MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

တောင်း​ဆိုချက်များ​ မရမချင်း​ ဆက်လက်ဆန္ဒပြမည်

လုပ်အားခလစာ တိုး​မြှင့်​ပေး​ရေး​ ဆန္ဒပြမှု​နေတဲ့​ လှိုင်သာယာစက်မှုဇုန်က မြန်မာပုလဲ၊​ ဝိုင်​ကေ​အေ(YKA) အထည်ချုပ်စက်ရုံနဲ့​ ဟိုင်မို(Hi_M0) ဆံပင်တုစက်ရုံက အလုပ်သမား​တွေဟာ သူတို့​ ​တောင်း​ဆိုတဲ့​ လစာတိုး​မြှင့်​ရေး​ ​တောင်း​ဆိုမှုကို အလုပ်ရှင်က မလိုက်​လျော​ပေး​သေး​တဲ့​အတွက် ဆက်လက်ပြီး​ ဆန္ဒပြပါတယ်။

ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားများ

အလုပ်သမား​တွေ ဆက်ပြီး​ဆန္ဒပြ​နေလဲဆိုတာနဲ့​ ပတ်သက်ပြီး​ အလုပ်သမား​သမဂ္ဂနဲ့​ ညှိနှိုင်း​ရေး​ကော်မီတီက ကိုရဲနိုင်ဝင်း​ကို ​မေး​မြန်း​ထား​ပါတယ်။

လှိုင်သာယာစက်မှုဇုန်​တွေမှာ အခုလက်ရှိ ဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေက အလုပ်ရှင်နဲ့
အခုအချိန်အထိ အဆင်မ​ပြေ​သေး​ဘူး​လို့​ ကြား​ရလို့​လေ။

“ကျ​နော်တို့​ ​ရောက်ခဲ့​တဲ့​ အ​ခြေအ​နေအရဆိုရင် မြန်မာပုလဲအထည်ချုပ်စက်ရုံ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုက သ​ဘောတူညီမှု မရ​သေး​ဘူး​။ ဒီလိုပဲ YKA အထည်ချုပ်စက်ရုံ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုကလည်း​ သ​ဘောတူညီမှု မရ​သေး​ဘူး​။ ​နောက်တခုက HI-Mo ​ခေါ်တဲ့​ ဆံပင်တုစက်ရုံ အလုပ်သမား​တွေရဲ့​ ပြဿနာကလည်း​ မ​ပြေလည်​သေး​ဘူး​။ တဖက်က​တော့​ အလုပ်ရှင်​တွေက ဒီအလုပ်သမား​တွေ​တောင်း​တဲ့​ထဲက ရှား​ပါး​စရိတ် ၃ ​သောင်း​ကို ၁ ​သောင်း​ခွဲ​လောက်ပဲ ​ပေး​မယ်ဆိုပြီး​ သူတို့​သ​ဘောထား​ ထုတ်ပြန်ထား​တယ်။ ဒါ​တွေကို သူတို့​ မလိုက်နိုင်ဘူး​ တဖက်က လက်မခံနိုင်ဘူး​။ ၃ ရက်အတွင်း​မှာ အလုပ်ဆင်း​ရင်ဆင်း​ မဆင်း​လို့​ရှိရင် ကိုယ့်​သ​ဘောနဲ့​ကိုယ် နုတ်ထွက်တယ်လို့​ ယူဆမယ်ဆိုတဲ့​ အဲဒီ စက်ရုံ​တွေရဲ့​ ​ရှေ့​မျက်နှာစာ​တွေမှာ စာကပ်ထား​တာ ​တွေ့​ရတယ်။ အ​ခြေအ​နေ​တွေက ဒီ​နေ့​အထိ​တော့​ ​ဖြေရှင်း​နိုင်တဲ့​ အ​ခြေအ​နေ မရှိ​သေး​ဘူး​ခင်ဗျ။”

အလုပ်သမား​တွေက ဆက်လက်ပြီး​တော့​ ဆန္ဒပြ​နေတုန်း​ပဲလား​။

“ဟုတ်တယ် အလုပ်သမား​တွေရဲ့​ သ​ဘောက​တော့​ သူတို့​က ဒီမှာ ဖြစ်​နေတာက အလုပ်သမား​တွေက ၃ ​သောင်း​တောင်း​တယ်၊​ အလုပ်ရှင်က ၁ ​သောင်း​ခွဲ​ပေး​တယ်။ ​ပေး​တဲ့​နေရာမှာ အလုပ်ရှင်က အလုပ်သမား​တွေက ရှား​ပါး​စရိတ်အ​နေနဲ့​တောင်း​တယ် အ​ခြေခံလစာထဲကို ထည့်​ပြီး​တောင်း​တယ်။ အလုပ်ရှင်​တွေက ​ပေး​တာက အ​ခြေခံလစာထဲကို ထည့်​ပေး​တာ မဟုတ်ဘူး​။ အလုပ်ရှင်​တွေက အချိန်မ​ရွေး​လိုအပ်ရင် လိုအပ်သလို ဖြုတ်ထုတ်လို့​ ရတယ် ရက်မြပတ်​ကြေး​တို့​၊​ ဆု​ကြေး​တို့​၊​ တာဝန်ယူ​ကြေး​တို့​ထဲမှာ ခွဲ​ဝြေပီး​တော့​ ဖြန့်​ထည့်​ပေး​တာ။ အဓိကက အလုပ်သမား​တွေက အဒါကို မ​ကျေနပ်တာ။ အဲဒီ​တော့​ ဒါ​တွေက အခုဆက်လက်တင်း​မာတယ်။ အလုပ်သမား​တွေက​တော့​ သူတို့​တောင်း​ဆိုချက်​တွေ မရမချင်း​ ဆက်လက်ဆန္ဒပြ​တောင်း​ဆိုသွား​မယ်လို့​ သူတို့​ပြော​နေကြတယ်။”

