MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက်



Green Elephant စားသောက်ဆိုင်တွင် ပြုလုပ်သည့်
ကွန်ရက်ဖွဲ့စည်းရေး အစီအစဉ်သို့ တက်ရောက်လာကြသော အထက်မြန်မာပြည် သတင်းသမားများ

အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက် အဖွဲ့ (Upper Myanmar Journalist Network) ကို စနေနေ့က ဖွဲ့စည်းလိုက်ကြသည်။တက်ရောက်လာသူ ၄၈ ဦးက အမှုဆောင် ကော်မတီ ၉ ဦးကို ဆန္ဒမဲပေးပြီး ရွေးချယ်ကြရာ ဥက္ကဋ္ဌတာဝန်ကို ကိုအောင်ရှင်(မြန်မာတိုင်းမ်) က ၁၈ မဲ ဖြင့် ရရှိခဲ့ပြီး အတွင်းရေးမှုးနေရာကို ကိုထွန်းဝင်း (ရွှေမန္တလေး) က ၈မဲ ဖြင့် ရရှိသွားသည်။ယခင် Myanmar Journalist

Network Mandalay (MJNMandalay) ကို ယခု ကဲ့သို့ ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။"MJNMandalay ဘ၀တုန်းက ရန်ကုန် MJN တွေနဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်ခဲ့တယ်။ အခု ဒီအသင်းအဖွဲ့ကို ပိုမို ကျယ်ပြန့်ချင်တယ်။
ဒါ့ကြောင့် အထက်မြန်မာပြည်ဘက်က လူတွေ သတင်းသမားတွေ စုစည်းပြီး ဒီအသင်းလေးကို နာမည်ပြောင်းဖွဲ့လိုက်တာပါ။
အထက်မြန်မာပြည် ဆိုတာလေးကို သီးသန့် ပါစေချင်လို့ပါ" ဟု အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသော ကိုအောင်ရှင်က ပြောသည်။

"လောလောဆယ် ဒီအဖွဲ့ဝင်တွေ များလာအောင် ကျွန်တော်တို့ အရင်လုပ်မယ်။ ပြီးတော့ သတင်းတွေနဲ့ ချိတ်ဆက်ပြီး သတင်းစာနဲ့ ဆိုင်တဲ့ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်သွားမယ်။
ပြီးတော့ ကွန်ရက်အဖွဲ့ဝင်ထားတဲ့လူတွေရဲ့ သာယာရေး ၊ နာရေးတွေကို ထောက်ပံ့ကူညီသွားမယ်။ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ အခက်ခဲဖြစ်ခဲ့ရင်လည်း တာဝန်ယူဖြေရှင်းပေးသွားပါ့မယ်။
သူတို့ဘက်က ဒီအသင်းဖွဲ့က ရပ်တည်ပေးသွားပါ့မယ်" ဟု ၎င်းက ဆက်ပြောသည်။

လာမည့်နှစ်များတွင် အဖွဲ့အတွက် အသင်းမှတ်ပုံတင်ခြင်း လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ပြီး လတ်တလောတွင် ကွန်ရက်အဆင့်သာဖြင့် ရပ်တည်သွားမည်ဟု သိရသည်။

ဆရာညီပုလေးနှင့် ဆရာ သင့်နော်က ဆန္ဒမဲများကို ရေတွက်ပေးနေစဉ်






ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။