MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

အိမ်ပျက်စီးအောင် နေထိုင်သောကြောင့် (အိမ်ရှင် အိမ်ဌားပြသနာ)

အိမ်ရှင် အိမ်ငှားတို့ အကြား ပြဿနာများကို ဖြေရှင်း ဆုံးဖြတ်ပေးရန် နိုင်ငံတော်က ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို ပြဌာန်း ပေးထားပါသည်။ ယင်းဥပဒေအရ အိမ်ငှားက အိမ်ရှင်အိမ်ငှား ချုပ်ဆိုထားသော စည်းကမ်းချက်ကို ဖောက်ဖျက်လျှင် ယင်းဥပဒေပုဒ်မ ၁၂(၁) (က) ဒုတိယပိုင်းအရ လည်းကောင်း၊ အိမ်ပျက်စီးအောင် နေထိုင်လျှင် ယင်းဥပဒေပုဒ်မ ၁၂(၁) (ဂ)အရ လည်းကောင်း အိမ်ရှင်က အိမ်ငှားကို ငှားရမ်းထားသည့်အခန်းမှ
တရားစွဲဆို နှင်ထုတ်နိုင်ပါသည်။အမှုတစ်ခုတွင် အိမ်ရှင်က အိမ်ငှားကို ၁၉၆၀ ပြည့်နှစ်
 မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၁၂(၁)(က) ဒုတိယပိုင်းနှင့် ပုဒ်မ ၁၂(၁)(ဂ)တို့အရ နှင်ထုတ်ပေးစေလိုမှု စွဲဆိုရာ ယင်းအမှု ဆုံးဖြတ်ချက်သည် တရားရုံးချုပ်အထိ ရောက်ခဲ့ပြီး တရားရုံးချုပ်စုံညီခုံရုံးက အောက်ပါအတိုင်းထုံးဖွဲ့ အဆုံးအဖြတ် ပေးခဲ့သည်ကို မှတ်သားဖွယ်ရာ တွေ့ရှိရပါသည်။

ယင်းစီရင်ထုံးမှာ ၁၉၉၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တရားစီရင်ထုံးများ (တရားမ) စာမျက်နှာ-၄၄၊ ၁၉၉၄ခုနှစ် တရားမ အထူးအယူခံမှုအမှတ်-၁၂၄၊ ဒေါ်တင်မြနှင့် ဦးမောင်စော စီရင်ထုံး ဖြစ်ပါသည်။ အမှုမှာ ရန်ကုန်တိုင်းမြို့နယ် တရားရုံး (တရားမ)၏ ၁၉၉၂ခုနှစ် တရားမကြီး မှုအမှတ်-၅၃တွင် ဒေါ်တင်မြက ဦးမောင်စောအပေါ် ငှားရမ်းထားသည့် ဥပစာမှ နှင်ထုတ် ပေးစေရန် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁) (က) ဒုတိယပိုင်းနှင့် ပုဒ်မ ၁၂(၁)(ဂ) တို့အရ စွဲဆိုသည်။ မြို့နယ်တရားရုံးက ဒေါ်တင်မြ စွဲဆိုသည့်အမှုကို ပလပ်သည်။

ယင်းစီရင်ချက်နှင့် ဒီကရီကို ဒေါ်တင်မြက မကျေနပ်၍ ရန်ကုန်တိုင်း တရားရုံးသို့ အယူခံဝင်သည့်အခါ တိုင်းတရားရုံးက မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ ဒေါ်တင်မြကို ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(ဂ) အရ အနိုင်ဒီကရီ ချမှတ်ပေးခဲ့သည်။

ယင်းဒီကရီကို ဦးမောင်စောက လည်းကောင်း၊ ပုဒ်မ ၁၂(၁)(က) ဒုတိယပိုင်းအရ ဒီကရီ ချမှတ်ပေးခြင်း မရှိသဖြင့်ဒေါ်တင်မြက လည်းကောင်း တရားရုံးချုပ် တရားမ ပထမ အယူခံမှုအမှတ်-၁၀၇/၉၂ တွင် အပြန်အလှန် အယူခံမှုများ တင်သွင်းကြသည်။ တရားရုံးချုပ်က တိုင်းတရားရုံးမှ ချမှတ်သည့် ပုဒ်မ ၁၂(၁)(ဂ)အရ ချမှတ်ပေးသည့် ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်တင်မြ စွဲဆိုသည့် အမှုကို ပလပ်ခဲ့သည်။

