MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

အနုပညာသမား ဆိုတာ အမြဲတမ်း မျက်စိဖွင့်နားစွင့်နေရမယ် ကျော်ကျော်ဗို

ဂန္ထဝင်ဂီတစာဆိုစည်သူဗိုလ်ကလေး တင့်အောင်ရဲ့ နှစ်၉ဝပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုတေး သရုပ်ဖော်နဲ့ ဂီတပဒေသာပွဲမှာ ‘မွှေးလွန်းသည့်ပန်း’ နဲ့ ‘ရေခပ်ဆင်းချိန်’ ဆိုတဲ့ တေးသီချင်းနှစ်ပုဒ်ကို တေးသရုပ်ဖော် အဖြစ် သရုပ်ဆောင်ပေးခဲ့တဲ့ ကျော်ကျော်ဗိုက အခုလိုနှစ်၉ဝပြည့် ဘဘ ဗိုလ်ကလေးတင့်အောင် လို အနုပညာရှင်ကြီး တစ်ဦးကို အနုပညာနဲ့ ဂါရဝပြုရတာဖြစ်တဲ့အကြောင်းကို..
”ဘဘလို အနုပညာသည်ကြီးကို အစ်ကို တို့က ဘဘရဲ့သမိုင်းမှာ ဘဘဖန်တီးခဲ့တဲ့ အနုပညာတွေကို
လက်ဆင့် ကမ်းပြီးတော့ ဖော်ထုတ်ကြတာပေါ့” လို့ပြောတဲ့ ကျော် ကျော်ဗိုက တိုင်းပြည် တစ်ပြည်မှာ လူမျိုးဆိုတာ ရှိတဲ့အတွက် ရိုးရာရှိကြောင်း၊ အဲဒီရိုးရာ ယဉ်ကျေးမှု ဆိုတာ ရှိတဲ့အတွက် မြန်မာသံစဉ် တွေ ဆိုတာက မြန်မာတွေရဲ့ ရိုးရာ အနုပညာ တစ်ခုလို့ အနုပညာသရုပ်ဆောင် တစ်ယောက် အနေနဲ့မြင်မိကြောင်း ပြောပါတယ်။ မြန်မာ သံစဉ်ဂီတရဲ့ မျိုးဆက်သစ် ပြန့်ပွားမှု အပေါ် ကိုလည်းပြောပြ တာကတော့ ”တချို့ဆိုရင် တကယ်ကို ခေတ်လူငယ်တွေ ဖြစ်ပေမယ့် လည်း မြန်မာသံစဉ်ကို ဝါသနာပါတဲ့ လူငယ် လေးတွေ ရှိနေပါတယ်။ ဒါဟာကောင်းသော လက္ခဏာ တွေပါ။ ရိုးရာရှိသလို၊ လူမျိုးရှိရမှာ ပါပဲ။ လူမျိုးရှိသလို၊ ယဉ်ကျေးမှု ဆိုတာလည်း ရှိရပါလိမ့်မယ်။ အဲဒီလိုနဲ့ပဲ အဆင့်ဆင့် လက်ဆင့်ကမ်း သွားကြရမှာပါပဲ” လို့ မြန်မာ သံစဉ် လက်ဆင့်ကမ်း ပေါ်ထွန်းလာနေတဲ့ အပေါ်အမြင်ကို ပြောပြလာတဲ့ ကျော်ကျော်ဗို က အနုပညာရှင် သရုပ်ဆောင် တစ်ယောက် အနေနဲ့ ပတ်ဝန်းကျင်မှာ တွေ့နေရ တဲ့ အရာတွေကို အမြဲတမ်း လေ့လာပြီး အချိန်နဲ့မလပ် မျက်စိဖွင့် နားစွင့်ကာ လေ့လာနိုင်သရွေ့ ဝမ်းစာတွေ ရှိနေကြောင်း ပြောပါတယ်။ ”ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လေ့လာ ဖို့ အရာတွေကို တစ်ခါ တလေမှ လေ့လာရမှာ မဟုတ်ပါဘူး။
လေ့လာနိုင်လေကိုယ့် အတွက် ဝမ်းစာ တွေဆိုတာ ရှိနေ တာပါ။ အဲဒီတော့ တစ်ခါတလေမှ မဟုတ်ပါဘူး။ အမြဲတမ်း လိုလို သတိလေးကပ် ထားရတယ်။ အဲဒီလို သတိကပ် ထားရတယ် ဆိုတာကလည်း ပတ်ဝန်းကျင် ဆိုတာ ကိုယ့် အတွက် သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ တွေချည်းပါ”လို့ ပြောပါတယ်။ သရုပ်ဆောင်တစ် ယောက် အနေနဲ့ ပတ်ဝန်းကျင် ကပေးတဲ့ လေ့လာသင်ယူအား ဘယ်လောက် အထိ ရှိနေတယ်   ဆိုတာကိုတော့ ”သရုပ်ဆောင်တစ်ယောက် အနေနဲ့ပြောရမယ် ဆိုရင်တော့၁ဝဝ ရာခိုင်နှုန်း သက်ရောက်မှု ရှိတာပေါ့။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်ရတယ် ဆိုတဲ့ အနေအထားက တခြားဘဝတွေကို ဝင်ရောက် ခံစားပြီးတော့ လုပ်ပြရတာ ဆိုတော့ အဲဒီ အပေါ်မှာ လေ့လာ မှုအားကောင်းဖို့ လိုတယ်”လို့ ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးတဲ့အခါ ပရိသတ်အတွက် အဓိကထား စဉ်းစားကာ ပရိသတ်အတွက် ဖျော်ဖြေမှု ကောင်းပြီး ပညာပေးမှုလေးလည်း ပါရမှာဖြစ်တဲ့ ၂ချက်အပေါ်မှာ ဇာတ်ကို ရွေးချယ်ဖြစ်ကြောင်း၊ ပရိသတ်တွေ အတွက် အမြဲတမ်း အသွင်မတူတဲ့ ဖန်တီးမှုတွေ ဖြစ်နေ ဖို့က အနုပညာ သမားတွေရဲ့ တာဝန်ဖြစ် ကြောင်း ပြောပြခဲ့ပါတယ်။
ထက်လူလူ


popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။