MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

အာရှ အလင်းရောင်ကျောင်းတိုက် ပိုင်မြေတွင် ရှိသည့် ရေစစ်ကန်အား ဖြတ်ဖောက်လုပ်ထားသည့် ဂက်စ် ပိုက်လိုင်းကို မေလ၁၉ ရက်နေ့က တွေ့ရစဉ်။ (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။“အသိမ်းခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းနဲ့ ရွာသုံးရွာအတွက်
အဓိကရေပေးဝေနေတဲ့ ရေစစ်ကန် လည်း ပါသွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။
ကျောင်းပိုင်မြေကို ဖြတ်ကျော်၍ ဂက်စ်ပိုက်လိုင်း မဖောက်လုပ်မီ ပိုက်လိုင်းတာဝန်ခံများက ဆရာတော်အား လာရောက်လျှောက်ထားစဉ်က ကျောင်းတိုက်နှင့် ရွာများအတွက် အဓိက လိုအပ်သည့် ရေစစ်ကန်ကို ရှောင်ကွင်း၍ ဖောက်လုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သော်လည်း ဆရာတော် ခရီးသွားနေစဉ် ရေစစ်ကန်ကို မြေထိုးစက်ဖြင့်
ထိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်ဟု အောင်ချမ်းသာကျေးရွာမှ ဦးကျော်ရှိန်က ပြောသည်။ သိရသည်။

ရွာများနဲ့ ဘုန်းကြီးကျောင်းအတွက် အဓိကရေပေးဝေနေသော ရေစစ်ကန်ပျက်စီးသွားသည့် အတွက် ကျောင်းထိုင်ဆရာတော်သည် ဂက်စ်ပိုက်လိုင်းဖောက်လုပ်လျှက်ရှိသည့် တရုတ်ကုမ္စဏီအား ခေါ်ယူတွေ့ဆုံပြီး ရေလိုအပ်ချက်အတွက် ဆောင်ရွက်ပေးရန် ကတိစာချုပ်တစ်ရပ် ချုပ်ဆိုထားကြောင်းလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

“ကျောင်းနဲ့ ရွာတွေအတွက် အမြဲတမ်းရေရအောင်လုပ်ဖို့ ကတိစာချုပ်တစ်ခု တရုတ်ကုမ္စဏီနဲ့ချုပ်ဆို ထားတယ်။ ရေရအောင် လုပ်မပေးနိုင်ရင် ဂက်စ်ပိုက်လိုင်းကိုလည်း မချဖို့နဲ့ မြေမမြှုပ်ဖို့ ကတိတောင်း ထားပါတယ်”ဟု ကျောင်းထိုင်ဆရာတော်က ၀ိုင်ပီအိုင်သို့ မိန့်ကြားသည်။

ဂက်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့နေ တရုတ်လူမျိုးများပိုင်ဆိုင်သည့် ကြက်မွေးမြူရေးလုပ်ငန်း အဆောက်အဦးအချို့ကို ၀ယ်ယူရန် ကမ်းလှမ်းသည့်အခါ သိန်းသောင်းနှင့်ချီတောင်းခံသဖြင့် ယင်းနေရာကို ရှောင်ကွင်းကာ အနီးရှိ ဘုန်းတော်ကြီးကျောင်းပိုင် ရေစစ်ကန်အား ဖြတ်သန်းဖောက်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။     

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။