MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 13, 2012

ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး

2012-05-13
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက ချောင်းသာ
 ကျေးရွာသားတွေကို မနေ့က အစည်းအဝေး ခေါ်ယူပြီး အမိန့်ပေးခဲ့တာလို့ ရွာခံ ကိုမျိုးဦးက ပြောပါတယ်။ “ကျနော်တို့ ဒီ ဥက္ကဋ္ဌရယ် မြေစါရင်းဦးစီးရယ်၊ ဦးစီးမှူးရယ်၊ စခန်းက နယ်ထိန်းအင်ချက် တယောက်ပါတယ်ပေါ့။ ဒီမြေကြီးပေါ်မှာ လက်ရှိဝယ်နေတဲ့သူတွေကတဲ့ ဒီနိုင်ငံတော်က (၉၃)ခုနှစ်က နေပြီးတော့တဲ့ သိမ်းထားတဲ့မြေကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လုံးဝဖယ်လိုက်ပါလို့ သူတို့က ဒါမျိုးပြောတယ်။ အိမ်ခြေ (၂၅၀) အကျော်မှာ ရှိတယ်။ လူဦးရေ (၆၀၀)ကျော် (၇၀၀) ရှိတယ်။ ရက်ပေါင်း (၉၀) ၃လလို့ သူတို့က သတ်မှတ်ပေးတယ်။ အဲဒီသုံးလအတွင်းမှာ မဖျက်ဘူး ဆိုလို့ရှိရင်  ထောင်တစ်လ

 နို့တစ်ထုတ်တယ်။” ချောင်းသာရွာဒေသဟာ ၂၀၀၀ ပြည့်နှစ်တွေက ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်မြေစာရင်း ဦးစီးဌာနကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ချောင်းသာ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းကတော့ ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စ ရဲစခန်းက မသိကြောင်း ပြောပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။