MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများသို့ ကိုမင်းကိုနိုင် ဒုတိယအကြိမ်မြောက် သွားရောက်

ကိုမင်းကိုနိုင်မှ အလုပ်သမားများအား လာရောက်တွေ့ဆုံစဉ်
လှိုင်သာယာစက်မှုဇုန်အလုပ် သမားဆန္ဒထုတ်ဖော်နေသည့် စက်ရုံများသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဒုတိယအကြိမ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုမင်းကိုနိုင်သည် မေလ ၂၁ ရက်နေ့တွင် Hi Mo ဆံပင်တုစက်ရုံ၊ ပုလဲ၊ စပယ်ပွင့်၊ YJ နှင့် နေမင်းအောင် အထည်ချုပ်စက်ရုံများသို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော် စက်ရုံအလုပ်သမားများအား အကြမ်းဖက်မှုများ မပြုလုပ်ဘဲ ငြိမ်းအေးစွာဖြင့် မိမိတို့ဆန္ဒကို တောင်းဆိုရန်၊ အချင်းချင်း ညီညွတ်ကြရန်၊ စည်းကမ်းရှိရှိ သစ္စာရှိရှိဖြင့် ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်တောင်းဆိုကြရန် ပြောကြားကြောင်း သိရသည်။
ဒုတိယအကြိမ် သွားရောက်သည့် မေလ ၃၀ ရက်နေ့တွင် အလုပ်သမားများ ကြုံတွေ့နေရသည့်
အခြေအနေများအား မေးမြန်းကာ အလုပ်သမားနည်း ဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်သမားများ ဆက်လက်လုပ်ဆောင်သင့်သည့် အချက်များနှင့်လည်းကောင်း အားပေးစကား ပြောကြားခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့်လည်း ဆန္ဒထုတ်ဖော် အလုပ်သမားများအား တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
မေလ ၃၀ ရက်နေ့တွင် Hi Mo  ဆံပင်တုစက်ရုံ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ၊ စန္ဒီနှင့် မြန်မာစန္ဒီ အထည်ချုပ်စက်ရုံများသို့ သွားရောက်ခဲ့ပြီး လိုအပ်ပါက အခြားစက်မှုဇုန်ရှိ ဆန္ဒထုတ်ဖော်စက်ရုံများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။








News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။