MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသအား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ် ပြုပြင်တည်ဆောက်မည်


73313
ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း Inland Port Terminal များအဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များ အရ သိရှိရသည်။သို့ဖြစ်၍ ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တစ်ဖက်ကမ်းရှိ ခရီးသွားများ သွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည် စီးဆင်းမှုချောမွေ့စေရေး အတွက် မြစ်ဝကျွန်းပေါ်နှင့်
အညာဒေသသွား ရေယာဉ်များ၊ ကူးတို့ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှရေယာဉ်များ၊ ကမ်းရိုးတန်းသွားစက်လှေ အသင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန်တံတားနေရာများအဖြစ် ဆက်လက်ထားရှိမည်ဖြစ်သည်ဟု သိရ သည်။
“အခုရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းကနေ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်ခုလုံးက ဆိပ် ခံတံတားတွေကို ဖျက်သိမ်းသွားမှာ မဟုတ်ပါဘူး။ ခေတ်မီလှပတဲ့ အဆောက်အဦတွေ ပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း တည်ဆောက်သွားမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နေသည့် ဆိပ်ခံတံတားကြီးများတွင် အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအမှတ် ၁ မှ ၇ အထိ၊ ဗိုလ်အောင်ကျော် ၁-၂-၃ ဆိပ်ခံတံတားကြီးများမှာ D.W.T(Dead Weight Tonnage) ၁၅၀၀၊ အလျား ၁၆၇မီ တာ၊ ရေစူး ကိုးမီတာရှိ သင်္ဘောကြီးများ ၀င် ထွက်ဆိုက်ကပ်နိုင်ရန်နှင့် သီလ၀ါရှိ MIP, MITT ဆိပ်ခံတံတားများမှ D.W.T ၂၀၀၀၀၊ အလျား ၂၀၀ မီတာ၊ ရေစူးကိုးမီတာရှိ သင်္ဘောကြီးများ ၀င်ထွက်ဆိုက်ကပ်နိုင်ရန် အတွက်သာ ဒီဇိုင်းရေးဆွဲတည်ဆောက် ထားခြင်းဖြစ်သည်။
ထို့ကြောင့်လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်း၌ တန်ချိန်ပိုမိုများ ပြားသော သင်္ဘောကြီးများ ၀င် ထွက်သွားလာနိုင်ရန်နှင့် ရန်ကုန်  ဆိပ်ကမ်းကို ခေတ်မီနိုင်ငံတကာ အဆင့်သင်္ဘောဆိပ်ကမ်းကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ရန် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လျာထားချက်ကို ရေးဆွဲခဲ့ပြီး ဏသမအ Port Master Plan ဖြင့် အကောင်အထည် ဖော်သွားမည်ဟု သိရသည်။ 








News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။