MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

လုပ်ခလစာ နည်းပါးမှုအတွက် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ စက်မှုဇုန်များတွင် ဆက်တိုက်ဖြစ်ပွားနေ



7343


လုပ်ခလစာ နည်းပါးနေမှုကြောင့် သင့်တင့်သော လုပ်ခလစာသို့ တိုးမြှင့်ပေးရန် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တရုတ်ထိုင်ဝမ်တိုင်ရီဖိနပ် စက်ရုံမှ လုပ်သား ၁၈၆၃ ဦးသည် တရုတ်နှစ်ကူးပိတ်ရက် လုပ်ခမပေးသည့်ကိစ္စမှ စတင်ကာအခြေခံလစာနှင့်အခြားသော အလုပ်သမားအခွင့်အရေးများ တောင်းဆိုမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး အခြားစက်ရုံများတွင်ပါ လုပ်ခလစာ
နည်းပါမှုအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မတ်လ ၂၉ ရက်နှင့် ၃၀ ရက် တို့တွင် တိုင်ရီဖိနပ်စက်ရုံ၌ ဒုတိယ အကြိမ် ထပ်မံဆန္ဒဖော်ထုတ် တောင်းဆိုမှုဖြစ်ပွားခဲ့သည်။ မေလ ၉ ရက် နေ့တွင် လှိုင်သာယာစက်မှုဇုန်၊ ဇုန် (၄)ရှိ High-Art(HiMo) ဆံပင်တုစက်ရုံ (A)၊(B)နှင့် ယင်းစက်မှုဇုန်(၃)ရှိ UNNO Myanmar Yes အထည်ချုပ် စက်ရုံ၌ စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်မှု ဆက်လက်ဖြစ်ပွားခဲ့သည်။
မေလ ၁၄ ရက်နေ့တွင် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၊ မေလ ၁၅ ရက်နေ့တွင် ပုလဲအထည်ချုပ်စက်ရုံ၊ မေလ ၁၆ ရက်နေ့တွင် နေမင်းအောင် အထည်ချုပ်စက်ရုံနှင့် မေလ ၂၁ ရက်နေ့တွင် Grand Royal အရက်ချက်စက်ရုံမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင်ဆိုင်သော Yangon Crown သံမဏိ သံရည်ကျိုစက်ရုံတွင်လည်း မေလ ၂၀ ရက်နေ့မှစတင်၍ ဆန္ဒဖော်ထုတ်မှု များပြုလုပ်လျှက်ရှိရာ ဆန္ဒဖော်ထုတ် သူ ၃၀၀ ၀န်းကျင်မှ အလုပ်သမား အချို့မှာ မေလ ၂၅ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒ ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။
စတင်အစာငတ်ခံ ဆန္ဒဖော်သည့်နေ့တွင် ၂၅ ဦးရှိခဲ့ပြီး မေလ ၂၆ ရက်နေ့တွင် လူဦးရေ ၄၀ ဦးထိ ရှိလာပြီး နေ့ရောညပါ နေရာတွင်သာ ထိုင်နေပြီး အစာမစားဘဲ ဆန္ဒ ဖော်ထုတ်တောင်းဆိုလျှက်ရှိသည်။
“ကျွန်တော်တို့ လိုအပ်ချက်တွေ မရမချင်း အစာငတ်ခံဆန္ဒပြသွားမယ်။ တောင်းဆိုချက်တွေ မလိုက်လျောရင် အစာငတ်ခံ ဆန္ဒဖော်ထုတ်မယ့်သူတွေ တိုးလာနိုင်တယ်”ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောပါသည်။
Yangon Crown သံမဏိ သံရည်ကျိုစက်ရုံ အလုပ်သမားများ  အဓိက တောင်းဆိုသည့် အချက်များ မှာ အခြေခံလစာတိုးမြှင့်ပေးရေး၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နှင့် အခြားသော ခွင့်ခံစားခွင့်များ ပေးရေး၊ လူမှုဖူလုံရေး ကတ်ရရှိရေး၊ ဒဏ်ကြေးလျှော့ပေါ့ရေး၊ တရားဝင်ရုံးပိတ်ရက်များနှင့်အများ ပြည်သူရုံး ပိတ်ရက်များတွင် အလုပ်ပိတ်ရေး၊ စက်ရုံမှ သိမ်းဆည်းထားသော မှတ်ပုံတင်ပြန်လည်ရရှိရေး၊ တရုတ်စက်ရုံမှူးနှင့် မြန်မာစက်ရုံမှုးအကြား နားလည်မှုရယူ၍ အလုပ်လုပ်ရာတွင် ညှိနှိုင်းဆောင်ရွက်ရေး၊ ၀န်ထမ်းရေး ရာဋ္ဌာန သီးခြားဖွင့်လှစ်ပေးရေး၊ လစဉ်လဆန်း ၇ ရက်မတိုင်မီ လစာရရှိရေး၊ ဋ္ဌာနတစ်ခုတွင် စကား ပြန်တစ်ဦးထားရှိရေး၊ ၀န်ထမ်းအားလုံး တိုးမြှင့်ဆုကြေး ခံစားခွင့်ရှိရေး၊ အလုပ်သမားများအတွက် လုပ်ငန်းသုံးပစ္စည်း လိုအပ်ချိန်တွင် ရရှိရေး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ အား စက်ရုံအ၀င်ဝတွင်ပင် ပေါက် ကွဲမှုမဖြစ်ပွားရေး ဆောင်ရွက်ပေးရန်၊ လက်ရှိစက်ရုံမှုးအား တာဝန်မှ ရပ်ဆိုင်းပေးရန်စသည့် အချက်များ တောင်းဆိုထားသည်။
သို့ရာတွင် စက်ရုံဘက်မှ အလုပ်သမားများမှာ လက်ရှိ လစာ/ အကျိုးခံစားခွင့်များကို တိုးမပေးနိုင်ကြောင်း ကျေနပ်မှုမရှိပါက မိမိ သဘောဆန္ဒအလျောက် နှုတ်ထွက် နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ဆန္ဒဖော်ထုတ်မှုများမှာ စက်ရုံ ၂၀ နီးပါးတွင် ဖြစ်ပွားခဲ့ပြီး တိုင်ရီဖိနပ်စက်ရုံအလုပ်သမားများ ဆန္ဒထုတ်ဖော် တောင်းဆိုမှုမှာ မတ် လ ၃၀ ရက်နေ့တွင် ညှိနှိုင်းမှု ပြေ လည်ခဲ့ပြီး မေလ ၂၆ ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံငါးရုံ၌ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။
ဒေသတွင်းနိုင်ငံများ၌ မြန်မာ နိုင်ငံသည် အလုပ်သမားများ ၏ အခြေခံလစာမှာ  အနိမ့်ဆုံးတွင် ရှိနေကြောင်း၊ အလုပ်ရှင်အလုပ်သမားကြား ဖြစ်ပွားသော ပြဿနာများမှာ ချက်ချင်းဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ဥပဒေ၊ နည်းဥပဒေ များဖြင့်  အမြန်ဆုံး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသင့်ကြောင်း နှင့် လက်ရှိအခြေအနေထက် ပိုမိုဆိုး ရွားလာပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်သည့်အတွက် သတိပြုရန်လိုကြောင်း ဥပဒေ ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။