MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကစိန်ခေါ်မှုဖြစ်နေ

မြန်မာ့ဒီမိုကရေစီအရေးမှာ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ ချက်သမ္မတ နိုင်ငံသံရုံးမှာ မနေ့ညက ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက ပြောကြားလိုက်ပါတယ်။
RFA
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်က ချက်သမ္မတနိုင်ငံသံရုံးတွင် မေလ ၂၄ ရက်နေ့က ကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး Melanne Verveer ပါဝင် ဆွေးနွေးနေစဉ်။
မြန်မာ့အနာဂတ်ပေါ် ရှုမြင်ချက်နဲ့ မြန်မာ့အသိုင်းအ၀ိုင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို မကြာခင်က ရောက်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးရေးရာဆိုင်ရာ
အမေရိကန် သံအမတ်ကြီး Melanne Verveer က အဓိက ဆွေးနွေးသွားပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိက စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ တချိန်တခါက ပညာရေးမှာ အရှိန်အ၀ါ ကြီးမားခဲ့ပေမဲ့ လောလောဆယ်မှာ  နိမ့်ကျနေတာ ထင်ရှားကြောင်း ပြောသွားပါတယ်။
ဒီဆွေးနွေးပွဲမှာ Project 2049 က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ အာရှ-ပစိဖိတ်ဒေသ တရားဥပဒေ စိုးမိုးရေး ပညာရှင် Kelly Currie က ဗဟိုနဲ့ အောက်ခြေကွာဟမှု ရှိနေတာကို ထောက်ပြ ဆွေးနွေးပါတယ်။
Freedom House လူ့အခွင့်အရေးအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ Robert Herman ကတော့ မြေယာသိမ်းမှု အပါအ၀င် ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးပါတယ်။
USCB မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် လှုပ်ရှားမှုအဖွဲ့က ကရင်အမျိုးသမီး Myra Dahgaypaw မိုင်းရာဒေကပေါ ကတော့ ပြောင်းလဲနေတယ်လို့ ကမ္ဘာကမြင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းသွားတာ မရှိသေးတဲ့အကြောင်း၊ မြန်မာနိုင်ငံအကြောင်း အမှန်တကယ် သိချင်ရင် တစ်သံတည်းရဲ့ အသံနားမစွင့်ဘဲ အသံပေါင်းစုံကို နားထောင်သင့်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။