MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 13, 2012

မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများရှိ ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းများက သွားရောက် အကူအညီပေးနိုင်ရန် အမေရိကန်မှ တောင်းဆိုထား

မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒုက္ခသည် အမျိုးသမီးများနှင့် နေရပ် ရွှေ့ပြောင်းနေထိုင်ရသူများထံသို့ လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများမှ လိုအပ်သည့် အကူအညီများ သွားရောက်ပေးနိုင်ရန် တောင်းဆို ထားသည်ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့မှ အ မေရိကန်သံအမတ်ကြီး Melanne Verveer က အမေရိကန်သံရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ပါသည်။''မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ
 ဖြစ်ပွားနေတဲ့နေရာတွေက အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ကုလသမဂ္ဂနဲ့ တခြားလူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီနိုင်အောင် ကျွန်မတို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါမှ သူတို့တွေ လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်မှာပါ''ဟု
၎င်းက သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံသို့ မေလ ၆ ရက်နေ့မှ ၁၁ရက်နေ့အထိ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သလို  အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက် ကူညီပေးနိုင်ရန် ဆွေးနွေးထား . . .

ကချင်ပြည်နယ်သာမကဘဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက်ကူညီပေးနိုင်ရန် ဆွေးနွေးထားသည်ဟုလည်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရန်ပုံငွေကိစ္စများ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးကျန်းမာရေး မြှင့်တင်ရန်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့ ၏ လုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သူမသည် မြန်မာနိုင်ငံမှ ထွက်ခွာအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားမျိုးနွယ်စုများမှ အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရပါသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။