MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ဇိုမီး​အမည်ဖြင့်​ ပါတီ​ထောင်ခွင့်​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ပယ်ချ

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီတခုဖြစ်တဲ့​ ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီ တည်​ထောင်ခွင့်​ ​လျှောက်ထား​တာကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က ဇိုမီး​အမည် လက်မခံနိုင်တာ​ကြောင့်​ ဒီလကုန်​နောက်ဆုံး​ထား​ပြီး​ ပါတီအမည် ​ပြောင်း​ခိုင်း​လိုက်ပါတယ်။လူဝင်မှုကြီး​ကြပ်​ရေး​ဝန်ကြီး​ဌာနက အသိအမှတ်ပြုထား​တဲ့​ တိုင်း​ရင်း​သား​ လူမျိုး​စာရင်း​မှာ ဇိုမီး​ အမည်မပါလို့​ ခုလို အမည်​ပြောင်း​ခိုင်း​ထား​တာလို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဒု-ညွှန်ကြား​ရေး​မှူး​ ဦး​လှ​မောင်ချိုက ဒီဗွီဘီကို ​ပြောပါတယ်။
“နာမည်​ပြောင်း​ဖို့​အတွက် အ​ကြောင်း​ကြား​ထား​တာပါ။ လူဝင်မှု ကြီး​ကြပ်​ရေး​နဲ့​ ပြည်သူ့​အင်အား​ ဦး​စီး
ဌာနက​နေ အသိအမှတ်ပြုထား​တဲ့​ လူမျိုး​စာရင်း​မှာ မပါလို့​ပါ။”

ဇိုမီး​အမျိုး​သား​ကွန်ဂရက်​ခေါင်း​ဆောင် ဦး​ပူကျင့်​ရှင်း​ထန်က​တော့​ ကိုယ့်​တိုင်း​ရင်း​သား​ အမည် ကိုယ် ​ခေါ်​ဝေါ်သုံး​စွဲခွင့်​ဟာ ကိုယ်ပိုင်အခွင့်​အ​ရေး​ဖြစ်ပြီး​ ဒီလိုပယ်ချခံရတာ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ကို ထိခိုက်နိုင်​စေတယ်လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ စကား​ကို အသုံး​စွဲမခံတဲ့​ သ​ဘောဗျာ။ ကျ​နော်တို့​ ဝမ်း​နည်း​တာက ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်တို့​စကား​ကို နည်း​နည်း​ပါး​ပါး​ သုံး​လို့​မရဘူး​လား​။ ပါတီဆိုတာ နာမည်​ပေး​တာပဲ၊​ ကင်ပွန်း​တပ်တာကို ကိုယ့်​စကား​နဲ့​တပ်တာ ဘာဖြစ်လဲ။ ​နောက်ပြီး​ မှတ်ပုံတင်တဲ့​ အာဏာပိုင်​တွေက ဟိုထဲမှာမရှိဘူး​၊​ ဒီထဲမှာ မရှိဘူး​ဆိုပြီး​ အ​ကြောင်း​ပြပီး​ လုပ်တာက သူတို့​က​တော့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို ထိခိုက်​စေမယ့်​ ဥပ​ဒေကို ကိုး​ကား​ပြီး​တော့​ ကျ​နော်တို့​ကို ပယ်တယ်။ သူတို့​ကိုယ်တိုင်က တိုင်း​ရင်း​သား​စည်း​လုံး​ ညီညွတ်​ရေး​ကို ထိခိုက်ပြီး​ လုပ်တယ်လို့​ ဆိုလိုတာပါ။ ရှိတာကို သိလျက်နဲ့​ မရှိဘူး​ဆိုတာ ​ပြောတာကို ဝမ်း​နည်း​မိတယ်။ ဒီဟာကို အ​ကြောင်း​မဟုတ်ပါဘူး​။ နိုင်ငံ​ရေး​ပါတီ​လောက်၊​ ဟိုထဲမှာ ဝင်နိုင်ရုံ​လောက်က အ​ရေး​မြကီး​ပဲနဲ့​ ဒီလို​တွေ မရှိဘူး​လို့​ဆိုတာက ကျ​နော်တို့​ကို ​တော်​တော်​လေး​ ထိခိုက်​နေတဲ့​အတွက် ဒါကျ​နော်တို့​ အခွင့်​အ​ရေး​ပဲဆိုတာကို ​လေး​လေး​နက်နက် ​ပြောတာပါ။”

