MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 26, 2012

ဗိုလ်သန်းရွှေစာရေးဆရာ လေဆိပ်က လှည့်ပြန်ရ



~
ဗိုလ်သန်းရွှေအကြောင်း စာအုပ်ရေးတဲ့ ဘင်နဒစ် ရော်ဂျာ (Benedict Rogers) မြန်မာပြည်ကို အင်္ဂါနေ့က သွားရောက်ခဲ့ပေမယ့် ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။သူ့ကို လေဆိပ်တာဝန်ကျ အရာရှိတွေက ရန်ကုန်လေဆိပ်ကနေ နေ့တွင်းချင်း ပြန်လည်ထွက်ခွာစေခဲ့တာဖြစ်တယ် လို့ အဲဒီနေ့မှာ သူနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသူတဦးက ဧရာဝတီကို ပြောပြပါတယ်။ဒီလို ပြန်ပို့ခံရတာဟာ ရော်ဂျာ အတွက် ဒုတိယအကြိမ် ဖြစ်ပါတယ်။ပထမအကြိမ်တုန်းက ရန်ကုန်မြို့ ဟိုတယ်တခုမှာ ရှိနေတုန်း အာဏာပိုင်တို့က သူ့ကို ခြေရာခံမိသွားတာပါ။
အဲဒီတုန်းက သူရန်ကုန်ရောက်ပြီး တပတ်အကြာ မတ်လ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေ သူ့ဆီ ရောက်သွားတာလို့ သိရပါတယ်။

မြန်မာပြည်အသွားမှာ ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ရတာမျိုး ကြုံတွေ့ရတဲ့ နိုင်ငံခြားသားတွေ အများအပြား ရှိပါတယ်။

သူတို့ဟာ ကမ္ဘာအရပ်ရပ် မြန်မာသံရုံးတွေကနေ ပြည်ဝင်ခွင့် (Visa) ရရှိပြီး မြန်မာပြည်ကို သွားကြတာပါ။ ရန်ကုန်လေဆိပ်ရောက်မှ တားဆီးခံကြရတာပါ။

ရော်ဂျာရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တို့ သဘောမကျတာတခုခု ရှိလို့ ပြန်ပို့ခံရတာလား၊ သူက အမည်ပျက်စာရင်းထဲ ပါနေလို့လား ဆိုတာကိုတော့ မသိရပါဘူး။

သုတေသီစာရေးဆရာ ရော်ဂျာဟာ လန်ဒန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ကမ္ဘာတ၀န်း ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ Christian Solidarity Worldwide မှာလည်း တာဝန်ရှိသူတဦး ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်အကြောင်း ရေးထားတဲ့ သူ့ရဲ့ စာအုပ်သစ်အမည်ကတော့ Burma: A Nation At The Crossroads ဖြစ်ပါတယ်။ မကြာခင် ဖြန့်မယ်လို့ ဆိုပါတယ်။





ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။