MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 25, 2012

မီးပြတ်ချိန် ဘက်ထရီအိုးအပူလွန်ကဲရာမှ မဟာအောင်မြေမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

မေလ(၂၃)ရက်နေ့ ညပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်ရှိ အဆင့်မြင့်ဓါတ်ခွဲခန်းတစ်ခုတွင် ဘက်ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ ရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် အကွက်အမှတ် (၅၄၀) ၊ ၈၂လမ်း x ၈၃လမ်းကြား ၃၆ x ၃၇လမ်းကြားတွင် မေလ(၂၃)ရက်နေ့ ည(၁၁)နာရီ(၄၅)မိနစ်အချိန်၌ နတ်ဝင်း အတွင်းရှိ ရွှေလသာ အဆင့်မြင့်ဓါတ်ခွဲခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုသည် အင်ဗာတာဘက်ထရီအိုး အပူလွန်ကဲရာမှစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု
မန္တလေးဗဟိုမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


``မီးလောင်မှုဖြစ်တဲ့အချိန်က မီးပျက်နေတဲ့ အချိန်ပေါ့ ၊ အဲဒီမှာ အင်ဗာတာနဲ့တွဲထားတဲ့ ဘက်ထရီ အိုးက အပူ လွန်ရာကနေ စလောင်တာပဲ ´´ ဟု ၎င်းကဆိုသည်။



မီးလောင်မှုဖြစ်ပွားရာ နတ်ဝင်းအတွင်းနေထိုင်သူများမှာ ဖိနပ်လုပ်ငန်းလုပ်ကိုင်သူအများစု နေထိုင် ကြသဖြင့် ဖိနပ်လုပ်ငန်းတွင်အသုံးပြုသည့် ရာဘာကရစ်စများ အများအပြားရှိနေသောကြောင့် ထိုရာဘာကရစ်စများကို မီးကူးရန် လွယ်ကူကြောင်းသိရသည်။



မီးလောင်မှုတွင် အဆောက်အဦးနှင့် ဓါတ်မှန်ပစ္စည်းဖိုးစုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၄၀) ဆုံးရှုံး ကြောင်း ဗဟိုမီးသတ်မှတ်တမ်းများက ဖေါ်ပြသည်။



မီးလောင်မှုဖြစ်သည့်အဆောက်အဦးသည် နံကပ် ပေ(၆၀) ပေ (၂၀) နှစ်ထပ်အဆောက်အဦးဖြစ်ပြီး တန်ဖိုးငွေ သိန်းသုံးဆယ်ခန့်ရှိကြောင်းကိုလည်း သိရသည်။



မီးလောင်ရာသို့ မီးသတ်ကား (၃၇)စီး ၊ မီးသတ်သမား(၃၅)ဦး ၊ အရန်မီးသတ်သမား(၁၂၃)ဦး ရောက်ရှိပြီး ည(၁၂)နာရီ(၁၅)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အောင်ဇော်လတ်(ဘ) ဦးဘထူးအား အမှတ်(၉)ရဲစခန်းမှပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားသည်။