MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် အများဆုံးထုတ်ပေးခဲ့

၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် လက်မှတ် အများဆုံး ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ မှ သတင်းရရှိသည်။ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ မြန်မာနိုင်ငံကူး လက်မှတ် ၅၉၉၆၄ ခုထုတ်ပေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ၁၈၆၅၉ ခုဖြင့် အများဆုံးထုတ်ပေးခဲ့ရကြောင်းနှင့် ထိုသို့ ထုတ်ပေးရာတွင် အမျိုးသား ၃၄၉၄၅ ဦး၊ အမျိုးသမီး ၂၅၀၁၉ ဦးပါဝင်ကြောင်း သိရှိရပါသည်။
အလားတူ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ယာယီမြန်မာနိုင်ငံကူး
လက်မှတ်ထုတ်ပေးရေးရုံးများမှလည်း ယာယီမြန်မာနိုင်ငံကူး လက်မှတ်အရေအတွက် ခုနစ်သိန်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး မှုကိုတာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ ရနောင်းမြို့များတွင် ထုတ်ပေးလျက် ရှိပြီး၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့မှ ၂၀၁၂ ခုနှစ် မေလ ၃ ရက် အထိယာယီ မြန်မာနိုင်ငံကူး လက်မှတ် စာအုပ် ၇၈၇၇၈၁ ထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့ကြောင်း နှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အလုပ်သမား နိုင်ငံကူးလက်မှတ် သက်တမ်းကို ယခင်သုံးနှစ်မှ လေးနှစ်သတ်မှတ်ခြင်း၊ သင်္ဘောသားနိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှ နှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသား အသစ် နိုင်ငံကူးလက်မှတ်များအား ၂၁ ရက်ဖြင့် ထုတ်ပေးခြင်းစသည်ဖြင့် ဖြေလျှော့ပေးခဲ့ကြောင်း သိရှိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။