MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ

2012-05-14
အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အလှည့်ကျအစည်းအဝေးကို လာမယ့်ဇွန်လ ပထမအပတ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိကြောင်း သိရပါတယ်။
အာဆီယံ လူ့အခွင့်အရေးကော်မရှင်က မူကြမ်းရေးဆွဲနေတဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို အချောသတ် အတည်ပြုနိုင်ရေးအတွက် ဇွန်လ(၃) ရက်ကနေ (၆) ရက်ကြား ရန်ကုန်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။အဓမ္မ မြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေပြီး အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း ရေးဆွဲရေးမှာ မြန်မာပြည်သူတွေ ပါဝင်ခွင့် မရနိုင်သေးတာကြောင့် ခုလိုကာလအတွင်း မြန်မာနိုင်ငံမှာ ဒီလို အာဆီယံအစည်းအဝေးတွေ
ကျင်းပဖို့စောသေးကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ထောက်ပြ ပြောဆိုပါတယ်။"ဒီဇွန်မှာ ကျင်းပမည့် ဒီ AICHR ရဲ့
 အစည်းအဝေးက နည်းနည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု သူတို့ရေးဆွဲနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အတည်ပြုဖို့ရှိတယ်။ အဲဒီ အတည်မပြုခင်မှာ လူထုအဖွဲ့အစည်း အသီးသီးနဲ့ သူတို့တွေ့ဆုံဖို့အတွက် ပြင်ဆင်နေတယ်။ အဲဒီလို ပြင်ဆင်တဲ့အချိန်မျိုးမှာ ဒီလူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တဲ့ အနေအထားမျိုး အခုလို မြန်မာနိုင်ငံ အခြေအနေမှာ အခုချိန်အထိ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ သဘောမျိုး မရှိသေးဘူး။ ပြောဆိုမဲ့သူတွေ သွားလာဖို့ အတွက် ဗီဇာကိစ္စ လွယ်ကူဖို့အတွက် အဲဒီလိုဖြစ်နိုင်မဲ့ အနေအထားမျိုး မရှိသေးဘူး။ လူ့အခွင့်အရေးကိစ္စတွေကို အရှေ့တောင်အာရှဒေသ တစ်ခုလုံးနဲ့ ယှဉ်ပြီး ပြောဆိုနိုင်ဖို့ အခြေအနေက အခုထက်ထိ မရှိသေးဘူး"
ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ပေါ်ပေါက်လာတယ် ဆိုပေမယ့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်နေကြပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာပါ။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

တင်ပြချက်နားဆင်ရန်။
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။