MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

ခရမ်းမြို့နယ်ရှိ သာသနာပိုင်မြေတွင် ပြန်ကြားရေးရုံးတည်ဆောက်မှုအား အစ္စလာမ်လူမျိုးများ မကျေနပ်



ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း မြန်မာ-မွတ်စလင်အကျိုးတော်ဆောင်များထံက သိရှိရသည်။
“ရုံးခန်းကို (၁၄)ရက်နေ့ ကတည်းက လာဆောက်နေတာ။ ဒီမြေကို စည်းမျဉ်းနဲ့ ကန့်သတ်ပေးထားပြီဆိုရင် ဘုရားမြေဖြစ်တယ်။ အခွန်ကင်းလွတ်တယ်။ အဲ့ဒီ နေရာမှာလည်း ဘယ်သူမှ ဘာမှလာ ဆောက်လို့ မရဘူး။ ကျွန်တော်တို့အနေနဲ့ မြို့နယ်စည်ပင်ကိုလည်း အကြောင်းကြားတယ်။ ခရိုင်ရုံးတွေ၊အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားထားပါတယ်”ဟု မြန်မာ
မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ ကိုရဲဝင်းကပြောသည်။
 
အဆိုပါ မြေနေရာသည် ဧက(၀.၄၄) ကျယ်ဝန်းပြီး-၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် စည်ပင်သာယာရေး ကော်မတီမှ ချုံနွယ်များရှင်းလင်းကာ ရေမြောင်းများတူးဖော်၍ ခြံစည်းရိုးခတ်ခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်တို့ကို မြို့နယ်စည်ပင်က သာသနာပိုင်မြေ ဖစ်တယ်။ ခြံစည်းရိုးခတ်လို့ ပြောတယ်။ သွားခတ်တော့  မြို့နယ်က ကျနော်တို့ကို လာတားတယ် ခြံစည်းခတ်လို့ မရဘူးလို့ပြောတယ်။ အဲဒီကနေ အဆင်ဆင့် တားမြစ်တယ်။ ဘာကြောင့်လဲလို့မေးတော့ ဘာမှမဖြေဘူး။” ဟု မြန်မာ မွတ်စလင်အကျိုးတော်ဆောင်အဖွဲ့မှ ကိုသန်းထိုက်အောင်က ပြောသည်။
 
အဆိုပါ သာသနာပိုင်မြေပေါ်သို့ လာရောက်၍ ရုံးခန်းဖွင့်လှစ်ခြင်းအား မပြုလုပ်ရန် မြန်မာ မွတ်စလင် အကျိုး တော်ဆောင်များအသင်းမှ နိုင်ငံတော်သမ္မတထံနှင့် နေပြည်တော်ရှိ ၀န်ကြီးဋ္ဌာနများသို့ စာ တင်ထားကြောင်းကိုလည်း သိရှိရသည်။
 
“ကျွန်တော်က ဒီကိုပြောင်းလာတာ သိပ်မကြာသေးပါဘူး။ အကျိုးအကြောင်းကို စုံစမ်းပြီးတော့ အထက်ကို တင်ပြပေးပါမယ်။ ချက်ချင်းကြီး မဖြေရှင်းပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။”ဟု ခရမ်းမြို့နယ်အုပ်ချုပ်ရေးမူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
အဆိုပါ မြေနေရာသည်အား ၁၉၉ရခုနှစ်တွင်  ဦးအလီက မဟာဗေဒင်သာသနာမြေအဖြစ် လျှောက်ထားခဲ့ကြောင်း စာချုပ်ပါအချက်အလတ်များအရ သိရှိရသည်။


မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။