MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

အချစ်နဲ့ပတ်သက်ပြီး ဒီအရွယ်မှာ ပြောပြလို့ရသင့်ပြီဖြစ်ပေမယ့် ပြောပြစရာမရှိတော့ခက်နေကြောင်း သက်မွန်မြင့်

Share
သက်မွန်မြင့်က ပြင်ဦးလွင်မှာ ရက်၂ဝ ကျော်ကြာ ဗီဒီယို၅ကားရိုက်ကူးခဲ့ပြီး ဗိုလ်ကလေး တင့်အောင် နှစ်၉ဝပြည့်ပွဲမှာ ပြဇာတ်ကဖို့ အမီပြန်ရောက်လာ ခဲ့တယ်လို့   ပြောပါတယ်။ ပြဇာတ်ကို ပထမဆုံးကဖြစ်တဲ့ သက်မွန်မြင့်က တအားစိတ်လှုပ်ရှား ပြီးကြောက်ခဲ့တယ်လို့ ပြောပါတယ်။ ပရိသတ်တွေ လက်ခံအားပေးလာတဲ့နောက် ပိုင်းမှာ ပိုပြီးကြိုးစားရသလို ပိုပြီးထိန်းသိမ်းလာရတယ်လို့ ဆိုလာတဲ့ သက်မွန်မြင့် က”အသစ်တုန်းက မတတ်တာတွေ၊ နားမလည်တာတွေကို ကြိုးစားရတယ်။   ပြော တာတွေကို သိအောင်လုပ်ရတယ်။ ပရိသတ်လက်ခံလာတော့လည်း အားပေးရကျိုးနပ် အောင်
ကြိုးစားရတယ်။ အသစ်တုန်းကတော့ နားလည် ခွင့်လွှတ်ပေးတာတွေ ရှိသေးတယ်။ နောက်ပိုင်းကျတော့ လုပ်တတ်တာပဲဆိုပြီး ရှိတယ်။ မတူဘူးပေါ့။ တချို့ ကျတော့ ကိုယ့်ကို သိပ်မလိုချင်တာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့။ လူတွေ အကြောင်းပိုသိလာရတယ်။ ရိုက်လာရတာနဲ့အမျှ ဒါရိုက်တာလည်းပိုခိုင်းလာကြ တယ်။ အဲဒီအပေါ်မှာ ကိုယ်ကလည်း တာဝန်ကျေ ချင်တော့ ပိုကြိုးစားတယ်။ ပိုပင်ပန်း တာပေါ့။ အတတ်နိုင် ဆုံး ဇာတ်လမ်းရွေးပြီးရိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေ အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးတွေရှိ တယ်။ ရတဲ့အခွင့်အရေးကို အကောင်းဆုံးလုပ်ပါ တယ်”လို့ ပြောပြပါတယ်။သက်မွန်မြင့်ရဲ့ လတ်တလော အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေတာကြောင့် အချစ်ရေးကို မေး ကြည့်တဲ့အခါမှာတော့..”အမှန်ကတော့ ဒီအရွယ်ဆို ပြောပြလို့ရသင့်ပြီ။ ဒါပေမဲ့ ပြောစရာမရှိတော့ခက် နေတာလေ။ အထင်ကြီး သလို ဖြစ်ပါစေလို့ဆုတောင်းပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်


Popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။