MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

ရွှေလောင်းမြို့ နှင့် ကျုံမငေးမြို ကျောင်းသားသမဂ္ဂများကို အာဏာပိုင်များမှ ဖိအားပေးခြိမ်းခြောက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်၏ မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ် ရွှေလောင်းမြို့  ကျောင်းသားများ သမဂ္ဂနှင့် ကျုံမငေးမြို့  ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား/သူများကို မြို့ နယ်အာဏာပိုင်များ မှ ဖိအားပေး ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။ ထိုမြို့ နှစ်မြို့ မှ ကျောင်းသား/သူများအား မြို့ နယ်ရဲတပ်ဖွဲ့ နှင့် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ သမဂ္ဂ၀င်ကျောင်းသား/သူများ၏ အမည်စာရင်းကို ခေါ်ယူမေးမြန်းခြင်း သမဂ္ဂ၀င်ကျောင်းသား/သူများ၏ နေရပ်လိပ်စာ၊ မိဘအလုပ်အကိုင်၊ တက်ရောက်လျှက်ရှိသော မေဂျာနှင့် တက္ကသိုလ်တို့အား အကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ် ၊သန်းခေါင်စာရင်းတို့အား
မိတ္တူကူးယူသွားခြင်း ကျောင်းသား/သူများ၏ မိဘများအား ၄င်းတို့ ၏သား/သမီးများ ကျောင်းသားသမဂ္ဂသို့ဝင်ရောက်ပါက အန္တာရာယ် ရှိနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခြင်းများ ပြုလုပ်နေကြောင်း ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂမှ ကျောင်း သား တစ်ဦးက ပြောကြားခဲ့သည်။
၁.၅.၂၀၁၂(အင်္ဂါနေ့ ) ည(၁၂း၁၀)အချိန်တွင် ကျုံမငေးမြို့ ရဲစခန်းမှ ယာယီဂါတ်စာရေး နယ်ထိန်း အောင်နိုင်ဦးနှင့် ရဲတပ်သားတစ်ဦး အပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ကင်းသမားများ ပါဝင်သောအဖွဲ့  သည် ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး မအိအိအောင် (ပုသိမ်အဝေးသင်တက္ကသိုလ်) ၏နေအိမ်သို့ရောက်ရှိလာပြီး မအိအိအောင် ၏မှတ်ပုံတင်အမှတ် မိဘများ၏မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ သန်းခေါင်စာရင်းအား လာရောက်မေးမြန်း ယူဆောင်သွားခဲ့ကြသည်။ ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ ကျောင်း သား/သူများ၏ နေအိမ်များသို့ အလားတူ လာရောက်မေးမြန်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ် သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီမှ တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် မှ ကျုံမငေးမြို့  ရဲစခန်း(ဖုန်းနံပါတ် ၀၄၂၆၅၃၂၀)သို့ ဆက်သွယ်မေး မြန်းခဲ့ရာ “တာဝန်မှူးမလာ သေး၍…..မပြောကြားနိုင်ကြောင်း” ပြန်လည်ဖြေဆိုခဲ့သည်။ ထို့ပြင်ရွှေလောင်းမြို့  ကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူများကိုလည်း မြို့ နယ်အုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ ၀င်များမှ သမဂ္ဂ၀င် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တောင်းယူပြီး မည်သည့်ရည်ရွယ်ချက်ကြောင့် ဖွဲ့ စည်း ရခြင်းဖြစ် ကြောင်း ဖိအားပေးဖြေဆိုခိုင်းခြင်း၊ ကျောင်းသား/သူများ၏ မိဘများကိုလည်း ၄င်းတို့၏ သား/သမီး များကို သမဂ္ဂမှနှုတ်ထွက်ခိုင်းရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးကော်မတီမှ ကိုစိုးပြည့်စုံ ၏မိဘများကို ၄င်းမရှိခိုက် လာရောက်ပြီး ကိုစိုးပြည့်စုံမှ ကျောင်းသားများ သမဂ္ဂ အလုပ်များကို ဆက်လက်လုပ်ဆောင်နေပါက မိဘများ၏အလုပ်များကိုပါ ထိခိုက်နိုင်ကြောင်း လာရောက် ပြောကြား ခဲ့သည်။

Burma VJ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။