MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 29, 2012

ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ရက်ရွေ့ဆိုင်း

2012-05-28
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၃၀ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ စီးပွားရေးညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။
MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့်
သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ်အတိုင်း ဒီညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် သမ္မတ ဦးသိန်းစိန်ဟာ အရင်သတ်မှတ်ခဲ့တဲ့ ရက်အစား ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာသာ တက်ရောက်မယ်လို့ ဆုံးဖြတ်ကြောင်းသိရပါတယ်။
ဘန်ကောက်မြို့မှာ ကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်ဟာ မူလက လာမယ့် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့အနာဂတ်ရေးရာနဲ့ ပတ်သက်လို့ မိန့်ခွန်းတစ်ခု ပြောကြားဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒီညီလာခံကို တက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ်အတိုင်း မနက်ဖြန်ည ၉ နာရီမှာ ထိုင်းလေကြောင်းလိုင်းနဲ့ ဘန်ကောက်မြို့ကို ရောက်ရှိမှာ ဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိနေစဉ်အတွင်း ကမ္ဘာ့စီးပွားရေးညီလာခံ တည်ထောင်သူ Klaus Schwab နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး “အာရှမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာလည်း စကားပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ အလုပ်သမား အများအပြားနေထိုင်ကြတဲ့ မဟာချိုင်ဒေသနဲ့ ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းအပြင် တခြားစခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံက ပြန်ပြီးမှ သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံကို သွားရောက်ပြီး ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ တော်တော်လေး ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ခေါင်းဆောင် ၂ ဦး ထိုင်းနိုင်ငံကို ပြိုင်တူမသွားပဲ တလှည့်စီသွားတာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့ထက် ပိုမိုအာရုံစိုက်ကြမှာကို သမ္မတကြီးက ထည့်တွက်ချက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။
မခက်မာရဲ့ စုစည်းတင်ပြချက်ကို နားဆင်ပါ။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။