MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

လမ်းမတော်မြို့နယ် ၇ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းအတွင်း ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး

သေဆုံးသူ၏ အလောင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ်
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် လမ်းမတော်မြို့နယ် ၇ လမ်း တိုက်အမှတ် ၇၆(အေ) သုံးလွှာတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခန်းအတွင်း၌ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေရာ သေဆုံးပုံမှာ မသင်္ကာစရာများ တွေ့ရှိနေရခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအပြင် မှုခင်းတပ်ဖွဲ့(CID)မှ တာ ၀န်ရှိသူများလာရောက်စစ်ဆေးခဲ့သည်။ထိုသို့ စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသူတွင် ဦးခေါင်းဒဏ်ရာများ ရရှိနေသည်ကိုတွေ့ရကြောင်း၊ သေဆုံးရသည့်အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်းနှင့် ဆေးရုံမှ စစ်ဆေးချက်ထွက်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း (CID)
မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
''နောက်စေ့မှာတော့ ဒဏ်ရာရထားတာ တွေ့ရတယ်။ ဒဏ်ရာက မီးမလောင်ခင်က ရတဲ့ ဒဏ်ရာလား မီးလောင်နေချိန်မှာ ရတဲ့ဒဏ်ရာလားဆိုတာ မသိရသေးပါဘူး။ လောလောဆယ်တော့ ဘာမှထင်မြင်ချက် မပေးလိုပါဘူး''ဟု CID မှ ရဲအုပ်မိုးဝင်းက ပြောပါသည်။

သေဆုံးသူ မိန်းကလေးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတစ်ဦးဖြစ်ပြီး၊ ယခုတိုက်ခန်းသို့ လွန်ခဲ့သည့် တစ်လကျော်ကမှ ပြောင်းရွှေ့ နေထိုင်လာကြသူများဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသည့် အချိန်မှာ အဆိုပါလမ်းအတွင်း မီးပျက်နေသည့်အချိန်ဖြစ်ကြောင်း လမ်းမတော် ၇ လမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။
''မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း သံသယဖြစ်ရာတွေတွေ့ရလို့ အကြောင်းအရင်းမှန်ကို စစ်ဆေးသွားမှာပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ငါးထောင်ပဲ သတ်မှတ်ထားပါတယ်''ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  လမ်းမတော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။








News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။