MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

ထိုင်းနိုင်ငံမှ မြန်မာကျောင်းသားများ၏ ဖြစ်ရပ်မှန်ပညာပေး ဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ထားသော သန္တာဗို


ထိုင်းနိုင်ငံရှိ မြန်မာကျောင်းတစ်ကျောင်းမှ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားသော ပညာပေးဇာတ်လမ်းတိုတစ်ခုတွင် ပါဝင်သရုပ်ဆောင်ထားကြောင်း သန္တာဗိုကဆိုသည်။ ယင်းဇာတ်လမ်းနှင့် ပတ်သက်၍ သန္တာဗိုက ”ဒီဇာတ်လမ်းလေးကိုရိုက်ဖို့ ဖူးခက်ကိုသွားတာ ပထမဦးဆုံးအကြိမ်ပါ။ ဇာတ်လမ်းလေးက သူတို့ရဲ့ တကယ့် အဖြစ်အပျက်လေးကို ရိုက်ထားတာ။ ထိုင်းမှာက မြန်မာကျောင်းလည်း ရှိတယ်။ အဲဒီကျောင်းက မြန်မာကျောင်းသူ၊ ကျောင်းသားတွေရဲ့ အဖြစ်အပျက် ကို ပြန် ရိုက်ထားတာ။ အဲဒီမှာ သွားရိုက်ရတာ ပတ်ဝန်းကျင် အတွေ့အကြုံလည်း အများကြီး
ရခဲ့ပါတယ်။ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်”ဟု ပြောသည်။
၎င်းဇာတ်ကားကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးခြင်းဖြစ်ပြီး ကောင်းပြည့်နှင့် တွဲဖက်သရုပ်ဖော် ထားကြောင်း သိရသည်။

ဇာတ်လမ်းတစ်ခုရိုက်လျှင် ဇာတ်ညွှန်းကို ဦးစွာဖတ်ကာ ကြိုတင်ပြင်ဆင်လေ့ရှိကြောင်းနှင့် ယခုဇာတ်ကားကို ပြည်ပ၌ သွားရိုက်ရသည့်အတွက် ပြင်ဆင်မှု အများအပြား လုပ်ခဲ့ရကြောင်းကို ၄င်းက ”အဓိကကတော့ အဝတ်အစားပိုင်းကို ကြိုတင်ပြင်ဆင်တယ်။ ပြီးတော့ ဇာတ်ညွှန်းကိုလည်း ဒီကနေ ဖတ်ပြီးတော့ ဘယ်အခန်းမှာ ဘာဝတ် ရမယ်ဆိုတာကို ပြင်ဆင်သွားတယ်။ အိမ်မှာလည်း ဇာတ်ညွှန်းကိုဖတ်ပြီးတော့ ကြိုပြီးလေ့လာထားရတယ်။ သူများနိုင်ငံမှာ သွားရိုက်ရတော့ အချိန်လည်း အများကြီး မရဘူးလေ”ဟု ဆိုသည်။
၎င်းအပြင် သူမ၏ တစ်ကိုယ်တော်စီးရီးတွင် မင်းချစ်သူ၊ ဘန်နီဖြိုး၊ သားကြီး၊ ကျော်ထွဋ်ဆွေ၊ Ar-t၊ ကိုဇဝါစသည့် တေးရေးဆရာများ၏ တေးသီချင်းများ ပါဝင်ပြီး ၄င်း၏ ခံစားချက်များကိုပြော၍ သီချင်းများ ရေးဖွဲ့ထားခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

တွယ်တာ (ရန်ကုန်၊ မေ ၂၁)
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။