ဒေါ်တင်မြက တရားရုံးချုပ်၏ယင်းစီရင်ချက်နှင့် ဒီကရီကိုပြန်လည် စစ်ဆေး စီရင်ပေးရန် တရားရုံးချုပ်သို့ ၁၉၉၃ ခုနှစ် တရားမအထွေထွေ လျှောက်လွှာ(အထူး) အမှတ်-၄၃၄ လျှောက်ထားရာတွင် တရားရုံးချုပ်အထူးခုံရုံးက အထူးအယူခံဝင်ခွင့် ပေးသဖြင့် ဤအထူးအယူခံမှု ဖြစ်ပေါ်လာသည်။

ဗဟန်းမြို့နယ်၊ တာမွေလမ်း အမှတ်-၉၁ ခြံဝင်းအတွင်း မြောက်ဘက်ရှိ ၃ ခန်းတွဲမှ ၂ ခန်းကို ဒေါ်တင်မြက ဦးမောင်စောအား ၁၆.၁.၈၄ ရက်စွဲပါ အိမ်ရှင်အိမ်ငှား နှစ်ဦးသဘောတူစာချုပ်(သက်သေခံ-ခ) အရ ငှားရမ်းခဲ့သည်။

ဒေါ်တင်မြက အိမ်ငှားဦးမောင်စောသည် ငှားရမ်းနေထိုင်သည့်  ဥပစာကို စက်ပြင်အလုပ်ရုံ အဖြစ်ပြောင်းလဲ၍ စက်ပြင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အငှားချထားမှု ပဋိညာဉ်ကို ဖောက်ဖျက်ကြောင်း၊ ထို့ပြင် တရားပြိုင်၏ ပြုလုပ်မှုကြောင့် ဥပစာ၏ အခြေအနေ ဆိုးဝါး ယုတ်လျော့သွားစေခဲ့ကြောင်းတို့ကို အဆိုပြူ၍ အငှားချထားသည့် ဥပစာမှ တရားပြိုင်အိမ်ငှားအား နှင်ထုတ်ပေးစေလိုမှု စွဲဆိုသည်။

တရားပြိုင်ဦးမောင်စောက မိမိသည် ကားစက်ပြင်လုပ်ငန်းကို အငှားယူထားသည့် ဥပစာတွင် လုပ်ကိုင်ခြင်းမရှိဘဲ ဥပစာရှေ့ မြေကွက်လပ်တွင် မူလစတင် ငှားရမ်းစဉ်ကပင် လုပ်ကိုင်ခဲ့ကြောင်း၊မိမိသည် အငှားချထားမှု ပဋိညာဉ်ကို သော်လည်းကောင်း၊ ဥပဒေအရ တာဝန်တစ်ရပ်ကို သော်လည်းကောင်း ဖောက်ဖျက်ခဲ့ခြင်း မရှိကြောင်း၊ မိမိ၏ပြူလုပ်မှုကြောင့် ဥပစာ၏အခြေအနေ ဆိုးရွားပျက်စီးသည် ဆိုခြင်းမှာ မမှန်ကြောင်း ချေပသည်။

အမှုတွဲရှိ သက်သေခံ(ခ) အိမ်ရှင်အိမ်ငှားနှစ်ဦး သဘောတူကတိစာချုပ်တွင် စည်းကမ်းချက် ငါးရပ်ပါရှိသည်။အဆိုပါ စည်းကမ်းချက်များတွင် အချင်းဖြစ် ဥပစာကို လူနေထိုင်ရန် သက်သက်အတွက်သာ ငှားရမ်းခြင်းဖြစ်သည်ဟူ၍ လည်းကောင်း၊ လူနေထိုင်ရန်နှင့် ကားစက်ပြင်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည် ဟူ၍လည်းကောင်း ဖော်ပြထားခြင်း မရှိပေ။

အချင်းဖြစ် ဥပစာကို လူနေထိုင်ရန် သက်သက်အတွက်သာ ငှားရမ်းသည်(သို့မဟုတ်) ကားစက်ပြင်လုပ်ငန်း ကိုလည်း လုပ်ကိုင်ခွင့်ရှိသည် ဆိုသည့်အချက်မှာ ငှားရမ်းခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်ဖြစ်သည်။ မည်သည့် စည်းကမ်းချက်ရှိကြောင်း နှုတ်သက်သေခံချက်ကို လက်ခံခွင့်ပြုမည် ဆိုပါက သက်သေခံ(ခ) အိမ်ရှင်အိမ်ငှား နှစ်ဦးသဘောတူ ကတိစာချုပ်ပါ စည်းကမ်းချက်များကို ဖြည့်စွက်ရာ ရောက်ပေလိမ့်မည်။ ယင်းကဲ့သို့ ဖြည့်စွက်ခြင်းကို သက်သေခံ ဥပဒေပုဒ်မ ၉၂က တားမြစ်ထားသည်။

