MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

ပေါင်းတည်မှာလည်း မီးမရလို့ ဆန္ဒပြ

ပဲခူးတိုင်းအနောက်ဖက်ခြမ်း ပေါင်းတည်မြို့မှာ လူဉီးရေ ၅၀၀ ခန့်ဟာ ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး မနေ့ ညက ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေ ကို ရဲ နဲ့ လုံခြုံရေး က စောင့်ကြည့်ပေမယ့် တစုံတရာ အနှောက် အယှက် မပေးကြပါဘူး။ဆန္ဒပြသူ တဦး က ဆန္ဒပြတဲ့ အထဲမှာ ပါဝင်ရခြင်း ကို ဘီဘီစီ ကိုရှင်းပြရာမှာ မီတာခ ကြီးမြင့်ပေမယ့် လျှပ်စစ်မီး မှန်မှန်မရတဲ့ အတွက်
ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပွဲ ထဲ လိုက်ပါ ရခြင်း ကို ပြောပါတယ်။

ဒီလို ဆန္ဒပြရုံ နဲ့ အထက်အာဏာပိုင်တွေ က လိုက်လျောမှု ပြုပါ့မလား ဆိုတါ နဲ့ ပတ်သက်ပြီး ပြောရာမှာတော့ နိုင်ငံတော် သမ္မတ က စလို့ အစိုးရ အာဏာပိုင်တွေ က ပြည်သူတွေ ရဲ့ အသံ ကို ကြားသိလိုပုံ၊ ပြည်သူ့လွှတ်တော်မှာ မိန့်ကြားခဲ့လို့ အခုလို အခြားမြို့ တွေမှာ ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပြသလို ပေါင်းတည် မှာ တဦးက စ ရာက နောက်က လူတွေ လိုက်ပါ လာပုံ ကို ရှင်းပြပါတယ်။

မြို့ခံတွေ က ငြိမ်းချမ်းစွာ ချီတက်ပြမှု ကို တနာရီကြာ လှည့်လည်ပြီး မြို့လည်ခေါင်၊ မန္တလေး ပေါင်းတည် လမ်းမကြီး တလျှောက်ဆန္ဒပြကြပုံ ကို မြို့ ခံ က ရှင်းပြပါတယ်။ ရန်ကုန်မြို့ မှာလည်း ဒုတိယမြောက် ည အနေ နဲ့ ဆူးလေ ဘုရားတဝိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြကြပါသေးတယ်။


BBC

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။