MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

အောက်ခြေဝန်ထမ်းများလုပ်ရပ် အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် တရားစွဲနိုင်ဟု ကိုကိုကြီးဆို

ပြုပြင် ပြောင်းလဲရေး ပြုလုပ်နေစဉ် အောက်ခြေဌာန ဆိုင်ရာများ၌ မိမိသဘောဖြင့် ထင်ရာမြင်ရာ လုပ်နေသည့် အစိုးရ က အကြည်ညိုပျက်စေမှုဖြင့် တရားစွဲနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးက မေလ ၁၇ ရက်နေ့တွင် ထားဝယ်ခရိုင် ကံပေါက် ဒေသခံများနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။
၈၈ မျိုးဆက် ကျောင်းသားများ၏ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်တွင် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာနှင့် လောင်းလုံးမြို့တို့တွင် ဆိုင်းဘုတ်များဖြင့် ကြိုဆိုခွင့်ကို ပိတ်ပင်ခြင်း၊ ကံပေါက်တွင် ဘောလုံးကွင်း အသုံးပြုခွင့်ကို ပိတ်ပင်ခြင်း စသည်များသည် အောက်ခြေဌာန
ဆိုင်ရာများက မိမိသဘောဖြင့်မိမိ လုပ်နေခြင်းဖြစ်ကြောင်း ကိုကိုကြီးက ဆိုသည်။

''နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု အစိုးရက တားမြစ်ရင် ကျွန်တော်တို့ ထားဝယ်ကိုတောင် ရောက်လာမှာ မဟုတ်ပါဘူး''ဟု ယင်းက ဆက်လက် ပြောကြားသည်။

သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံ ပြုပြင် ပြောင်းလဲရေးကို အောက်ခြေအဆင့်အထိ မြှင့်တင်ရန် မေလ ၁၁ ရက် နေ့မိန့်ခွန်းအပြီး ရက်ပိုင်းအကြာတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြို့နယ်ဖွံ့ဖြိုးရေး အစီအမံတိုင်းတွင် အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဥပဒေစည်းမျဉ်းဖြင့်သာ ထိန်းကျောင်း၍ ပြည်သူများအတွက် သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်စေရန် ဦးသိန်းစိန်က ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်ကျော်ကြာ သက်တမ်းရှိ အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်တိုက် လုပ်ကိုင်နေသော်လည်း အောက်ခြေအလွှာမှ လူတန်းစားများထံသို့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ထိတွေ့ ခံစားခွင့်ရရန် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။

''ကွင်းသုံးခွင့်မရဘူးလို့ အကြောင်းကြားလာတော့ လုပ်လက်စတွေကို သိမ်းပြီး အိမ်တစ်အိမ်ကို ရွှေ့ လိုက်ရတယ်'' ဟု၈၈ မျိုးဆက် ကျောင်းသားများကို ကြိုဆိုရန် ဦးဆောင် စီစဉ်သည့် ကံပေါက်ဒေသခံ ဦးခင်စိုးက ဆိုသည်။

အဆိုပါခရီးစဉ်တွင် ဆိုင်းဘုတ်ထောင် ကြိုဆိုခွင့် မရခြင်း၊ ကွင်းသုံးခွင့် မရခြင်းမှအပ ကျန်သည့် နှောင့်ယှက် ဟန့်တားမှုများမရှိဟု ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) ထံမှ သိရသည်။

ယင်းသို့ ပိတ်ပင်ရခြင်းမှာ တည်ဆဲဥပဒေများနှင့် မညီညွတ်၍ ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အခိျု့က ပြောဆိုကြောင်းယင်းပွဲစီစဉ်သူအခိျု့ထံမှသိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဖုန်းအမှတ် - ဝ၅၉-၃၃၀၀၄ သို့ဆက်သွယ်စုံစမ်းရာ ''လူကြီးမရှိ'' ဟုပြန်လည်တုံ့ပြန်ပြောကြားသည်။

လောင်းလုံးမြို့နယ် ခရီးစဉ်အတွင်း ဒေသခံများ၏ မြေယာသိမ်းခံရမှုများကို အများဆုံးဆွေးနွေးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

လွှတ်တော်ပြင်ပ နိုင်ငံအရေးကို လုပ်ကိုင်ပြီး လူထု အခြေပြု အဖွဲ့အစည်းများ အားကောင်းလာရန် ဆောင်ရွက်မည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ အံ့ဖွယ်ကျော်၊ မာကီးတို့သည် ထားဝယ်ဒေသသို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး ထားဝယ်မြို့ ၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ် ကံဘောက်၊ ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတည်ရှိရာ နဘုလယ်ကျေးရွာ အုပ်စုတို့သို့ သွားရောက်ခဲ့ပြီး ဒေသခံလူထုနှင့် တွေ့ဆုံခဲ့သည်။



The voice weekly

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။