MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

ရန်ကုန် နည်းပညာတက္ကသိုလ်၌ အချိန်ပြည့် တက်ရောက်ရမည့် ဒီပလိုမာ သင်တန်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်



73311
အင်းစိန် (ကြို့ကုန်း)ရှိ ရန်ကုန် နည်းပညာတက္ကသိုလ်ကို တွေ့ရစဉ်
ရန်ကုန် နည်းပညာတက္ကသိုလ်ရှိ ဌာနခြောက်ခုမှ ဖွင့်လှစ်ပို့ချမည့် ဒီပလိုမာ သင်တန်းများအား လာမည့် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ယခုကဲ့သို့ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပို့ချမှုမှာ ဆယ်နှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသား ဦးရေအား အကန့်အသတ်မရှိ လက်ခံ
သင်ကြားပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
“အခု ၂၀၁၂-၂၀၁၃ပညာသင်နှစ်အတွက် ဖွင့်လှစ်ပို့ချမယ့် ဒီပလိုမာ သင်တန်းတွေကို ဇွန်လ ၁ ရက်နေ့ မှာစတင်ဖွင့်လှစ်မယ်။ ရေးဖြေ စာမေးပွဲတွေတော့ စစ်ပြီးပါပြီ။ မကြာခင်မှာ နှုတ်ဖြေစစ်ပြီး တက်ရောက်ရမယ့် သူတွေစာရင်းကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ ကျောင်းသားဦးရေကိုတော့ ကန့်သတ်မထားပါဘူး” ဟုလည်း ရန်ကုန်နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ရာ၌ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ၊ ဗိသုကာနှင့် အင်ဂျင်နီယာ ဘူမိဗေဒဘာသာရပ်များ အတွက် သင်တန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
“အခုဖွင့်လှစ်မယ့် ဒီပလိုမာ သင်တန်းတွေမှာ ဌာနခြောက်ခုက ဒီပလို မာ ၁၀ ခုလောက်ဖွင့်လှစ်မယ်။ ဒါက ဘွဲ့လက်မှတ်ပေးမှာပါ။ civil  က ခုနစ်ခု၊ mechanical က နှစ်ခု၊ ဗိသု ကာနှစ်ခုနဲ့ food technology စသဖြင့် ဖွင့်လှစ်မယ်။ food technology  အတွက် လာရောက်လျှောက် ထားတဲ့သူတွေထဲမှာ ဆရာဝန်တွေ လည်းပါတယ်။  သင်တန်းကို အချိန် ပြည့်တက်ရောက်ရမှာဖြစ်ပြီး သင် တန်းကာလ တစ်နှစ်ကြာမြင့်မယ်။ အောင်စာရင်းကို တစ်ခုက master တက်ရောက်ခွင့်ရသူတွေနဲ့ ရိုးရိုး ဒီပလိုမာရရှိသူတွေဆိုပြီး နှစ်ခုခွဲပြီး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ master တက်ရောက်ခွင့်ရသူတွေက နောက်ထပ် course တစ်နှစ်ထပ် တက်ပြီး thesis လုပ်ရမှာဖြစ်ပါတယ်”ဟုလည်း ရန်ကုန် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။








News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။