MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

မန္တလေးတွင် ဆန္ဒပြတောင်းဆိုခဲ့သူများမှ ဆရာညီပုလေးအပါအ၀င် အချို့ပြန်လွတ်

မန္တလေးမြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သူအချို့ကို  မန္တလေးတောင်ခြေသတင်းတပ်ဖွဲ့ ရုံးက မေလ ၂၂ရက် နေ့လည် ၁၂နာရီတွင် ပြန်လည်လွှတ်ပေးလိုက်သော်လည်း အချို့မှာ ဆက်လက်စစ်ဆေး နေဆဲဖြစ်သည်။
မန္တလေးတောင်ခြေသတင်းတပ်ဖွဲ့ရုံးမှ မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုသူအချို့အား နောက်ကွယ်မှ
ဆန္ဒပြ တောင်းဆိုရန် တိုက်တွန်းသူ၏ အမည်အား မေးမြန်းခြင်းဖြစ်သည်။
 
“ကျွန်တော်ကိုတော့ အရပ်ဝတ်နဲ့ အထူးသတင်းတပ်ဖွဲ့လို့တော့ပြောတယ် လေးယောက်လာခေါ်တာ ။ ခြိမ်းခြောက်တာမျိုးတော့ မရှိပါဘူး၊ သူတို့ အေးအေးဆေးဆေး မေးတာပါ၊ အဓိက သူတို့ခေါ်ပြီးမေးမြန်း တဲ့အကြောင်းက ၂ရက်ကြာ ဆန္ဒပြတောင်းဆိုခြင်းကို နောက်ကွယ်က ဘယ်သူခိုင်းလဲဆိုတာ မေးတယ်၊ အဲ့ဒါပါပဲ ကျွန်တော့်ကို ၁၂နာရီ ၁၅မိနစ်လောက်မှာ ပြန်လွှတ်ပေးပါတယ်” ဟု ခေါ်ယူစစ်ဆေးခံရသူ ဆရာညီပုလေးက ပြောသည်။
 
မန္တလေးတောင်ခြေ သတင်းတပ်ဖွဲ့ရုံးတွင် ဆန္ဒပြတောင်းဆိုသူ အချို့ကျန်ရှိနေသေးကြောင်းနှင့် ထပ်မံ ဆန္ဒပြခြင်း ပြုလုပ်ပါက ခေါ်ယူစစ်ဆေးမည်ဟု သတိပေးခြင်းမျိုး မရှိကြောင်းကိုလည်း  သိရှိရသည်။
 
“ကျွန်တော်လွတ်တော့ ကျွန်တော်တစ်ယောက်ထဲ၊ ကျွန်တော့်အရှေ့က ဘယ်သူတွေကို အိမ်ပြန်လွှတ်ပြီလဲ ဆိုတာတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကျွန်တော်ကို စစ်ဆေးတုန်းက တွေ့ခဲ့တာပေါ့ ဆန္ဒပြလို့ စစ်ဆေးဖို့ ခေါ်ထားတဲ့ (၇)ဦးပေါ့၊ သူတို့တွေတော့ ကျန်သေးတယ်။ ကျွန်တော်ပြန်တော့လဲ နောက်ထပ် မေးမြန်းစရာရှိရင် ထပ်ပြီးခေါ်စစ်ဆေးမယ်ဆိုတာတွေတော့ သတိပေးတာမျိုးမရှိပါဘူး” ဟု ဆရာညီပုလေးက ဆက်ပြောသည်။
 
စာရေးဆရာ ညီပုလေးအနေဖြင့် ဆန္ဒပြတောင်းဆိုရန် အစီအစဉ်မရှိသော်လည်း တောင်းဆိုသော ဒေသခံများ ရှိပါက သွားရောက်ကြည့်ရှု့ပေးရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရသည်။
 
ဒေသခံပြည်သူအချို့မှာလည်း သတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခြင်းခြင်းကြောင့် ဆက်လက်ဆန္ဒပြရန် သင့် မသင့်ကိုမူ အချင်းချင်းတိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
 
““အမှန်ဆိုရင် ဒီနေ့က သုံးရက်မြောက် ဆန္ဒပြမဲ့ရက် ဒါပေမဲ့ အခုလို ဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးနေတာမျိုး ရှိတော့ ဆန္ဒဆက်ပြဖို့ သင့်မသင့်ကိုတော့ တိုင်ပင်အုံးမယ်” ဟု မန္တလေးမြို့နေ မယုယုလှိုင်က ပြောသည်။
 
မေလ(၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ ဒေသခံပြည်သူ နှစ်သောင်းခန့်မှ လျှပ်စစ်မီး ပြန်လည်ရရှိ ရေးအတွက် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့မှ စီတန်းလမ်းလျှောက်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 22 May, 2012

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။