ဇိုမီး​အမျိုး​သား​ကွန်ဂရက်အ​နေနဲ့​ ပါတီအမည်သစ်​ပြောင်း​ပြီး​ ပြန်လည် ​လျှောက်ထား​သင့်​ မသင့်​ ဆိုတာနဲ့​ ပတ်သက်ပြီး​ ပါတီ​ခေါင်း​ဆောင်​တွေ ​ဆွေး​နွေး​ညှိနှိုင်း​နေဆဲပဲလို့​ ဦး​ပူကျင့်​ရှင်း​ ထန်က ​ပြောပါတယ်။

ဇိုမီး​အမျိုး​သား​ကွန်ဂရက်ဟာ ၁၉၉၀ ပြည့်​ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲမှာ ကိုယ်စား​လှယ်​နေရာ ၂ ​နေရာ အနိုင်ရရှိခဲ့​တဲ့​ ပါတီဖြစ်ပါတယ်။ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ အတူ မဟာမိတ်ပါတီအြဖစ် နှစ် ၂၀ ​ကျော်ကြာ ရပ်တည်ခဲ့​ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို အတူသပိတ်​မှောက်ခဲ့​ပါတယ်။

အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ပြီး​နောက် ရှမ်း​၊​ ရခိုင် စတဲ့​ မဟာမိတ်ပါတီ​တွေနည်း​တူ ပါတီထူ​ထောင်ခွင့်​တွေ ​လျှောက်ထား​ခဲ့​တာ ဖြစ်ပါတယ်။

ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီအမည်ကို ​ကော်မရှင်က ခွင့်​မြပုတဲ့​ ဆုံး​ဖြတ်ချက်ဟာ တရား​မျှတမှုမရှိဘူး​လို့​ ချင်း​ပြည်နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦး​ဗန်လျံက ​ပြောပါတယ်။

“၁၉၉၀ တုန်း​ကလည်း​ ​ရွေး​ကောက်ပွဲမှာ ဇိုမီး​အမျိုး​သား​ ကွန်ဂရက်အ​နေနဲ့​ ​ရွေး​ကောက်ပွဲ ဝင်ခိုင်း​ပြီး​တော့​ အမတ်​တောင်မှ ၂ ​ယောက်ရတယ်။ အခုကျမှ အဲဒါကို ပြန်လည်ဖျက်သိမ်း​တာ​တော့​၊​ ဘာသ​ဘောလဲလို့​ ယူဆလို့​တော့​ မရဘူး​။ ​ရွေး​ကောက်ပွဲမှာ လက်ခံပြီး​တော့​မှ ပါလီမန်မှာ အမတ်ရြပီး​မှ၊​ အခုကျမှ ဇိုမီး​လူမျိုး​ဆိုတာ မရှိဘူး​၊​ အဲဒီလိုသတ်မှတ်တာ​တော့​ နည်း​နည်း​မတရား​ဘူး​လို့​ ယူဆတယ်။”

မြန်မာနိုင်ငံမှာ ချင်း​တိုင်း​ရင်း​သား​လူဦး​ရေ ၄ သိန်း​လောက် ရှိနိုင်မယ်လို့​ ချင်း​ခေါင်း​ဆောင်​တွေက ခန့်​မှန်း​ထား​ပြီး​ အဓိကအား​ဖြင့်​ ချင်း​ပြည်နယ် တီး​တိန်နဲ့​ တွန်း​ဇံမြို့​နယ် နှစ်ခုက ချင်း​တိုင်း​ရင်း​သား​တွေက သူတို့​ဘာသာစကား​နဲ့​ သူတို့​ကိုယ်သူတို့​ ဇိုမီး​လို့​ ​ခေါ်​ဝေါ်ကြတာ ဖြစ်ပါတယ်။



DVB






No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။