အလုပ်ရှင်ဘက်က အလုပ်ဖြုတ်လိုက်ရင်​ရော သူတို့​အ​နေနဲ့​က စား​ဝတ်​နေ​ရေး​ အတွက် နစ်နာမှု မရှိနိုင်ဘူး​လား​။

“တကယ်တမ်း​ကျ​တော့​ အလုပ်ရှင်က အလုပ်သမား​တွေကို အလုပ်ထုတ်လို့​ မရပါဘူး​ခင်ဗျ ဥပ​ဒေအရ။ ဒီအလုပ်သမား​တွေနဲ့​ ဖြစ်​နေတဲ့​ကိစ္စမှာ အလုပ်ရှင်နဲ့​ ညှိနှိုင်း​ဖြေရှင်း​လို့​ မရဘူး​ဆိုရင် အလုပ်ရှင်က ဒီလုပ်ငန်း​ကို ပိတ်လို့​ပဲ ရပါတယ်။ အလုပ်သမား​ကို အလုပ်ထုတ်လို့​ မရပါဘူး​။”

ထုတ်လို့​မရဘူး​ဆိုတာ ဥပ​ဒေအရ ဘယ်လိုအကာအကွယ် ​ပေး​ထား​ပါသလဲ။

“အဓိကက​တော့​ ဒီမှာ အလုပ်သမား​အဖွဲ့​အစည်း​များ​ ဖွဲ့​စည်း​ခြင်း​ဥပ​ဒေအရ မရပါဘူး​။ အလုပ်ရှင်အလုပ်သမား​ ပြဿနာဖြစ်လာရင် နှစ်ဖက်ညှိုနှိုင်း​ဖြေရှင်း​မယ်၊​ ​ဖြေရှင်း​လို့​မှ မရဘူး​ဆိုရင် အလုပ်သမား​တွေဘက်ကလည်း​ ဆန္ဒပြ​တောင်း​ဆိုပိုင်း​ခွင့်​ ရှိတယ်​ပေါ့​။ အလုပ်ရှင်ကလည်း​ မလိုက်​လျောနိုင်ဘူး​ဆိုရင် အလုပ်ကို ယာယီပိတ်ထား​လို့​ ရတယ်။ ဒါ ဥပ​ဒေအရ​ပေါ့​။ ဒါ​ကြောင့်​မို့​ အလုပ်သမား​တွေကို ထုတ်လို့​ရတယ်ဆိုတဲ့​ ဥပ​ဒေမှာ ပြထား​တာ မ​တွေ့​ရပါဘူး​။ ဒါ​ကြောင့်​မို့​ ထုတ်လို့​ မရဘူး​လို့​ ကျ​နော်တို့​ ​ပြောတာပါ။ အခု ဆန္ဒပြ​နေတာက​တော့​ မြန်မာပုလဲ အထည်ချုပ်စက်ရုံ၊​ YKA က မ​နေ့​ကစြဖစ်တာ ​နေ့​အထိ ဖြစ်​နေတုန်း​ပါပဲ။ HI-Mo ကိစ္စက အလုပ်ရှင်ဘက်က သ​ဘောတူထား​ပြီး​မှ မလိုက်​လျော​သေး​တဲ့​အတွက် အလုပ်သမား​တွေက ဆက်လက် ​တောင်း​ဆို​နေတာပါ။ အဲဒီမှာ အဓိက ကျ​နော် နည်း​နည်း​ပြောချင်တာက HI-Mo ကိစ္စမှာဆိုရင် ညွှန်ကြား​ရေး​မှူး​ချုပ်နဲ့​အတူ ညှိနှိုင်း​သ​ဘောတူထား​ပြီး​ လက်မှတ် ထိုး​ထား​ပြီး​သား​ကို အလုပ်ရှင်ဘက်က ပထမက လက်ခံတယ်။ ​နောက်​တော့​ လက်မခံဘူး​ ​ပြောတယ်။ ဒီကိစ္စမှာ​တော့​ အလုပ်သမား​တွေက ဆက်လက် ​တောင်း​ဆိုရမှာ မဟုတ်​တော့​ဘဲနဲ့​ ညွှန်ကြား​ရေး​မှူး​ချုပ်ကိုယ်တိုင် ဒီကိစ္စကို ဥပ​ဒေလမ်း​ကြောင်း​အတိုင်း​ ဆက်​ဖြေရှင်း​သွား​ရမှာ ဖြစ်ပါတယ်။”

DVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။