MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

အာမခံဖြင့် ဂျီမေးလ်အကောင့်သစ် ၉ဝဝဝ ကျပ်ယူပြီး ဝန်ဆောင်ပေးမှုများရှိ

ဂျီမေးလ်အကောင့်သစ် ပြုလုပ်လိုသူများသည် အင်တာနက်ဆိုင်များတွင် ဝန်ဆောင်ခကျပ် ၉ဝဝဝ အထိပေးကာ ပြုလုပ်နေရကြောင်း သုံးစွဲသူများထံမှသိရသည်။ ”ဂျီမေးလ်အကောင့်သစ် မလုပ်တတ်သူတွေ၊ ကွန်နက်ရှင်မကောင်းလို့ လုပ်လို့အဆင်မပြေသူတွေအတွက် အချို့အင်တာနက်ဆိုင်တွေကနေ ဝန်ဆောင်မှုအတွက် ငွေပေး လုပ်ခိုင်းနေရတာ”ဟု အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။ တချို့အာမခံနှင့် ဖွင့်ပေးသည့်ဆိုင်များတွင် လိုချင်သော အကောင့်နာမည်ရစေရန်နှင့် အကောင့်အပိတ် မခံရစေရန်အတွက် ဝန်ဆောင်ခကျပ် ၇ဝဝဝ မှ
၉ဝဝဝအထိ ပေးရခြင်းဖြစ်ကြောင်း အင်တာနက်ဆိုင်မှ ဝန်ထမ်းတစ်ဦးကလည်း ပြောသည်။ ထိုသို့ မေးလ်အကောင့်သစ် လုပ်ရန် ငွေပေးရသော်လည်း ချက်ချင်းအသုံးပြု၍မရဘဲ ရက်အနည်းငယ်စောင့်ပြီးမှသာ အသုံးပြုခွင့်ရကြောင်း သိရသည်။
မေးလ်အကောင့်သစ်ချက်ချင်းမရခြင်းမှာ Google မှ Verification Code  ဖုန်းနံပါတ်ဖြင့် Code  တောင်းရာတွင် မြန်မာနိုင်ငံ GSM ဖုန်းသို့ Message မဝင်သည့် အတွက် ပြည်ပနိုင်ငံရှိ မိတ်ဆွေများ၏ ဖုန်းနံပါတ်ကို ပေးနေရသောကြောင့် ယင်းကဲ့သို့အခက်အခဲ ဖြစ်နေရခြင်းဖြစ်ကြောင်း IT သမားအချို့က ပြောသည်။ ပြည်ပနိုင်ငံ များတွင် ဂျီမေးလ်အကောင့်သစ် ဖွင့်သူများအနေဖြင့် ဝန်ဆောင်ခပေးဆောင်စရာ မလိုအပ်ကြောင်း ပြည်ပတွင်သွားရောက် အလုပ်လုပ်ဖူးသူတစ်ဦးက ၄င်း၏အတွေ့ အကြုံကို ပြောကြားသည်။
ချစ်ဆုဆွေ

Popular Myanmar News

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။