂
ရက်လောက်တော့ နေလို့ရသေးတယ် ပြောတယ်။ မိုးဦးမှ မကျရင် ကျွန်တော်တို့က အဲလို အလှူရှင်တွေ ရှာပေးပြီး အဲဒီကို ပို့ပို့ပေးနေရအုံးမှာပဲ။ အခု ဒီနေ့ ဟာရောဆို ဂါလံ သောင်းငါးထောင်လောက်ရှိပြီ။ လှူဒါန်းထားတာ"
ကျောက်ဖူးကျေးရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပါတယ်။ ရွာသားတွေက နွား၊ သိုး၊ ဆိတ် မွေးမြူရေးနဲ့ ရပ်တည်နေထိုင်ကြတာ ဖြစ်ပါတယ်။
အလားတူ ကျောက်ဖူးရွာ အနီးတစ်ဝိုက်က ပျဉ်သိမ်ကြီး၊ ငါးမြောင်း၊ နတ်သွယ်ကန်၊ နှမ်းဆီကန်၊ သာစည် စတဲ့ ရွာတွေမှာလည်း စုဆောင်းထားတဲ့ သောက်သုံးရေကန်တွေ ခမ်းခြောက်လာနေလို့ မကြာခင်ရက်ပိုင်းမှာ ရေပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ဦးအောင်ခင်ဝင်းက အခုလို ပြောပါတယ်။
"အဲဒီနားက ပျဉ်းသိမ်ကြီးတို့၊ ပြီးတော့ ငါးမြောင်းတို့၊ ရှင်မတောင် တောင်ခြေက နတ်သွယ်ကန်တို့၊ ပြီးတော့ မြိုင်ရယ်၊ တောင်ပိုင်းက နှမ်းဆီကန်တို့၊ သာစည်တို့ အဲဒီဘက်တွေဆိုလည်း အခု ဒီကျောက်ဖူးလောက်တော့ မဆိုးသေးဘူးပေါ့၊ အယ် နောက် မိုးမှ တစ်ပတ်ဆယ်ရက်အတွင်း မရွာရင် တော်တော် အခက်အခဲ ဖြစ်နိုင်တဲ့ ရွာတွေ၊ အခုလို ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်တော့ သူတို့ ချွေတာသုံးနေရတာပေါ့။ အခု ကဆုန်လတောင် ကျော်တော့မှာကိုး၊ ကဆုန်လဆန်း လောက်ကတည်းက ရွာရင် နည်းနည်း အဆင်ပြေသေးတာပေါ့။ အခုကျကြတော့ ကဆုန်လကွယ်အထိ မိုးက မရွာတော့ ကန်တွေမှာ ရေမ၀င်၊ စက်တွင်းကလည်းပျက်"
မြိုင်မြို့နယ်မှာ အရင်နှစ်တွေက အခုလို ရေပြတ်လပ်တာမျိုး ကြုံခဲ့ရဖူးပေမယ့် အခုလို ဆိုးဆိုးဝါးဝါး အဖြစ်မျိုး မကြုံခဲ့ရဘူးလို့ သိရပါတယ်။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။