MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

နိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ခရီးမှာ ပိတ်ဆို့မှုတွေ ပိုလျှော့ပေးဖွယ်ရှိ

2012-05-16
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
AFP
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က လက်ခံတွေ့ဆုံနေစဉ်။
ဦးဝဏ္ဏမောင်လွင်ဟာ ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို လာရောက်ခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ အမေရိကန်အစိုးရရဲ့ ပထမဆုံးအကြိမ် ဖိတ်ကြားခံရတဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တစ်ဦးအဖြစ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နေရာအများစု အနိုင်ရပြီးတဲ့နောက် အမေရိကန် အစိုးရက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတချို့ ဆိုင်းငံ့ပေးပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကိုလည်း
သံအမတ်ကြီး အဆင့်အထိ တိုးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကလည်း ဦးဝဏ္ဏမောင်လွင်ကို တရားဝင် ဖိတ်ကြားခဲ့ပါတယ်။ အခု ဦးဝဏ္ဏမောင်လွင် လာရောက်လည်ပတ်တဲ့ကိစ္စဟာ အမေရိကန်အနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့ ထားတာတွေကို ပိုပြီးလျှော့ချသွားတော့မယ်ဆိုတာ မကြာခင်ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
အရင်က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်တယ်လို့ ပြောဆိုခဲ့တဲ့ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းနဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်တို့ကလည်း ပိတ်ဆို့မှုအားလုံး ပြန်ရုပ်သင့်ပြီလို့ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှု လျှော့ပေါ့မယ့်ကိစ္စကို သူ့အနေနဲ့ မကန့်ကွက်ပေမဲ့ မြန်မာ့အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းတာတွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။