MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

တရားရှုံး တံခွန်တိုင်မြေကွက်နေ အိမ်ထောင်စုများ ဖယ်ရှားခံရဟုဆို

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့ နယ်အကွက် (၆) ရပ်ကွက် တောင်မြင့်သုသာန်အနီးရှိ တရားရှုံးတံခွန်တိုင်မြေကွက်တွင်နေထိုင်သည့်အိမ်ထောင်စုပိုင်အိမ်များ ဖျက်သိမ်းဖယ်ရှားခံရကြောင်း အဆိုပါဖျက်သိမ်းခံရသည့် အိမ်ထောင်စုဝင်များက The Voice Weekly သို့ ပြောကြားသည်။
လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်က မြေပိုင်ရှင် ဦးဘိုင်နှင့် ယင်းမြေကွက် နေအိမ်ထောင်စု များအကြား မြေယာပိုင်ဆိုင်ခွင့် အမှုရင်ဆိုင်မှုများ ရှိခဲ့ပြီး ဦးဘိုင်၏ကိုယ်စားလှယ် ဦးမျိုးမြင့် လက်ထက်တွင် မြေကွက်နေ အိမ်ထောင်စုများ တရားရှုံးသဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန် တရားရုံးမှ အိမ်ရာများ ဖျက်သိမ်း ဖယ်ရှားပေးရန် ဝရမ်းထုတ်ခဲ့ကြောင်း။ မေလ
၃ ရက်နေ့ နံနက် ၁၀ နာရီတွင် အလုပ်သမား ၄၀၀ ကျော်ဖြင့် အိမ်များကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း အဆိုပါ မြေကွက်နေ အိမ်ထောင်စုများထံမှ စုံစမ်း သိရှိရသည်။

''အိမ်ပိုင်ရှင် အတော်များများက အလုပ်သွား နေကြတာ။ ဘေးကလူတွေက အမြင်မတော်လို့ ပစ္စည်းတွေ ဝိုင်းကူထုတ် ပေးရတယ်။ ခဏလေး နေကြပါဦးလို့ နည်းမျိုးစုံနဲ့ တောင်းပန်တာလည်း အကြောင်းမထူးဘူး။ ကောင်လေးတစ်ယောက်ဆို သူ့အိမ်အဖျက်ခံရတာ ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားတယ်။ ကိုစိန်ညွန့်ဆိုတဲ့လူက သူ့အိမ်ကို မဖျက်ကြပါနဲ့ဆိုပြီး ဝင်တားတာ ရဲတွေက တစ်ခါတည်း ဖမ်းချုပ် ကားပေါ်တင်ပြီး စခန်းခေါ် သွားတာပဲ။ ဒါနဲ့ကျွန်မတို့လည်း အရမ်းကြောက်သွား တာပေါ့'' ဟု အဆိုပါ ရပ်ကွက်ရှိ မသူဇာက ပြောကြားသည်။

ယင်းအမှုကို ရင်ဆိုင်ရန်အတွက် အိမ်ထောင်စု ငါးစုက တရားရုံးစရိတ် ကျပ်သိန်း ခြောက်ရာခန့် ကုန်ကျခဲ့ပြီး အိမ်ပိုင်ဆိုင်ခွင့် လျှောက်ထားချိန်တွင် ကန့်ကွက်ခြင်း ခံခဲ့ရကြောင်း၊ အမှုရှုံးပြီးနောက် အသနားခံစာ တင်သွင်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း အဆိုပါ အမှုရင်ဆိုင်ခဲ့သူ အိမ်ပိုင်ရှင် ငါးဦးထံမှ သိရသည်။

တံခွန်တိုင် မြေကွက် အမှုရှုံးသဖြင့် ဖယ်ရှားခံရသော အိမ်ထောင်စု ၂၀ ရှိပြီး လူဦးရေ တစ်ရာ ဝန်းကျင်ခန့် ရှိကြောင်း၊အဆိုပါ အိမ်ထောင်စုများသည် ကျပန်းလုပ်ကိုင် စားသောက်သူများ ဖြစ်ပြီး အိမ်မြေနေရာ ဖယ်ရှားခြင်း အတွက် ခံစားခွင့် တစ်စုံတစ်ရာ ရရှိခြင်း မရှိကြောင်း၊ လက်ရှိ ယင်းမိသားစုဝင်များသည် လမ်းဘေးများ၌သာ ဖြစ်သလို နေထိုင်လျက် ရှိကြောင်း အဆိုပါ အိမ်ထောင်စုဝင်များက တညီတညွတ်တည်း ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ The Voice Weekly မှ ပြည်ကြီးတံခွန် တရားရုံး တရားသူကြီး ဦးစောမိုင်နာဖိုးသို့ မေးမြန်းရာ ဤအမှုနှင့် ပတ်သက်၍ မိမိတို့ တရားရုံးမှ စီရင်ချက်ချခြင်း မဟုတ်ဘဲ အထက်မှလာသော အမိန့်ကိုသာ အတည်ပြုပေးခြင်း ဖြစ်ကြောင်း၊ ဤအမှုနှင့် ပတ်သက်၍ ဝရမ်းကပ်ခြင်းစသည့် ဆောင်ရွက်သမျှသည် ဥပဒေနှင့် အညီသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အမှုအသေးစိတ်ကို အမှုနိုင်ထားသော တရားလိုများနှင့် ဆက်သွယ် မေးမြန်းသင့်ကြောင်း အကြံပြု ပြောကြားသည်။

လက်ရှိ ယင်းတံခွန်တိုင် မြေကွက်ကို ကျပ်သိန်းငါးသောင်းဖြင့် အရောင်းအဝယ် ပြုလုပ်ထားကြောင်း မြေနေရာ ဖယ်ရှားခံရသူများ ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါတံခွန်တိုင် မြေကွက်၏ မူလပိုင်ရှင်မှာ ဦးဘိုင်ဖြစ်ပြီး ယင်းမြေကွက်ကို ဦးအောင်သိန်း မိသားစုက ၁၉၆၂ ခုနှစ်တွင် နှုတ်ကတိဖြင့် ဝယ်ယူကာ သားစဉ်မြေးဆက် နေထိုင်ခဲ့ကြောင်း၊ လက်ရှိ နေထိုင်သူများသည် ဦးအောင်သိန်း မိသားစုများထံမှ စာချုပ်စာတမ်းဖြင့် တစ်ဆင့် ပြန်လည်ဝယ်ယူ နေထိုင်ခဲ့ရာ ဦးအောင်သိန်းသေဆုံးပြီးနောက် ၂၀၀၆ ခုနှစ်တွင် မူလပိုင်ရှင်ဦးဘိုင်က တံခွန်တိုင် မြေကွက်သည် ၄င်းပိုင်မြေဖြစ်ကြောင်း တရားစွဲဆို ခဲ့ကြောင်း၊ လက်ရှိ အဆိုပါ တံခွန်တိုင် မြေကွက် ပိုင်ဆိုင်ကြောင်း အမှုကို လက်လွှဲယူခဲ့သူ လက်ထက်တွင် အမှုရှုံးသဖြင့် နေအိမ်များ ဖယ်ရှားခံရခြင်း ဖြစ်ကြောင်း အဆိုပါအမှုကို ရင်ဆိုင်ခဲ့သူများထဲမှ အသက် ၅၀ အရွယ် ဦးကျော်မင်းက ပြောကြားသည်။


မန္တလေး . မေ ၇
Written by ဖိုးစမ်းချောင်း Wednesday, 23 May 2012 13:28
The Voice Weekly

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။