သက်သေခံ ဥပဒေပုဒ်မ ၉၂ တွင် ပဋိညာဉ်စာချူပ်ပါ စည်းကမ်းချက်များကို ငြင်းဆိုရန်၊ ပြောင်းလဲရန်၊ ဖြည့်စွက်ရန်သို့မဟုတ် နုတ်ပယ်ရန် အလို့ငှာ နှုတ်ဖြင့် ပြုလုပ်ထားသော သဘောတူညီချက်၊ ပြောဆိုချက်နှင့် စပ်လျဉ်း၍ တင်ပြသော သက်သေခံကို လက်မခံရကြောင်း ပြဌာန်းထားသည်။ ပုဒ်မ ၉၂၏ ခြွင်းချက်များတွင်လည်း ခွင့်ပြုထားခြင်း မရှိပေ။

သို့ဖြစ်၍ တရားရုံးချုပ်က သက်သေခံ(ခ) ပဋိညာဉ်ပါ စည်းကမ်းချက်များ ဖြည့်စွက်ရာ ရောက်သည့် နှုတ်သက်သေခံချက် တင်ပြခြင်းကို ခွင့်မပြုဘဲ ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(က) ဒုတိယပိုင်းအရ ဒီကရီကို ချမှတ်မပေးခဲ့ခြင်းမှာ မှန်ကန်ကြောင်း တွေ့ရသည်။

သို့ရာတွင် အိမ်ငှား ဦးမောင်စောသည် အချင်းဖြစ် ဥပစာကို ကားစက်ပြင်လုပ်ငန်း လုပ်ကိုင်ကြောင်း ဒေါ်တင်မြ၏ တင်ပြချက်ကို ငြင်းဆိုခြင်းမရှိပေ။ လိုပြသက်သေများ ဖြစ်သော ကိုကျော်အေး၊ ဒေါ်မြခင်၊ ဒေါ်သန်းရီတို့က အချင်းဖြစ်ဥပစာ၌ ဦးမောင်စောမှ ကားစက်ပြင်လုပ်ငန်း လုပ်ကိုင်သဖြင့် အိမ်အတွင်းဘက် အိမ်ကြမ်းခင်းများ ပျက်စီးကုန်ကြောင်း၊ အဝင်အထွက် တံခါးပေါက်မှ တံခါးရွက်များ ပျက်စီးကြောင်း ထွက်ဆိုကြသည်။

ဦးမောင်စောက ကြမ်းခင်းများ ပျက်စီးသည်ဆိုခြင်းကို ငြင်းဆိုခြင်းမရှိ၊ သဘာဝအလျောက် ပျက်စီးခြင်းနှင့် ကြွက်ဖောက်၍ ပျက်စီးခြင်းဖြစ်ကြောင်းသာ ထုချေသည်။ သို့ရာတွင် ယင်းအချက်ကို ဦးမောင်စောက သက်သေထင်ရှား မပြနိုင်၊ လုပ်ငန်းသဘာဝအရ ဥပစာ၏အခြေအနေ ပျက်စီး ဆိုးရွားသွားသည် ဆိုခြင်းမှာ ယုတ္တိတန်သည်။

အိမ်ငှား၏ ပြုလုပ်မှုကြောင့် ဥပစာ၏အခြေအနေ ဆိုးရွားသွားစေသည့် ကိစ္စအတွက် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(ဂ)အရ အိမ်ငှားအား ဥပစာမှ နှင်ထုတ်သည့် ဒီကရီ ချမှတ်နိုင်သည်။ထို့ကြောင့် တရားရုံးချုပ်သည် တိုင်းတရားရုံးက ဦးမောင်စောအပေါ် ပုဒ်မ၁၂(၁)(ဂ)အရ ချမှတ်သည့်ဒီကရီကို ပယ်ဖျက်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု မဆိုနိုင်ပေ။

ထို့ကြောင့် ဤအထူးအယူခံမှုအား ခွင့်ပြုပြီး တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်၍ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြန်လည် အတည်ပြုလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။

အချုပ်အားဖြင့်ဆိုသော် စာချုပ်တစ်ခုတွင် မပါဝင်သည့် စည်းကမ်းချက်ကို ပြုလုပ်ထားကြောင်း၊ နှုတ်သက်သေပြခွင့် မရှိပါကြောင်း၊ ထို့ပြင်အိမ်ငှားက ဥပစာကို ပျက်စီးအောင် နေထိုင်လျှင် ဥပစာမှ ဖယ်ရှားခံရမည် ဖြစ်ပါကြောင်း၊ထို့ကြောင့် စာချုပ်ချုပ်ရာတွင် စည်းကမ်းချက်များကို ပြည့်စုံအောင် ထည့်ရန်နှင့် အိမ်ငှားက ဥပစာကို မပျက်စီးစေဘဲ နေထိုင်သင့်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။





The Voice Weekly

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။