MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

ဒေါ်အောင်ဆန်းစုကြည် မဲဆောက် သွားရောက်ဖို့ ရှိ

 မဲဆောက် မြန်မာဒုက္ခသည်များ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ကျင်းပ မယ့် ကမ္ဘာ့ စီးပွားရေး နှီးနှော ဖလှယ်ပွဲ World Economic Forom ကို ပထမဆုံး ပြည်ပခရီးစဉ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လာရောက် တက်ယင်း ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်း၊ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ၊ လူမျိုးစု ခေါင်းဆောင် တွေနဲ့ ပါ တွေ့ဖို့ရှိကြောင်း သိရပါတယ်။ကေအာစီ ကရင်ဒုက္ခသည် ရေးရာ ကော်မတီ ဉက္ကဌ စောရောဘတ်ထွေး က ပညာရေး နဲ့ ကျန်းမာရေး တာဝန်ခံတွေ၊ လူမျိုး ခေါင်းဆောင်တွေ နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဖို့
ရှိကြောင်း ဘီဘီစီ ကိုပြောပါတယ်။လူမျိုးစု ခေါင်းဆောင်တွေ နဲ့ တွေ့ရာမှာလည်း ALP အာရကန် လွတ်မြောက်ရေး ပါတီ ဒုတိယ ဉက္ကဌ ခိုင်စိုးနိုင်အောင် အပါအဝင် လူမျိုးစု ခေါင်းဆောင် ဆယ်ဉီး နဲ့ တွေ့မယ့် အကြောင်း ခိုင်စိုးနိုင်အောင် က ဘီဘီစီ ကိုပြောပါတယ်။တွေ့ ခွင့်ရတဲ့ အခါမှာ တိုင်းရင်းသား တွေရဲ့ ဆန္ဒ သဘောထား တွေကို အကောင်အထည် ဖေါ်ရာမှာ သာတူညီမျှ ရှိတဲ့ ပြည်ထောင်စု ပေါ်ပေါက်လာရေး ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်ကြိုးပမ်းရင် နီးစပ်နိုင်တယ်လို့ ခိုင်စိုးနိုင်အောင် က ဘီဘီစီ ကိုပြောပါတယ်။အခုလို ဒေါ်အောင်ဆန်းစုကြည် မဲဆောက်နဲ့ နယ်စပ်က ဒုက္ခသည်စခန်းတွေ သွားရောက် လေ့လာဖို့ ရှိတဲ့ အကြောင်း ကို ထိုင်းရုပ်မြင်သံကြား သတင်းမှာလည်း ထုတ်လွှင့် သွားပါတယ်။


BBC

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။